Sunday, January 26, 2020

ကော်ရိုနာ ဗိုင်းရပ်စ် ကူးစက်မှု တားဆီးရေးအတွက် ကချင်ပြည်နယ် တရုတ်နယ်စပ်ဂိတ်များတွင် ခရီးသည်များကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သွားမည်

Image may contain: sky and outdoor
ကချင်ပြည်နယ် တရုတ်နယ်စပ်ဂိတ်များတွင်ကော်ရိုနာ ဗိုင်းရပ်စ် ကူးစက်မှု တားဆီးရေးအတွက် မကြာမီအချိန်အတွင်း စစ်ဆေးဆောင်ရွက်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

တရုတ်နယ်စပ်ဂိတ်များဖြစ်သည့် လွယ်ဂျယ်၊ ကန်ပိုက်တီ၊ ပန်ဝါဂိတ်များမှ ဝင်ရောက်လာသည့် ခရီးသည်များကို ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်နိုင်ရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညှိနှိုင်းထားပြီး မကြာမီအချိန်အတွင်း အမြန်ဆုံးစစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သို့သော်တရားဝင်ဂိတ်များတွင် စစ်ဆေးမှုများ ဆောင်ရွက်နိုင်သော်လည်း တရားမဝင်နယ်စပ်ဂိတ်များအတွက် စိုးရိမ်မှုရှိကြောင်း လဝက ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။
"ကျွန်တော်တို့လုပ်နိုင်တာကတော့ ပန်ဝါ၊ကန်ပိုက်တီ၊ လွယ်ဂျယ်၊ လေကြောင်းဂိတ်ရယ် ဂိတ်လေးဂိတ်တော့လုပ်နိုင်တယ် ဒါပေမယ့် တရားမဝင်ဂိတ်တွေကလည်း အများကြီးရှိတော့လေ အဲ့အတွက်တော့ စိုးရိမ်ပါတယ် အဲ့ဂိတ်တွေက လူဝင်မှုကြီးကြပ်ရေးဘက်ကလည်းမထိုင်ဘူးဆိုတော့ ထိန်းချုပ်ဖို့တော့ခက်တယ်ဗျ"ဟု ၎င်းကပြောသည်။
လတ်တလောတွင် မြစ်ကြီးနားလေဆိပ်မှ ဝင်ရောက်သည့် တရုတ်နိုင်ငံသားစာရင်း ကောက်ကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဦးဇော်ဝင်းကပြောသည်။
ဇန်နဝါရီ ၂၅ရက်နေ့ထိ တရုတ်နိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၅၆ဦးထိရှိလာပြီး ကူးစက်ခံရသူဦးရေ ၂၀၀၀ နီးပါးရှိနေကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားသည်။
ယင်းဗိုင်းရပ်စ်သည် တောင်ကိုးရီးယား၊ဂျပန်၊ဟောင်ကောင်၊ထိုင်ဝမ်၊ မကာအို၊ ဩစ​​​တြေးလျ၊ ဗီယက်နမ်၊စင်္ကာပူ ၊ မလေးရှား၊ ထိုင်း၊ နီပေါ နိုင်ငံများထိ ကူးစက်ပျံ့နှံ့လျှက်ရှိသည်။
Image may contain: outdoor
Image may contain: bridge, sky, car and outdoor
သတင်း- Ann #Myanmar_Online_News
>>Zawgyi<<
ကော်ရိုနာ ဗိုင်းရပ်စ် ကူးစက်မှု တားဆီးရေးအတွက် ကချင်ပြည်နယ် တရုတ်နယ်စပ်ဂိတ်များတွင် ခရီးသည်များကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သွားမည်
Sunday, January 26, 2020
ကချင်ပြည်နယ် တရုတ်နယ်စပ်ဂိတ်များတွင်ကော်ရိုနာ ဗိုင်းရပ်စ် ကူးစက်မှု တားဆီးရေးအတွက် မကြာမီအချိန်အတွင်း စစ်ဆေးဆောင်ရွက်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

တရုတ်နယ်စပ်ဂိတ်များဖြစ်သည့် လွယ်ဂျယ်၊ ကန်ပိုက်တီ၊ ပန်ဝါဂိတ်များမှ ဝင်ရောက်လာသည့် ခရီးသည်များကို ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်နိုင်ရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညှိနှိုင်းထားပြီး မကြာမီအချိန်အတွင်း အမြန်ဆုံးစစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သို့သော်တရားဝင်ဂိတ်များတွင် စစ်ဆေးမှုများ ဆောင်ရွက်နိုင်သော်လည်း တရားမဝင်နယ်စပ်ဂိတ်များအတွက် စိုးရိမ်မှုရှိကြောင်း လဝက ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။
"ကျွန်တော်တို့လုပ်နိုင်တာကတော့ ပန်ဝါ၊ကန်ပိုက်တီ၊ လွယ်ဂျယ်၊ လေကြောင်းဂိတ်ရယ် ဂိတ်လေးဂိတ်တော့လုပ်နိုင်တယ် ဒါပေမယ့် တရားမဝင်ဂိတ်တွေကလည်း အများကြီးရှိတော့လေ အဲ့အတွက်တော့ စိုးရိမ်ပါတယ် အဲ့ဂိတ်တွေက လူဝင်မှုကြီးကြပ်ရေးဘက်ကလည်းမထိုင်ဘူးဆိုတော့ ထိန်းချုပ်ဖို့တော့ခက်တယ်ဗျ"ဟု ၎င်းကပြောသည်။
လတ်တလောတွင် မြစ်ကြီးနားလေဆိပ်မှ ဝင်ရောက်သည့် တရုတ်နိုင်ငံသားစာရင်း ကောက်ကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဦးဇော်ဝင်းကပြောသည်။
ဇန်နဝါရီ ၂၅ရက်နေ့ထိ တရုတ်နိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၅၆ဦးထိရှိလာပြီး ကူးစက်ခံရသူဦးရေ ၂၀၀၀ နီးပါးရှိနေကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားသည်။
ယင်းဗိုင်းရပ်စ်သည် တောင်ကိုးရီးယား၊ဂျပန်၊ဟောင်ကောင်၊ထိုင်ဝမ်၊ မကာအို၊ ဩစတြေးလျ၊ ဗီယက်နမ်၊စင်္ကာပူ ၊ မလေးရှား၊ ထိုင်း၊ နီပေါ နိုင်ငံများထိ ကူးစက်ပျံ့နှံ့လျှက်ရှိသည်။
သတင်း- Ann #Myanmar_Online_News

0 comments:

Post a Comment