Thursday, January 9, 2020

"မနောမြေအတွက် သီတဂူစက္ခုဒါန" (သီတဂူ-ဖါးကန့်ဆေးရုံ၊ ကချင်ပြည်)

Image may contain: 6 people, people smiling

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၉-၁-၂၀၂၀ ရက်နေ့၊ ညနေပိုင်းတွင် ကချင်ပြည်နယ်၊ ဖါးကန့်မြို့၊ သီတဂူစက္ခုဒါန ဆေးရုံတွင် ၉-၁-၂၀၂၀ မှ ၁၃-၁-၂၀၂၀ အထိကျင်းပပြုလုပ်မည့် စက္ခုဒါနအစီစဉ်ကို ကြွရောက် ချီးမြှောက်ပါသည်။

ကချင်ပြည်နယ်တွင် သီတဂူဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တည်ဆောက်ထားသော သီတဂူစက္ခုဒါနဆေးရုံတော်များမှာ မြစ်ကြီးနား၊ ဗန်းမော်၊ ဖါးကန့်တို့တွင်ရှိပါသည်။
ဖါးကန့်ဆေးရုံသည် ၂၀၁၇ ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ စမ်းသပ်စစ်ဆေး ပေးနိုင်ခဲ့သည့် လူနာပေါင်းမှာ ၆၉၄၉ဦး၊ ခွဲစိတ်ကုသ ပေးခဲ့သည့် လူနာပေါင်းမှာ ၆၈၇ဦး စက္ခုဒါနအလင်းပေးခဲ့သည်။
ဖါးကန့် စက္ခုဒါနဆေးရုံတော် ဖွင့်လှစ်ပြီး တတိယအကြိမ်မြောက် ၂၀၂၀ တွင် ကြည့်ရှုကုသပေးသည့် မျက်စိအထူးကု ဆရာဝန်ကြီးများမှာ သီတဂူသာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဦးမြအောင် ဦးဆောင်သည့် ဒေါက်တာခင်အေးမူ၊ ဒေါက်တာခင်ဇော်ထွန်း၊ ဒေါက်တာအောင်ကျော်ဇင်၊ ဒေါက်တာခင်ဦးမေတို့နှင့် အတူ အထွေထွေ ရောဂါကု ဒေါက်တာညိုညိုဝင်းတို့ဖြစ်ကြပါသည်။
သီတဂူအာယုဒါနဆေးရုံတော် (စစ်ကိုင်း) ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဇော်က စက္ခုဒါနကုသပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ပေးပြီး သီတဂူဝန်ဆောင်သံဃာဥက္ကဋ္ဌဆရာတော် အရှင်ကောဝိဒ၊ သီတဂူဆေးရုံတော်များ၏ အုပ်ချုပ်စီမံတာဝန်ခံဆရာတော် ဒေါက်တာအရှင်သေဋ္ဌိလတို့နှင့်အတူ သီတဂူအာယုဒါနဆေးရုံတော် (စစ်ကိုင်း) ဒုတိယ - ဆေးရုံအုပ်ကြီး ဒေါက်တာမိမိခင်နှင့် သူနာပြုအဖွဲ့(၁၁ဦး) တို့က သီတဂူစက္ခုဒါန (နယ်လှည့်) အစီစဉ်တွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကြပါသည်။
ဤစက္ခုဒါနအလှူတော်ပွဲကို ပါဝင်ဆောင်ရွက်ကြသည့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့နှင့်အလှူရှင်များ၊ လုပ်အားဒါန ကုသိုလ် ပါဝင်ဆောင်ရွက်ကြကုန်သော ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို အထူးကျေးဇူးတင်ပါသည်။
မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့သော ဖါးကန့်မြို့၊ သီတဂူစက္ခုဒါနဆေးရုံတော် အလှူရှင်များ၏ မွန်မြတ်သောအလှူတော်ကို သီတဂူသာသနာပြုအဖွဲ့က ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
Image may contain: 2 people, people standing and outdoor
Image may contain: 4 people, people smiling, people standing
Image may contain: 6 people, people smiling, people standing and outdoor
Image may contain: 1 person, standing and outdoor
Image may contain: 2 people, outdoor
Image may contain: 20 people, people smiling, people standing
Image may contain: 18 people, people smiling
Image may contain: 10 people, people smiling
Image may contain: 15 people, people standing
Image may contain: 9 people
Image may contain: 11 people, people standing
Image may contain: 1 person, indoor
Source : သီတဂူသာသနာပြုအဖွဲ့ Crd : သီတဂူဒေါက်တာရဲရင့်အောင် #Myanmar_Online_News
Photo - သီတဂူအောင်သန်းဝင်
===================
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

