Sunday, January 26, 2020

ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များအား ညစ်ညမ်းစွာဆဲဆိုခဲ့သည့် မိန်းကလေးနှစ်ဦးအား ဖမ်းဆီးအမှုဖွင့်

Image may contain: 2 people, people standing and outdoorImage may contain: 1 person, car
ဇန်နဝါရီလ ၂၅ ရက် ညနေ (၄) နာရီကျော် ဗားကရားလမ်းမ ဂမုန်းပွင့် ကုန်တိုက်အနီးတွင် Super Custom အမျိုးအစား ယာဉ် ကို စည်းကမ်းမဲ့ ရပ်နားကာ အိပ်ပျော်နေသည့် မိန်းကလေးနှစ်ဦးကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးမှ ကားတံခါးဖွင့်၍ သွားရောက် နှိုးခဲ့ရာမှ ယာဉ်မောင်းဖြစ်သူ ယာဉ်မောင်းသူ မစုမွန်အောင်မှ ညစ်ညမ်းစွာဆဲဆိုခဲ့သည့်အပြင် ယာဉ်၏ နောက်ခန်းတွင် လိုက်ပါ လာသည့် အမျိုးသမီးတစ်ဦးမှ ဒုရဲအုပ် ဇင်လတ်အောင်၏ ယာဖက်လက်ဖမိုးကို ဆွဲကုတ်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့်အတွက် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဌာနတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမအလယ်တွင် စည်းကမ်းမဲ့ယာဉ်ရပ်နားထားသည့်အပြင် နိုင်ငံ့ဝန်ထမ်းဖြစ်သည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များအား ညစ်ညမ်းစွာဆဲဆိုခဲ့သည့် မိန်းကလေးနှစ်ဦးကို စမ်းချောင်းမြို့မရဲစခန်းတွင် ပုဒ်မ(၃)ခုဖြင့် အမှုဖွင့်ထား ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
“မိန်းကလေး နှစ်ယောက်လုံးကိုတော့ ဖမ်းမိပြီ။ သူတို့က လိုင်စင်မရှိဘဲ တက်မောင်းတယ်။ ပြီးတော့ လမ်းအလယ်မှာ ကားကို ရပ်ထားပြီးတော့ အိပ်နေတယ်။ အရက်သောက်ထားလား မသောက်ထားလားဆိုတာ ဆက်ပြီးစစ်ဆေးနေတယ်။ အမှတ်(၄၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ စမ်းချောင်း၊ YRTA ပူးပေါင်းအဖွဲ့က ယာဉ်လမ်းရှင်းလင်းရေးဆောင်ရွက်နေတဲ့ အချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပါ တယ်။ သူတို့က ကားကို လမ်းအလယ်မှာ ရပ်ထားတော့ အခြားယာဉ်တွေက သွားလို့မရတော့ဘူး။ ဒါကို ယာဉ်ထိန်းရဲ တပ်ဖွဲ့က သွားနှိုးတော့ ယာဉ်မောင်းအမျိုးသမီးက ဆဲဆိုတယ်။ နောက်တစ်ယောက်က ယာဖက်လက်ကို ဆွဲကုတ်တယ်။ ဒဏ်ရာရသွား တယ်”ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တာဝန်ဝတ္တရား ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းအား ဆက်လက်တာဝန်မထမ်းဆောင်နိုင်လောက်အောင် ကိုယ်ထိလက် ရောက်ကျူးလွန်ခဲ့ပြီး ဒဏ်ရာရရှိစေခဲ့သည့်အပြင် တပ်ဖွဲ့ဝင်များအား ညစ်ညမ်းစွာဆဲဆိုသူသည် ရွှေတိဂုံဘုရားမှ လျှပ်စစ်မီးဌာနမှ ဌာနစိတ်မှူးတစ်ဦးဖြစ်ပြီး ယာဉ်နောက်ခန်းမှ လိုက်ပါလာသူ အမျိုးသမီးမှာ ၎င်း၏ ညီမတော်စပ်သူဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒုရဲအုပ် မဇင်လတ်အောင်မှ တရားလိုပြုလုပ် တိုင်တန်းခဲ့သည့်အတွက် စမ်းချောင်းမြို့မ ရဲစခန်း တွင် (ပ) ၆၉/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၂၉၄/၃၃၂/၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Image may contain: 1 person, car and outdoor
Ref;Akonthi #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment