Sunday, January 12, 2020

အမျိုးသားလွတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း ၏ မြဝတီမြို့ရှိနေအိမ် ဖောက်ထွင်းခိုးယူခံရသည့် ဆင်ရုပ်တုပြန်တွေ့

Image may contain: 1 person, standing and indoor

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၏ မြဝတီမြို့ ရှိ နေအိမ်မှ လွန်ခဲ့သည့် ရက်သတ္တပတ် ၂ ပတ်ကျော်ခန့်က ဖောက်ထွင်းခိုးယူခံရပြီး ပျောက်ဆုံးသွားသည့် ဆင်ရုပ်တုအား ယနေ့ ဇန်နဝါရီ ၁၂ရက် မွန်းလွှဲ ၁ နာရီအချိန်ခန့်က ခိုးယူသူဟု ယူဆရသူ၏ နေအိမ်မှ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ....လွန်ခဲ့သည့် ၂၇.၁၂.၂၀၁၉ ရက်နေ့ ညပိုင်းက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၏ မြဝတီမြို့ အမှတ်(၃)ရပ်ကွက် ဓိဌာန်အောင်ဘုရားအနီးရှိနေအိမ် ဖောက်ထွင်းခံရကာ ဆင်ရုတုအပါအဝင် ပစ္စည်းတစ်ချို့ ခိုးယူခံရကြောင်း သိရသည်။
အဆိုပါ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၏ နေအိမ် ဖောက်ထွင်း ခိုးယူခံရမှုနှင့်ပတ်သက်၍ တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ အပူတပြင်းစုံစမ်းလျက်ရှိရာ ယနေ့ ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ(၁)နာရီအချိန်ခန့်တွင် စုံစမ်းမှုအရ ဖောက်ထွင်းခိုးယူသူဟု ယူဆရသည့် မြဝတီမြို့ အမှတ်(၃)ရပ်ကွက် ဗိုလ်ဗထူးလမ်းရှိ ကျော်ဇင်လတ်(၂၂)နှစ်ခန့်၏ နေအိမ်သို့. ရပ်ကွက်ရာအိမ်မှုး ဆယ်အိမ်မှုးများနှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေရာ...
၎င်း၏နေအိမ်တွင် လွန်ခဲ့သည့်ရက်ပိုင်းက ဖောက်ထွင်းခိုးယူခံရသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ၏ နေအိမ်မှ ပျောက်ဆုံးသွားသော ဆင်ရုပ်တုအား တွေ့ရှိပြီး သက်သေများရှေ့မှောက် သိမ်းဆည်းခဲ့သည်။
ထိုသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၏ နေအိမ်မှ ပျောက်ဆုံးသွားသော ဆင်ရုပ်တုအား ပြန်လည်တွေ့ရှိ သိမ်းယူနိုင်ခဲ့သော်လည်း ခိုးယူသူဟုယူဆရသည့် ကျော်ဇင်လတ်(၂၃)နှစ်ခန့် ဗိုလ်ဗထူးလမ်း၊ အမှတ်(၃)ရပ်ကွက်၊ မြဝတီမြို့နေသူမှာ ထွက်ပြေးတိမ်းရှောင်နေ၍ တာဝန်ရှိသူများမှ စုံစမ်းလျက်ရှိကြောင်း သိရသည်။
No photo description available.
Image may contain: 6 people, people standing and outdoor
Ref : နေနော်(မြဝတီ) #Myanmar_online_News
<<Zawgyi>>
အမျိုးသားလွတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း ၏ မြဝတီမြို့ရှိနေအိမ် ဖောက်ထွင်းခိုးယူခံရသည့် ဆင်ရုပ်တုပြန်တွေ့
Sunday,January 12 ,2019

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၏ မြဝတီမြို့ ရှိ နေအိမ်မှ လွန်ခဲ့သည့် ရက်သတ္တပတ် ၂ ပတ်ကျော်ခန့်က ဖောက်ထွင်းခိုးယူခံရပြီး ပျောက်ဆုံးသွားသည့် ဆင်ရုပ်တုအား ယနေ့ ဇန်နဝါရီ ၁၂ရက် မွန်းလွှဲ ၁ နာရီအချိန်ခန့်က ခိုးယူသူဟု ယူဆရသူ၏ နေအိမ်မှ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ....လွန်ခဲ့သည့် ၂၇.၁၂.၂၀၁၉ ရက်နေ့ ညပိုင်းက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၏ မြဝတီမြို့ အမှတ်(၃)ရပ်ကွက် ဓိဌာန်အောင်ဘုရားအနီးရှိနေအိမ် ဖောက်ထွင်းခံရကာ ဆင်ရုတုအပါအဝင် ပစ္စည်းတစ်ချို့ ခိုးယူခံရကြောင်း သိရသည်။
အဆိုပါ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၏ နေအိမ် ဖောက်ထွင်း ခိုးယူခံရမှုနှင့်ပတ်သက်၍ တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ အပူတပြင်းစုံစမ်းလျက်ရှိရာ ယနေ့ ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ(၁)နာရီအချိန်ခန့်တွင် စုံစမ်းမှုအရ ဖောက်ထွင်းခိုးယူသူဟု ယူဆရသည့် မြဝတီမြို့ အမှတ်(၃)ရပ်ကွက် ဗိုလ်ဗထူးလမ်းရှိ ကျော်ဇင်လတ်(၂၂)နှစ်ခန့်၏ နေအိမ်သို့. ရပ်ကွက်ရာအိမ်မှုး ဆယ်အိမ်မှုးများနှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေရာ...
၎င်း၏နေအိမ်တွင် လွန်ခဲ့သည့်ရက်ပိုင်းက ဖောက်ထွင်းခိုးယူခံရသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ၏ နေအိမ်မှ ပျောက်ဆုံးသွားသော ဆင်ရုပ်တုအား တွေ့ရှိပြီး သက်သေများရှေ့မှောက် သိမ်းဆည်းခဲ့သည်။
ထိုသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၏ နေအိမ်မှ ပျောက်ဆုံးသွားသော ဆင်ရုပ်တုအား ပြန်လည်တွေ့ရှိ သိမ်းယူနိုင်ခဲ့သော်လည်း ခိုးယူသူဟုယူဆရသည့် ကျော်ဇင်လတ်(၂၃)နှစ်ခန့် ဗိုလ်ဗထူးလမ်း၊ အမှတ်(၃)ရပ်ကွက်၊ မြဝတီမြို့နေသူမှာ ထွက်ပြေးတိမ်းရှောင်နေ၍ တာဝန်ရှိသူများမှ စုံစမ်းလျက်ရှိကြောင်း သိရသည်။
Ref : နေနော်(မြဝတီ) #Myanmar_online_News

0 comments:

Post a Comment