ယနေ့ ဇန်နဝါရီလ ၂၁ရက်နေ့ နေ့လည်ပိုင်းတွင် မတ်ထိ စာမေးပွဲကာလ ပြောင်းရွှေ့လိုက်သည့်အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားချက်အပေါ် ကန့်ကွက်တဲ့အနေဖြင့် မုံရွာပညာရေးကောလိပ်သင်တန်းသူသင်တန်းသားများက ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့တဲ့ ပုံမှန်နှစ်တွေမှာ အဆိုပါအတန်းငယ်တွေဟာ တက္ကသိုလ်ဝင်တန်းအရင် စာမေးပွဲဖြေဆိုရတာဖြစ်ပြီး အခုညွှန်ကြားချက်အရ တက္ကသိုလ်ဝင်တန်းဖြေဆို ပြီးမှသာ ဖြေဆိုရမှာ ဖြစ်သည်။
ပညာရေးဝန်ကြီးပြောစကားအရ အခုလိုပြုလုပ်တဲ့အတွက် အခြေခံအတန်းငယ်တွေ ပညာပိုမိုတက်မြောက်စေရန်ပြုလုပ်တာဖြစ်ပြီး မိဘတွေကို လုပ်ငန်းဆောင်တာ အေးဆေးစွာပြုလုပ်စေချင်တယ်တဲ့ အရာဟာ မခိုင်လုံဘူးလို့ ဆန္ဒထုတ်ဖော်သူ သင်တန်းသားများက ဝေဖန်ခဲ့ကြပြီး ပညာရေးစနစ်ပြောင်းစေချင်ရင် သင်ရိုးညွှန်းတန်းပါ ပြင်သင့်ကြောင်း လည်းပြောကြားခဲ့ကြသည်။
ဒါအပြင် ကောလိပ်ကျောင်းရှေ့မှာလဲ ကျောင်းသားမိဘ၊ဆရာ၊ဆရာမများ သဘောမပါတဲ့ စာမေးပွဲကာလနောက်ဆုပ်ခြင်းကို ပြင်ဆင်ပေးဖို့နဲ့ အစမ်းသပ်ခံပညာရေးအလိုမရှိကြောင်း တောင်းဆိုခဲ့ကြကြောင်း သိရသည်။

Source : voiceofmyanmar #Myanmar_Online_News
>>Zawgyi<<
မုံရွာပညာရေးကောလိပ်သင်တန်းသူသင်တန်းသားများမှ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားချက်အား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်
Tuesday , January 21 , 2020
ယနေ့ ဇန်နဝါရီလ ၂၁ရက်နေ့ နေ့လည်ပိုင်းတွင် မတ်ထိ စာမေးပွဲကာလ ပြောင်းရွှေ့လိုက်သည့်အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားချက်အပေါ် ကန့်ကွက်တဲ့အနေဖြင့် မုံရွာပညာရေးကောလိပ်သင်တန်းသူသင်တန်းသားများက ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့တဲ့ ပုံမှန်နှစ်တွေမှာ အဆိုပါအတန်းငယ်တွေဟာ တက္ကသိုလ်ဝင်တန်းအရင် စာမေးပွဲဖြေဆိုရတာဖြစ်ပြီး အခုညွှန်ကြားချက်အရ တက္ကသိုလ်ဝင်တန်းဖြေဆို ပြီးမှသာ ဖြေဆိုရမှာ ဖြစ်သည်။
ပညာရေးဝန်ကြီးပြောစကားအရ အခုလိုပြုလုပ်တဲ့အတွက် အခြေခံအတန်းငယ်တွေ ပညာပိုမိုတက်မြောက်စေရန်ပြုလုပ်တာဖြစ်ပြီး မိဘတွေကို လုပ်ငန်းဆောင်တာ အေးဆေးစွာပြုလုပ်စေချင်တယ်တဲ့ အရာဟာ မခိုင်လုံဘူးလို့ ဆန္ဒထုတ်ဖော်သူ သင်တန်းသားများက ဝေဖန်ခဲ့ကြပြီး ပညာရေးစနစ်ပြောင်းစေချင်ရင် သင်ရိုးညွှန်းတန်းပါ ပြင်သင့်ကြောင်း လည်းပြောကြားခဲ့ကြသည်။
ဒါအပြင် ကောလိပ်ကျောင်းရှေ့မှာလဲ ကျောင်းသားမိဘ၊ဆရာ၊ဆရာမများ သဘောမပါတဲ့ စာမေးပွဲကာလနောက်ဆုပ်ခြင်းကို ပြင်ဆင်ပေးဖို့နဲ့ အစမ်းသပ်ခံပညာရေးအလိုမရှိကြောင်း တောင်းဆိုခဲ့ကြကြောင်း သိရသည်။
Source : voiceofmyanmar #Myanmar_Online_News

0 comments:
Post a Comment