<<Zawgyi>>
"မနောမြေအတွက်သီတဂူစက္ခုဒါန"(သီတဂူ-ဖါးကန့်ဆေးရုံ၊ ကချင်ပြည်)
Friday , January 10 , 2020

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ၉-၁-၂၀၂၀ ရက်နေ့၊ ညနေပိုင်းတွင် ကချင်ပြည်နယ်၊ ဖါးကန့်မြို့၊ သီတဂူစက္ခုဒါန ဆေးရုံတွင် ၉-၁-၂၀၂၀ မှ ၁၃-၁-၂၀၂၀ အထိကျင်းပပြုလုပ်မည့် စက္ခုဒါနအစီစဉ်ကို ကြွရောက် ချီးမြှောက်ပါသည်။
ကချင်ပြည်နယ်တွင် သီတဂူဆရာတော်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တည်ဆောက်ထားသော သီတဂူစက္ခုဒါနဆေးရုံတော်များမှာ မြစ်ကြီးနား၊ ဗန်းမော်၊ ဖါးကန့်တို့တွင်ရှိပါသည်။
ဖါးကန့်ဆေးရုံသည် ၂၀၁၇ ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ စမ်းသပ်စစ်ဆေး ပေးနိုင်ခဲ့သည့် လူနာပေါင်းမှာ ၆၉၄၉ဦး၊ ခွဲစိတ်ကုသ ပေးခဲ့သည့် လူနာပေါင်းမှာ ၆၈၇ဦး စက္ခုဒါနအလင်းပေးခဲ့သည်။
ဖါးကန့် စက္ခုဒါနဆေးရုံတော် ဖွင့်လှစ်ပြီး တတိယအကြိမ်မြောက် ၂၀၂၀ တွင် ကြည့်ရှုကုသပေးသည့် မျက်စိအထူးကု ဆရာဝန်ကြီးများမှာ သီတဂူသာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဦးမြအောင် ဦးဆောင်သည့် ဒေါက်တာခင်အေးမူ၊ ဒေါက်တာခင်ဇော်ထွန်း၊ ဒေါက်တာအောင်ကျော်ဇင်၊ ဒေါက်တာခင်ဦးမေတို့နှင့် အတူ အထွေထွေ ရောဂါကု ဒေါက်တာညိုညိုဝင်းတို့ဖြစ်ကြပါသည်။
သီတဂူအာယုဒါနဆေးရုံတော် (စစ်ကိုင်း) ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဇော်က စက္ခုဒါနကုသပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ပေးပြီး သီတဂူဝန်ဆောင်သံဃာဥက္ကဋ္ဌဆရာတော် အရှင်ကောဝိဒ၊ သီတဂူဆေးရုံတော်များ၏ အုပ်ချုပ်စီမံတာဝန်ခံဆရာတော် ဒေါက်တာအရှင်သေဋ္ဌိလတို့နှင့်အတူ သီတဂူအာယုဒါနဆေးရုံတော် (စစ်ကိုင်း) ဒုတိယ - ဆေးရုံအုပ်ကြီး ဒေါက်တာမိမိခင်နှင့် သူနာပြုအဖွဲ့(၁၁ဦး) တို့က သီတဂူစက္ခုဒါန (နယ်လှည့်) အစီစဉ်တွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကြပါသည်။
ဤစက္ခုဒါနအလှူတော်ပွဲကို ပါဝင်ဆောင်ရွက်ကြသည့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့နှင့်အလှူရှင်များ၊ လုပ်အားဒါန ကုသိုလ် ပါဝင်ဆောင်ရွက်ကြကုန်သော ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို အထူးကျေးဇူးတင်ပါသည်။
မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့သော ဖါးကန့်မြို့၊ သီတဂူစက္ခုဒါနဆေးရုံတော် အလှူရှင်များ၏ မွန်မြတ်သောအလှူတော်ကို သီတဂူသာသနာပြုအဖွဲ့က ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုအနုမောဒနာ ခေါ်ဆိုပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
Source : သီတဂူသာသနာပြုအဖွဲ့ Crd : သီတဂူဒေါက်တာရဲရင့်အောင် #Myanmar_Online_News
Photo - သီတဂူအောင်သန်းဝင်
===================
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

0 comments:

Post a Comment