ကျောင်းတက်ရက်တိုးမြှင့်မှုနှင့် စာမေးပွဲအချိန်ပြောင်းလဲ ကျင်းပမှုအပေါ် ကန့်ကွက်ကြောင်းလက်မှတ်များ လာရောက်ရေးထိုးသူများမှာ မိဘများ အများဆုံးဖြစ်ကြောင်း လက်မှတ်ကောက်ယူနေသည့် အဖွဲ့များထံမှသိရသည်။
ကျောင်းတက်ရက်တိုးမြှင့်မှုနှင့် စာမေးပွဲအချိန်ပြောင်းလဲ ကျင်းပမှုအပေါ် ကန့်ကွက်ရန် အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီက ဦးဆောင်ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လက်မှတ်များ ကောက်ယူနေခြင်းဖြစ်သည်။
ဇန်နဝါရီ ၁၅ ရက်မှစတင်ကာ ရန်ကုန်မြို့ လှည်းတန်းစင်တာ၊ ရေကြည်မြို့နယ်၊ အိမ်မဲ၊ ငပုတော၊ အင်္ဂပူ၊ ဟင်္သာတမြို့နယ်တို့တွင် လက်မှတ်ကောက်ယူမှုများပြုလုပ်နေပြီး အခြားနေရာများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း လက်မှတ်ကောက်ယူမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ရရှိလာသောလက်မှတ်များဖြင့် ပညာရေးဝန်ကြီးဌာနကို တင်ပြကန့်ကွက်မှုများ ပြုလုပ်မည်ဟု ယင်းကော်မတီက ဆိုသည်။
၂၀၁၉-၂၀ ပညာသင်နှစ်၏ အခြေခံပညာအတန်း နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စတုတ္ထတန်းနှင့် အဌမတန်း တို့ဖြင့် စတင်ကျင်းပတော့မည်ဖြစ်သည်။
<zawgyi>
မိဘများ ကျောင်းတက်ရက်တိုးမြှင့်မှုအား အများဆုံးကန့်ကွက်
Monday , January 20 , 2020

Source- ေအာင္သက္ကို #Myanmar_Online_News

0 comments:
Post a Comment