Monday, January 27, 2020

တရုတ်နယ်စပ်ဂိတ်များကို ယာယီပိတ်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တင်ပြထားသော်လည်း နှစ်ရက်ကြာအထိ ပြည်ထောင်စုအစိုးရထံက ကြောင်းမပြန်

Image may contain: one or more people, sky, outdoor and nature

ကချင်ပြည်နယ်ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်များကို ယာယီပိတ်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည် ထောင်စုအစိုးရထံ တင်ပြထားသော်လည်း ပြည်ထောင်စုအစိုးရမှ နှစ်ရက်ကြသည်အထိ အကြောင်းပြန်ခြင်းမရှိ ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြောဆိုပါတယ်။

ကချင်ပြည်နယ်အတွင်းရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်များဖြစ်သည့် ကန်ပိုင်တည်ဂိတ်နှင့် လွယ်ဂျယ်ဂိတ်များကို ယာယီပိတ်ထားနိုင်ရန် ကချင်ပြည်နယ်အစိုးရမှ ပြည်ထောင်စုအစိုးရထံသို့ တင်ပြထားခြင်းလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ဟု လူသိများနေသော အဆုတ်ရောင်ရောဂါဖြစ်ပွားနေမှုကြောင့် ကချင်ပြည်နယ်အတွင်း ရောဂါပြန့်ပွားမှုမဖြစ်စေရန် နယ်စပ်ဂိတ်များ ယာယီပိတ်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရထံသို့ လွန်ခဲ့သော နှစ်ရက်က တင်ပြထားကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့က ပြောပါတယ်။
လက်ရှိမှာ တရုတ်နယ်စပ်ဂိတ်များဖြစ်သည့် ကန်ပိုင်တည်နှင့် လွယ်ဂျယ်ဂိတ်များတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက နယ်စပ်အဝင်အထွက်ခရီးသွားများကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများပြုလုပ်နေကြောင်း ကချင်ပြည်နယ် ဗမာတိုင်းရင်းသားရေးဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်က ဆိုပါတယ်။
တရုတ်နိုင်ငံသားများသည် ကချင်ပြည်နယ်အတွင်း၌ တရားဝင်/တရားမဝင် နေထိုင်မှုရှိသည့် ပြည်နယ်တစ်ခု လည်း ဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်ဒေသမှ စတင်ပြန့်ပွားသည်ဟု ယူဆရ သော ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ခံနေရသူ ၂၀၀၀ ဦးကျော်ရှိနေပြီဖြစ်ပြီး ယင်းရောဂါကြောင့် သေဆုံးသူ ၈ဝ ကျော်အထိရှိနေပြီဖြစ်ကြောင်း တရုတ်ပြည်တွင်းမီဒီယာများက ဖေါ်ပြထာပြီးဖြစ်ပါတယ်။
Ref ; PeopleMedia
<zawgyi>

0 comments:

Post a Comment