Thursday, January 9, 2020

အီရန်ရေတပ် ဖရီဂိတ်တွင် တိုက်ပွဲလုပ်ငန်းစနစ်ဆိုင်ရာ အဆင့်မြှင့်တင်မှုများပြုလုပ်

Image may contain: ocean, sky, outdoor and waterImage may contain: ocean, sky, water and outdoor

အီရန်ရေတပ် ဖရီဂိတ် Alvand-Class (Vosper Mk5) ဖရီဂိတ်မှာ တိုက်ပွဲလုပ်ငန်းစနစ်ဆိုင်ရာ အဆင့်မြှင့်တင်မှုများပြုလုပ်ခြင်း၊ အသစ်တပ်ဆင်ခြင်းများ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီဖရီဂိတ်ကို ပြည်တွင်းမှာပဲ တည်ဆောက်ခြင်းဖြစ်ပါတယ်။ 

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပိုင်းလောက်မှာ တရုတ်၊ ရုရှားတို့နဲ့ ပြုလုပ်ခဲ့တဲ့ ရေကြောင်းစစ်ရေးလေ့ကျင့်ခန်းအတွင်းမှာ Alvand-Class အတန်းအစား IRIS Alborz (72) ပါဝင်လေ့ကျင့်ခဲ့ပါတယ်။ အဓိကစက်အမြောက်ကြီးအဖြစ် AK 630M တပ်ဆင်ထားပြီး သူနဲ့သက်ဆိုင်တဲ့ ပစ်ခတ်မှုထိန်းချုပ်စနစ်ကို ရေယာဉ်အလယ်ပိုင်းမှာရှိတဲ့ မီးခိုးခေါင်းတိုင်နောက်ပိုင်းလောက်မှာ တပ်ဆင်သွားမှာဖြစ်ပါတယ်။
ပစ်ခတ်မှုထိန်းချုပ်စနစ်မှာဆိုရင် Ball-Shaped Electro-Optical (EO) Fire Control Director တပ်ဆင်ထားမှာဖြစ်ပါတယ်။ Seraj-1 EO FCS နဲ့ ဖွဲ့စည်းတည်ဆောက်ပုံခြင်း တူညီမှုရှိပါတယ်။ လေကြောင်းရန်ကာကွယ်ရေးမှာ အဓိကအသုံးပြုသွားမှာဖြစ်ပါတယ်။ အဲ့ဒီလို နောက်စနစ်တစ်ခုကို ရွက်တိုင် (Mast) ရဲ့ရှေ့ Oerlikon KBA စက်အမြောက်ရဲ့ အနောက်ပိုင်းလောက်မှာ ဒုတိယမြောက် ပစ်ခတ်မှုထိန်းချုပ်စနစ်အဖြစ် တပ်ဆင်မှာဖြစ်ပါတယ်။
Jamaran-Class ဖရီဂိတ်ဖြစ်တဲ့ IRIS Sahand (74) မှာ ပြောင်း 12 Barreled Launcher ကိုလည်း တပ်ဆင်သွားမယ်လို့ သိရပါတယ်။ အီလက်ထရောနစ်စစ်ဆင်ရေးဆိုင်ရာ Electronic Warfare (EW) နဲ့ပတ်သက်ပြီးတော့ အဆင့်မြှင့်တင်ရေးတွေ လုပ်ဆောင်ဦးမှာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး EW စနစ်ကို ဖရီဂိတ် Alvand (71), Landing Ship Tank Tonb (513) တို့မှာလည်း ဆက်လက်တပ်ဆင်မှာဖြစ်ပါတယ်။ NRJ-series အမျိုးအစားတွေဖြစ်တဲ့ EW Systems တွေကို တရုတ်နိုင်ငံထုတ် စစ်သင်္ဘောတွေမှာ တပ်ဆင်ထားရှိပါတယ်။ ပါကစ္စတန်နိုင်ငံက F-22p ဖရီဂိတ်တွေမှာလည်း တပ်ဆင်ထားပါတယ်။
Image may contain: sky, ocean, outdoor and water
Image may contain: ocean, sky, outdoor and water
Image may contain: ocean, sky, boat, outdoor, water and nature
Image may contain: ocean, sky, water and outdoor
Ref ; janes.com
<zawgyi>
အီရန်ရေတပ် ဖရီဂိတ်တွင် တိုက်ပွဲလုပ်ငန်းစနစ်ဆိုင်ရာ အဆင့်မြှင့်တင်မှုများပြုလုပ်
Friday , January 10 , 2020

