Sunday, January 26, 2020

မုံရွာတွင် ဓားထောက်လုယက်သော လူငယ်တစ်စု ထပ်မံ ဖမ်းမိ

Image may contain: 2 people, people sittingImage may contain: 2 people, people sitting
မုံရွာမြို့ပေါ် တွင် ညအချိန် ဓားထောက်လုယက်မှု ကျူးလွန်နေသော လူငယ်တစ်စု အား ယနေ့နံနက်ပိုင်းတွင် ထပ်မံဖမ်းမိခဲ့သည်။

၎င်းတို့သည် ကန်သာယာပတ်လမ်း၊ ကျောက္ကာလမ်းအုတ်ကန်တောရကျောင်းအနီး၊ စက်မှုဇုန် ကောင်းကောင်းစားသောက်ဆိုင်အနီး၊ နန္ဒဝန်ရပ်ကွက် ဂန့်ဂေါကျောင်းအနီးတို့တွင် စုံတွဲများနှင့် လူအချို့ထံမှ ဖုန်း၊ ဆိုင်ကယ်နှင့်ငွေအချို့ကို လုယက်မှု ကျူးလွန်ခဲ့ကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက်အရ ပေါ်ပေါက်ခဲ့သည်။
လုယက်မှုကျူးလွန်သည့် လူငယ်များမှာ ထန်းတောရပ်ကွက် အောင်ရတနာနယ်မြေမှ ၄ ဦး၊ မြဝတီနှင့်နန္ဒဝန်ရပ်ကွက်တို့မှ ၁ဦးစီ စုစုပေါင်း ၆ ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
"လောလောဆယ် စစ်ချက်အရ ၁၁ မှုမှာ ဖုန်း၁၂ လုံး၊ ဆိုင်ကယ်တစ်စီး၊ ပိုက်ဆံအိတ်တွေနဲ့ ငွေတစ်သိန်းကျော်လုခဲ့တယ်လို့ ပေါ်‌ပေါက်တယ်။ ထပ်စစ်ရဦးမှာ" ဟု မုံရွာခရိုင်မှုခင်းနှိမ်နင်းရေးခေါင်းဆောင် ရဲအုပ် ညိုသက်ဝင်းက ပြောသည်။
လုယက်မှု ကျူးလွန်ခံခဲ့ရသူများသည် ၎င်းတို့လုယက်ခံခဲ့ရမှုများကို လူမှုကွန်ယက်တွင် ဖွင့်ဟ အသိပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
" ကျွန်တော်တို့ နှစ်ယောက်အပေါ့စွန့်နေတုန်း လူ ၄ယောက်ရောက်လာတယ်၊ ဆိုင်ကယ်သော့တောင်းပြီး ဖုန်းတောင်းတယ်၊ဖုန်း lock ဖြေခိုင်းတယ်၊ ကျွန်တော့်ကို တစ်ချက်ထိုးတယ်၊ ကျွန်တော်သူငယ်ချင်းဆီကလည်းဆိုင်ကယ်တောင်းတယ် ၊သူ့ဟာ စမတ်ကီးနဲ့မို့ ယူမသွားဘူး၊ကျွန်တော်စကူဘီပဲယူသွားတယ်၊သူဖုန်းလည်း lockဖြေခိုင်းပြီးယူသွားတယ်၊ ပြန်ခါနီးဓားနဲ့ မျက်နှာ ခုတ်သွားတာ" ဟု ယခုလ ၂၁ ရက်နေ့က လယ်တီကျောင်းအနီးတွင် လုယက်ခံခဲ့ရသူ ကိုဝင်းထိုက် ကပြောသည်။
၎င်းတို့လုယက်ခံရသည့် Mi ဖုန်းအကောင့်အား အင်တာနက်မှတဆင့်ခြေရာခံ၍ လုယက်သူများတည်နေရာကို သိရသဖြင့် ရဲတပ်ဖွဲ့ထံ သတင်းပေးဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်သူများအား ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးကာ သက်သေခံပစ္စည်းသိမ်းဆည်းရမိရေးအတွက် လုပ်ဆောင်နေသည်။
ယခု ဖမ်းမိသော ၆ ဦးအဖွဲ့အပြင် လုယက်မှုကျူးလွန်သော လူငယ် ၁၀ ဦးအားလည်း ယခုလ ၂၃ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
သတင်း-ကိုသစ္စာ၊မောင်လေးငယ်ငယ် #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment