ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှာ ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်အစောပိုင်းက နာရီစင်ရှေ့ဘက် နဲ့ သပြေကုန်းမှာ ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းများရဲ့ စာသင်ချိန်ကို မတ်လကုန်အထိ တိုးမြှင့်သတ်မှတ်တာကို ကန့်ကွက်တဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ လက်မှတ် ထိုးဆန္ဒဖော်ထုတ်ပွဲမှာ မိဘတွေလည်း ပါဝင်လာတယ်လို့ သိရပါတယ်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ လက်မှတ်ထိုးဆန္ဒဖော်ထုတ်မှုမှာ ကျောင်းဆရာ ဆရာမအပြင် ကျောင်းသားမိဘတွေပါ ပါဝင်လာတာရှိပြီး ဇန်နဝါရီ ၂၂ ရက်နေ့ လှုပ်ရှားမှုမှာ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူအပြင် ကျောင်းသားမိဘ ၄၁၁ ယောက် ပါဝင်လာတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်း ပုသိမ်၊ ငပုတော၊ ဟင်္သာတ၊ မြို့နယ်တွေက ကျောင်းတွေမှာ ဖဲကြိုးစိမ်း လှုပ်ရှားမှုနဲ့ ကန့်ကွက်ဆန္ဒထုတ်ဖော်တဲ့ လက်မှတ်ကောက်ခံတာတွေကို ပြုလုပ်ခဲ့ကြပြီး မလုပ်ရသေးတဲ့ မြို့နယ်တွေက ကျောင်းတွေမှာလည်း ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာကျောင်းများတွင် စာသင်ချိန်ကို မတ်လကုန်ထိ တိုးမြှင့်ခြင်းအပေါ် ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်းလှုပ်ရှာတာတွေကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ လဆန်းပိုင်းမှစတင်ပြီး တိုင်းနဲ့ ပြည်နယ်တော်တော်များများမှာ ပြုလုပ်ခဲ့ကြတာပါ။

<zawgyi>
စာသင်ချိန်တိုးမြှင့်မှုကို ကန့်ကွက်တဲ့ မြန်အောင်တွင်ပြုလုပ်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှု ကျောင်းသားမိဘ ၄၀၀ ကျော် ပါဝင်လာ
Wednesday , January 22 , 2020
ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှာ ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်အစောပိုင်းက နာရီစင်ရှေ့ဘက် နဲ့ သပြေကုန်းမှာ ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းများရဲ့ စာသင်ချိန်ကို မတ်လကုန်အထိ တိုးမြှင့်သတ်မှတ်တာကို ကန့်ကွက်တဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ လက်မှတ် ထိုးဆန္ဒဖော်ထုတ်ပွဲမှာ မိဘတွေလည်း ပါဝင်လာတယ်လို့ သိရပါတယ်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုနဲ့ လက်မှတ်ထိုးဆန္ဒဖော်ထုတ်မှုမှာ ကျောင်းဆရာ ဆရာမအပြင် ကျောင်းသားမိဘတွေပါ ပါဝင်လာတာရှိပြီး ဇန်နဝါရီ ၂၂ ရက်နေ့ လှုပ်ရှားမှုမှာ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူအပြင် ကျောင်းသားမိဘ ၄၁၁ ယောက် ပါဝင်လာတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်း ပုသိမ်၊ ငပုတော၊ ဟင်္သာတ၊ မြို့နယ်တွေက ကျောင်းတွေမှာ ဖဲကြိုးစိမ်း လှုပ်ရှားမှုနဲ့ ကန့်ကွက်ဆန္ဒထုတ်ဖော်တဲ့ လက်မှတ်ကောက်ခံတာတွေကို ပြုလုပ်ခဲ့ကြပြီး မလုပ်ရသေးတဲ့ မြို့နယ်တွေက ကျောင်းတွေမှာလည်း ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာကျောင်းများတွင် စာသင်ချိန်ကို မတ်လကုန်ထိ တိုးမြှင့်ခြင်းအပေါ် ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်းလှုပ်ရှာတာတွေကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ လဆန်းပိုင်းမှစတင်ပြီး တိုင်းနဲ့ ပြည်နယ်တော်တော်များများမှာ ပြုလုပ်ခဲ့ကြတာပါ။
Source - မင်းထက်မုန်း #Myanmar_Online_News

0 comments:
Post a Comment