အီရန်ရေတပ် ဖရီဂိတ် Alvand-Class (Vosper Mk5) ဖရီဂိတ်မှာ တိုက်ပွဲလုပ်ငန်းစနစ်ဆိုင်ရာ အဆင့်မြှင့်တင်မှုများပြုလုပ်ခြင်း၊ အသစ်တပ်ဆင်ခြင်းများ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီဖရီဂိတ်ကို ပြည်တွင်းမှာပဲ တည်ဆောက်ခြင်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပိုင်းလောက်မှာ တရုတ်၊ ရုရှားတို့နဲ့ ပြုလုပ်ခဲ့တဲ့ ရေကြောင်းစစ်ရေးလေ့ကျင့်ခန်းအတွင်းမှာ Alvand-Class အတန်းအစား IRIS Alborz (72) ပါဝင်လေ့ကျင့်ခဲ့ပါတယ်။ အဓိကစက်အမြောက်ကြီးအဖြစ် AK 630M တပ်ဆင်ထားပြီး သူနဲ့သက်ဆိုင်တဲ့ ပစ်ခတ်မှုထိန်းချုပ်စနစ်ကို ရေယာဉ်အလယ်ပိုင်းမှာရှိတဲ့ မီးခိုးခေါင်းတိုင်နောက်ပိုင်းလောက်မှာ တပ်ဆင်သွားမှာဖြစ်ပါတယ်။
ပစ်ခတ်မှုထိန်းချုပ်စနစ်မှာဆိုရင် Ball-Shaped Electro-Optical (EO) Fire Control Director တပ်ဆင်ထားမှာဖြစ်ပါတယ်။ Seraj-1 EO FCS နဲ့ ဖွဲ့စည်းတည်ဆောက်ပုံခြင်း တူညီမှုရှိပါတယ်။ လေကြောင်းရန်ကာကွယ်ရေးမှာ အဓိကအသုံးပြုသွားမှာဖြစ်ပါတယ်။ အဲ့ဒီလို နောက်စနစ်တစ်ခုကို ရွက်တိုင် (Mast) ရဲ့ရှေ့ Oerlikon KBA စက်အမြောက်ရဲ့ အနောက်ပိုင်းလောက်မှာ ဒုတိယမြောက် ပစ်ခတ်မှုထိန်းချုပ်စနစ်အဖြစ် တပ်ဆင်မှာဖြစ်ပါတယ်။
Jamaran-Class ဖရီဂိတ်ဖြစ်တဲ့ IRIS Sahand (74) မှာ ပြောင်း 12 Barreled Launcher ကိုလည်း တပ်ဆင်သွားမယ်လို့ သိရပါတယ်။ အီလက်ထရောနစ်စစ်ဆင်ရေးဆိုင်ရာ Electronic Warfare (EW) နဲ့ပတ်သက်ပြီးတော့ အဆင့်မြှင့်တင်ရေးတွေ လုပ်ဆောင်ဦးမှာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး EW စနစ်ကို ဖရီဂိတ် Alvand (71), Landing Ship Tank Tonb (513) တို့မှာလည်း ဆက်လက်တပ်ဆင်မှာဖြစ်ပါတယ်။ NRJ-series အမျိုးအစားတွေဖြစ်တဲ့ EW Systems တွေကို တရုတ်နိုင်ငံထုတ် စစ်သင်္ဘောတွေမှာ တပ်ဆင်ထားရှိပါတယ်။ ပါကစ္စတန်နိုင်ငံက F-22p ဖရီဂိတ်တွေမှာလည်း တပ်ဆင်ထားပါတယ်။
Ref ; janes.com

0 comments:

Post a Comment