Tuesday, January 28, 2020

ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ရာ ဝူဟန်မြို့သို့ တရုတ်ဝန်ကြီးချုပ် လာရောက်တွေ့ဆုံအားပေး

Image may contain: 2 peopleImage may contain: one or more people and outdoor

ဇန်နဝါရီလ ၂၇ ရက်က တရုတ်ဝန်ကြီးချုပ် လီကီချန်းဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ရာ ဝူဟန်မြို့ကို ရောက်ရှိလာပြီး ကျန်းမာရေးဝန်ထမ်းများနဲ့တွေ့ဆုံကာ အားပေးစကားတွေ့ဆုံပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်ဝန်ကြီးချုပ် လီကီချန်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အချိန်မီတုံ့ပြန်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြည်သူတွေရဲ့ စွပ်စွဲမှုကို ပြည်နယ်အာဏာပိုင်တွေက ရင်ဆိုင်နေရချိန်မှာ ခုလို ရောက်လာတာဖြစ်ပြီး ဝန်ကြီးချုပ်က ဝူဟန်မြို့က ကျန်းမာရေး လုပ်သားတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး လာမယ့်နှစ်ရက်အတွင်း နောက်ထပ် ကျန်းမာရေးလုပ်သား ၂၅၀၀ ရောက်လာမယ်လို့လည်း ပြောကြားသွားခဲ့သည်။
တရုတ်ဝန်ကြီးချုပ် လီကီချန်းသည် ဗိုင်းရပ်စ် ကူးစက်မှုစကတည်းက ဝူဟန်ကို ရောက်လာတဲ့ အဆင့်မြင့်ဆုံး တရုတ်အစိုးရ ခေါင်းဆောင်လည်း ဖြစ်ပြီး ကူးစက်မှုထိန်းချုပ်ရေး အားထုတ်မှုတွေကို စစ်ဆေးပြီး ကျန်းမာရေးလုပ်သားတွေနဲ့အတူ ‘ဝူဟန် အားတင်းထား’လို့ ကြွေးကြော်ခဲ့ပုံကို အစိုးရ ရုပ်သံက ထုတ်လွှင့် ပြသခဲ့ပါသည်။
ရက်ပိုင်းအတွင်း အပြီးဆောက်မယ့် ဆေးရုံသစ်ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကိုလည်း ဝန်ကြီးချုပ်က သွားရောက် ကြာ့်ရှုခဲ့ပြီး အမြန်တည်ဆောက်သွားရန်ပြောကြားသွားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်မြို့ကို အဝင်အထွက် ပိတ်ထားပြီး လူဦးရေ သန်း ၆၀ နီးပါးရှိတဲ့ ဟူဘေးပြည်နယ်ကိုလည်း ခရီးသွားလာမှု ကန့်သတ်ပိတ်ပင်ထားကြောင်း သိရှိရပါသည်။
Source : AP #Myanmar_Online_News
>>Zawgyi<<
ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ရာ ဝူဟန်မြို့သို့ တရုတ်ဝန်ကြီးချုပ် လာရောက်တွေ့ဆုံအားပေး
Tuesday, January 28 , 2020

ဇန်နဝါရီလ ၂၇ ရက်က တရုတ်ဝန်ကြီးချုပ် လီကီချန်းဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ရာ ဝူဟန်မြို့ကို ရောက်ရှိလာပြီး ကျန်းမာရေးဝန်ထမ်းများနဲ့တွေ့ဆုံကာ အားပေးစကားတွေ့ဆုံပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်ဝန်ကြီးချုပ် လီကီချန်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အချိန်မီတုံ့ပြန်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြည်သူတွေရဲ့ စွပ်စွဲမှုကို ပြည်နယ်အာဏာပိုင်တွေက ရင်ဆိုင်နေရချိန်မှာ ခုလို ရောက်လာတာဖြစ်ပြီး ဝန်ကြီးချုပ်က ဝူဟန်မြို့က ကျန်းမာရေး လုပ်သားတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး လာမယ့်နှစ်ရက်အတွင်း နောက်ထပ် ကျန်းမာရေးလုပ်သား ၂၅၀၀ ရောက်လာမယ်လို့လည်း ပြောကြားသွားခဲ့သည်။
တရုတ်ဝန်ကြီးချုပ် လီကီချန်းသည် ဗိုင်းရပ်စ် ကူးစက်မှုစကတည်းက ဝူဟန်ကို ရောက်လာတဲ့ အဆင့်မြင့်ဆုံး တရုတ်အစိုးရ ခေါင်းဆောင်လည်း ဖြစ်ပြီး ကူးစက်မှုထိန်းချုပ်ရေး အားထုတ်မှုတွေကို စစ်ဆေးပြီး ကျန်းမာရေးလုပ်သားတွေနဲ့အတူ ‘ဝူဟန် အားတင်းထား’လို့ ကြွေးကြော်ခဲ့ပုံကို အစိုးရ ရုပ်သံက ထုတ်လွှင့် ပြသခဲ့ပါသည်။
ရက်ပိုင်းအတွင်း အပြီးဆောက်မယ့် ဆေးရုံသစ်ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကိုလည်း ဝန်ကြီးချုပ်က သွားရောက် ကြာ့်ရှုခဲ့ပြီး အမြန်တည်ဆောက်သွားရန်ပြောကြားသွားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်မြို့ကို အဝင်အထွက် ပိတ်ထားပြီး လူဦးရေ သန်း ၆၀ နီးပါးရှိတဲ့ ဟူဘေးပြည်နယ်ကိုလည်း ခရီးသွားလာမှု ကန့်သတ်ပိတ်ပင်ထားကြောင်း သိရှိရပါသည်။
Source : AP #Myanmar_Online_News

0 comments:

Post a Comment