Tuesday, January 28, 2020

ကျောက္ကာတွင်ဘောက်ဆာပေါ် ဒီဇယ်တင်ရာမှ မီးလောင်မှုဖြစ်ပွားကာ လုပ်သား ၃ ဦး ဒဏ်ရာရ

Image may contain: 1 person

ယနေ့ ညနေ ၃နာရီ ၂၀ အချိန်ခန့်တွင် မုံရွာမြို့ ကျောက္ကာရေနံချက်ဖိုဇုန်တွင် ဆီလှောင်ကန်မှ ဘောက်ဆာကားအတွင်း ဒီဇယ်ဆီ ထည့်စဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သော ဦးနန်းမောင်၏ ရေနံဖိုတွင် ၂၂ ဘီးကားအတွင်း လုပ်သား ၃ ဦးမှ ဆီတင်စဉ် မီးစတင်လောင်ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့၏ စစ်ဆေးချက်အရသိရသည်။
" အုန်းဆို အသံမြည်ပြီး မီးထတောက်တာ၊ ဘောက်ဆာကားပေါ်က အလုပ်သမားတွေလည်း ခုန်ဆင်းပြေးကြတာ" ဟု ၎င်း ချက်ဖိုတာဝန်ခံကိုဇင်နိုင်ဦးကပြောသည်။
အလုပ်သမား ၃ ဦးမှာ မီးလောင်ဒဏ်ရာများဖြင့် မုံရွာဆေးရုံသို့ ပို့ဆောင်ထားရသည်။
"တစ်ယောက်ကတော့ဒဏ်ရာပြင်းတယ်၊ မန္တလေး ကိုပို့ဖို့လုပ်နေတယ်" ဟု စွမ်းအားဖွံ့ဖြိုးကုမ္ပဏီမှ ဦးကျော်စိုး ကပြောသည်။
ဆီတင်ဘောက်ဆာမှ အောက်တိန်းဆီ တင်ခဲ့သော ကားဖြစ်ကြောင်း ချက်ဖိုတာဝန်ခံ ကပြောသည်။
Image may contain: one or more people and outdoor

Ref : MonywaGazette #Myanmar_Online_News
>>Zawgyi<<
ကျောက္ကာတွင်ဘောက်ဆာပေါ် ဒီဇယ်တင်ရာမှ မီးလောင်မှုဖြစ်ပွားကာ လုပ်သား ၃ ဦး ဒဏ်ရာရ
Tuesday, January 28 , 2020

ယနေ့ ညနေ ၃နာရီ ၂၀ အချိန်ခန့်တွင် မုံရွာမြို့ ကျောက္ကာရေနံချက်ဖိုဇုန်တွင် ဆီလှောင်ကန်မှ ဘောက်ဆာကားအတွင်း ဒီဇယ်ဆီ ထည့်စဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားခဲ့သော ဦးနန်းမောင်၏ ရေနံဖိုတွင် ၂၂ ဘီးကားအတွင်း လုပ်သား ၃ ဦးမှ ဆီတင်စဉ် မီးစတင်လောင်ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့၏ စစ်ဆေးချက်အရသိရသည်။
" အုန်းဆို အသံမြည်ပြီး မီးထတောက်တာ၊ ဘောက်ဆာကားပေါ်က အလုပ်သမားတွေလည်း ခုန်ဆင်းပြေးကြတာ" ဟု ၎င်း ချက်ဖိုတာဝန်ခံကိုဇင်နိုင်ဦးကပြောသည်။
အလုပ်သမား ၃ ဦးမှာ မီးလောင်ဒဏ်ရာများဖြင့် မုံရွာဆေးရုံသို့ ပို့ဆောင်ထားရသည်။
"တစ်ယောက်ကတော့ဒဏ်ရာပြင်းတယ်၊ မန္တလေး ကိုပို့ဖို့လုပ်နေတယ်" ဟု စွမ်းအားဖွံ့ဖြိုးကုမ္ပဏီမှ ဦးကျော်စိုး ကပြောသည်။
ဆီတင်ဘောက်ဆာမှ အောက်တိန်းဆီ တင်ခဲ့သော ကားဖြစ်ကြောင်း ချက်ဖိုတာဝန်ခံ ကပြောသည်။
Ref : MonywaGazette #Myanmar_Online_News

0 comments:

Post a Comment