ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီး ရောက်ရှိနေသော အိန္ဒိယကမ်းခြေ စောင့်တပ်ဖွဲ့မှ ကမ်းလွန်ကင်းလှည့်ရေယာဉ် ICGS Sujayနှင့် အမြန်သွားကင်းလှည့်ရေယာဉ် ICGS Sarojini Naidu သို့ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းတွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးမိုးအောင်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော်အရာရှိကြီးများက သွားရောက်ကြည့်ရှုလေ့လာကြသည်။
စစ်ဦးစီးအရာရှိချုပ်(ရေ)နှင့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Shri Saurabh Kumar၊ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့မှ အဖွဲ့ခေါင်းဆောင် Deputy Inspector General Anurag Kaushik နှင့် တာဝန်ကျ တပ်ဖွဲ့တို့မှ ကြိုဆိုနှုတ်ဆက်၍ ရေယာဉ်ပေါ်တွင် လိုက်လံရှင်းလင်း ပြသကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ကမ်းလွန်ကင်းလှည့်ရေယာဉ် ICGS Sujay ပေါ်တွင် ပြုလုပ်သည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
<zawgyi>
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးရောက်ရှိနေသော အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့မှ စစ်ရေယာဉ်နှစ်စင်းအား သွားရောက်လေ့လာ
Thursday , January 16 , 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီး ရောက်ရှိနေသော အိန္ဒိယကမ်းခြေ စောင့်တပ်ဖွဲ့မှ ကမ်းလွန်ကင်းလှည့်ရေယာဉ် ICGS Sujayနှင့် အမြန်သွားကင်းလှည့်ရေယာဉ် ICGS Sarojini Naidu သို့ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းတွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးမိုးအောင်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော်အရာရှိကြီးများက သွားရောက်ကြည့်ရှုလေ့လာကြသည်။
စစ်ဦးစီးအရာရှိချုပ်(ရေ)နှင့် အဖွဲ့ဝင်များအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Shri Saurabh Kumar၊ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့မှ အဖွဲ့ခေါင်းဆောင် Deputy Inspector General Anurag Kaushik နှင့် တာဝန်ကျ တပ်ဖွဲ့တို့မှ ကြိုဆိုနှုတ်ဆက်၍ ရေယာဉ်ပေါ်တွင် လိုက်လံရှင်းလင်း ပြသကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ကမ်းလွန်ကင်းလှည့်ရေယာဉ် ICGS Sujay ပေါ်တွင် ပြုလုပ်သည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment