ယနေ့ ဇန်နဝါရီလ ၁၅ရက်နေ့၊ နံနက်အစော (၀၀ ၁၅) နာရီအချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ တကောကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းမကြီး၊ မိုင်တိုင်အမှတ်(၄၅/၁)နှင့် (၄၅/၂)အကြားတွင် Cheng Long Truck အမျိူးအစား(အပြာရောင်)(၆)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားပြီး ယာဉ်မောင်းသည် ကားခေါင်းခန်းအတွင်းညှပ်၍ ပိတ်မိနေကြောင်း သတင်းရရှိသဖြင့် တောင်ပိုင်းခရိုင်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သုံးခွမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ (၀၁ ၁၅) အချိန် ကယ်ထုတ်နိုင်ခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ယာဉ်မောင်း(မစိုးရိမ်ရ)အား သုံးခွမြို့နယ်ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်ဖြင့် သုံးခွမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

Source : Myanmar Fire Services Department #Myanmar_online_News
<<Zawgyi>>
ရန်ကုန်-ပဲခူးလမ်းမကြီး၊ မိုင်တိုင်အမှတ်(၄၅/၁)နှင့် (၄၅/၂)အကြားတွင်(၆)ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အား ဝင်တိုက်မိမှုဖြစ်ပွား
Wednesday , January 15 , 2020
ယနေ့ ဇန်နဝါရီလ ၁၅ရက်နေ့၊ နံနက်အစော (၀၀ ၁၅) နာရီအချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ တကောကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းမကြီး၊ မိုင်တိုင်အမှတ်(၄၅/၁)နှင့် (၄၅/၂)အကြားတွင် Cheng Long Truck အမျိူးအစား(အပြာရောင်)(၆)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားပြီး ယာဉ်မောင်းသည် ကားခေါင်းခန်းအတွင်းညှပ်၍ ပိတ်မိနေကြောင်း သတင်းရရှိသဖြင့် တောင်ပိုင်းခရိုင်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သုံးခွမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ (၀၁ ၁၅) အချိန် ကယ်ထုတ်နိုင်ခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ယာဉ်မောင်း(မစိုးရိမ်ရ)အား သုံးခွမြို့နယ်ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်ဖြင့် သုံးခွမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
Source : Myanmar Fire Services Department #Myanmar_online_News

0 comments:
Post a Comment