Sunday, January 19, 2020

မိုးကြက်သွန်နီစျေးနှုန်းများ စတင်ကျဆင်း

Image may contain: plant, indoor and foodImage may contain: food

နယ်စျေးကွက်သာမက ရန်ကုန်စျေးကွက်တွင်ပါ မိုးကြက်သွန်စျေးနှုန်းများ ကျဆင်းလာလျက်ရှိရာ ဇန်နဝါရီ ၁၆ ရက်မှစ၍ လက်ကား တစ်ပိဿာလျှင် ကျပ်တစ်ထောင်အောက် ဈေးနှုန်းသို့ ကျဆင်းလာကြောင်း နယ်နှင့် ရန်ကုန် ကြက်သွန်စျေးကွက်များမှ သိရသည်။

ယင်းနေ့က ပခုက္ကူစျေးကွက်သို့ ကြက်သွန်နီ ပိဿာချိန် တစ်သိန်းခန့် ဝင်ရောက်လာခဲ့ပြီး အမြင့်ဆုံးစျေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၈၅၀ သာ ရှိသည်ဟု စျေးကွက်သတင်းများအရ သိရသည်။ ရန်ကုန်စျေးကွက်သို့လည်း နေ့စဉ် ပျှမ်းမျှ ကြက်သွန်နီ ပိဿာချိန် နှစ်သိန်းဝန်းကျင် ဝင်ရောက်နေပြီး ဝယ်လိုအားမှာ ရောင်းလိုအားထက်နည်းနေ၍ နေ့စဉ် စျေးနှုန်းများ ကျဆင်း လျက်ရှိကာ ဒိုင်ဖွင့်စျေးထက် စျေးလျှော့ရောင်းချခြင်းများလည်း ရှိလာသည်။
မိုးကြက်သွန်များမှာ ခြောက်အားလိုပြီး အစိုဓာတ်ရှိနေသေး၍ အနောက်ဘက် နယ်စပ်သို့ ပို့ခဲ့သော မိုးကြက်သွန်နီအသစ်များမှာ တစ်ဖက်နိုင်ငံစျေးကွက်သို့ အရောက်တွင် ပျက်စီးမှုများရှိခဲ့သည်ဟုလည်း နယ်စပ်ပို့စျေးကွက် သတင်း များအရ သိရသည်။
နှစ်စဉ် မိုးကြက်သွန် အသစ်ထွက်ပေါ်ချိန်တွင် စျေးကျလေ့ရှိသော်လည်း ယခုနှစ်တွင်မူ အနောက်ဘက် နယ်စပ်သို့ပို့ရန် အဝယ်ရှိသည်ဆိုကာ စျေးနှုန်း အကျနှေးနေခဲ့ခြင်းဖြစ်သည်။ ယခု ဇန်နဝါရီလ တတိယပတ်ထဲသို့အရောက် ရန်ကုန်စျေးကွက်သို့အပို့သာ ရှိလာချိန်တွင် ရန်ကုန်စျေးကွက်တွင်ရော၊ နယ် စျေးကွက်တို့တွင်ပါ ကြက်သွန်နီစျေးနှုန်းများ သိသာစွာ ကျလာခြင်းဖြစ်သည်။
ကြက်သွန်နီဈေးကွက်၌ ကြက်သွန်ပေါ်ချိန်ကာလတွင် တောင်သူများထံမှ လှောင်သမားများ ဝယ်ယူသည့်ဈေးနှုန်းနှင့် လှောင်သမားများက ပြန်လည် ထုတ်ရောင်းသော ဈေးနှုန်းတို့သည် ကွာခြားချက်များစွာရှိကာ နှစ်ကုန်ပိုင်း လ များတွင် လှောင်ကြက်သွန် ထုတ်ရောင်းသည့်အခါ စံချိန်တင် စျေးမြင့်တက် လေ့ရှိသည်။ ထို့ကြောင့် ကြက်သွန်စိုက်တောင်သူများအနေဖြင့် အကျိုးအမြတ် များစွာ မရသော်လည်း လှောင်သမားများ၏ အကျိုးအမြတ်ကိုမူ ထင်သာ မြင်သာ မြင်တွေ့ရသည်။
ကြက်သွန်နီစိုက်ပျိုးရေးတွင် တစ်ဧကအထွက်နှုန်းတိုးရန် မျိုးနှင့်တကွ စိုက်ပျိုးစနစ်ကိုပါ ပြောင်းလဲရန်လိုအပ်ပြီး တစ်ဧကအထွက်နှုန်း ပိုလာပါက ကြက်သွန် တစ်ပိဿာချင်း၏ ထုတ်လုပ်မှုကုန်ကျသည့် အရင်းငွေလည်း လျော့နည်းလာမည်ဖြစ်ကြောင်း၊ သို့ရာတွင် ကြက်သွန်နီ အထွက်တိုးလာလျှင် ဈေးနှုန်းများ ထိုးကျသွားခြင်းမရှိစေရန်အတွက် ပိုလျှံသောကြက်သွန်များကို လက်ရှိ ပြည်ပစျေးကွက်ဟောင်းအပြင် စျေးကွက်အသစ်များသို့ပါ တင်ပို့နိုင် ရန်လည်း လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း ကြက်သွန်နီအဝယ်တော် တစ်ဦးက သုံးသပ်ပြောကြားသည်။
Source- Myanmaalinn #Myanmar_Online_News

<zawgyi>
မိုးကြက်သွန်နီစျေးနှုန်းများ စတင်ကျဆင်း
Monday , January 20 , 2020

0 comments:

Post a Comment