Monday, January 27, 2020

ပန်ဝါစစ်ဆေးရေးစခန်း၌ ကိုရိုနာဗိုင်းရပ်ပိုးနှင့် ပတ်သက်၍ စစ်ဆေးခြင်းများဆောင်ရွက်

Image may contain: 2 people, people sitting and people standing

မြန်မာ-တရုတ် နယ်စပ်ဂိတ် ပန်ဝါစစ်ဆေးရေးစခန်း၌ ကိုရိုနာဗိုင်းရပ်ပိုးနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ နှစ်နိုင်ငံအကြား ဝင်ထွက်သွားလာသူများအား စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပန်ဝါစစ်ဆေးရေးစခန်း၌ ဇန်နဝါရီ ၂၆ ရက် နံနက် ၆ နာရီခွဲမှစတင်၍ မြို့နယ်ဆရာဝန် ဒေါက်တာမျိုးအောင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း ၃ ဦး၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ လဝကဦးစီးမှူး ဦးတင်ထွဋ်နှင့် အဖွဲ့ဝင်များ၊ ရဲအုပ်တင်ထွဋ်နှင့် အဖွဲ့ဝင်များက တရုတ်နိုင်ငံသား ကျား ၃၅ ဦး၊ မ ၂၃ ဦးနှင့် မြန်မာနိုင်ငံသား ကျား ၃၉ ဦး၊ မ ၂၃ ဦး စုစုပေါင်း ၁၂၀ တို့အား စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ ပန်ဝါစစ်ဆေးရေးစခန်း၌ ကိုရိုနာဗိုင်းရပ်ပိုး စစ်ဆေးခြင်းလုပ်ငန်းများကို နေ့စဉ် နံနက် ၆ နာရီခွဲမှ ညနေ ၆ နာရီခွဲအထိ တရုတ်နိုင်ငံမှ ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Image may contain: 1 person, standing and outdoor

Image may contain: one or more people, people standing and outdoor
Image may contain: outdoor
ရဲညွန့်(ပန်ဝါပြန်/ဆက်)
<zawgyi>
ပန်ဝါစစ်ဆေးရေးစခန်း၌ ကိုရိုနာဗိုင်းရပ်ပိုးနှင့် ပတ်သက်၍ စစ်ဆေးခြင်းများဆောင်ရွက်
Monday, January 27, 2020

မြန်မာ-တရုတ် နယ်စပ်ဂိတ် ပန်ဝါစစ်ဆေးရေးစခန်း၌ ကိုရိုနာဗိုင်းရပ်ပိုးနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ နှစ်နိုင်ငံအကြား ဝင်ထွက်သွားလာသူများအား စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပန်ဝါစစ်ဆေးရေးစခန်း၌ ဇန်နဝါရီ ၂၆ ရက် နံနက် ၆ နာရီခွဲမှစတင်၍ မြို့နယ်ဆရာဝန် ဒေါက်တာမျိုးအောင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း ၃ ဦး၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ လဝကဦးစီးမှူး ဦးတင်ထွဋ်နှင့် အဖွဲ့ဝင်များ၊ ရဲအုပ်တင်ထွဋ်နှင့် အဖွဲ့ဝင်များက တရုတ်နိုင်ငံသား ကျား ၃၅ ဦး၊ မ ၂၃ ဦးနှင့် မြန်မာနိုင်ငံသား ကျား ၃၉ ဦး၊ မ ၂၃ ဦး စုစုပေါင်း ၁၂၀ တို့အား စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ ပန်ဝါစစ်ဆေးရေးစခန်း၌ ကိုရိုနာဗိုင်းရပ်ပိုး စစ်ဆေးခြင်းလုပ်ငန်းများကို နေ့စဉ် နံနက် ၆ နာရီခွဲမှ ညနေ ၆ နာရီခွဲအထိ တရုတ်နိုင်ငံမှ ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရဲညွန့်(ပန်ဝါပြန်/ဆက်)

0 comments:

Post a Comment