Monday, January 20, 2020

မင်းဘူး-မန်းရွှေစက်တော် မော်တော် ယာဉ်လိုင်းအား ပြေးဆွဲမည်

Image may contain: mountain, outdoor and nature

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ၂၀၂၀ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ရာ မန်းရွှေစက်တော် ဘုရားပွဲကာလ မင်းဘူး-မန်းရွှေစက်တော် မော်တော်ယာဉ်လိုင်းကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“မင်းဘူး-မန်းရွှေစက်တော် ခရီးစဉ်နဲ့ မန်းရွှေစက်တော် တောင်ပေါ်၊ တောင်အောက် ယာဉ်လိုင်းကို မော်တော်ယာဉ်အစီး (၅၀)စီး အသုံးပြုပြီး နေ့စဉ် အလှည့်ကျ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်၊ ပွဲတော်ကာလအတွင်း ယာဉ်စီးခအနေနဲ့ မင်းဘူး - မန်းရွှေစက်တော်ခရီးစဉ်ကို ခရီးသည် တစ်ဉီးလျှင် ယာဉ်စီးခ ၂၅၀၀ ကျပ် သတ်မှတ်ထားပြီး တောင်ပေါ်၊ တောင်အောက် ခရီးစဉ်အတွက် တစ်ဉီးလျှင် ၅၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်၊ ဒါ့အပြင် မိသားစုများ၊ သူငယ်များနဲ့ သီးသန့်သွားချင်တဲ့ ခရီးသည်တွေ အနေနဲ့ ကားစီးလုံးငှားရမ်းလိုပါက မင်းဘူးမြို့မှ မန်းရွှေစက်တော်ခရီးစဉ် တစ်ကြောင်းလျှင် ကျပ် ၃၅၀၀၀ ဖြင့် ငှားရမ်း နိုင်ပါတယ်” ဟု ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဉ် လိုင်းပေါင်းစုံများ ကြီးကြပ်ရေးကော်မတီ(မင်းဘူး) ဉက္ကဌ ဉီးလှအောင် က ပြောသည်။
အဆိုပါ မော်တော်ယာဉ် လိုင်းဂိတ်သည် မင်းဘူးမြို့ မြောက်လှည်းကောက် အဝိုင်းပတ် အနီးတွင် တည်ရှိပြီး မင်းဘူးမြို့မှ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ လည်းကောင်း၊ မန်းရွှေစက်တော်ဘုရားမှ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ပြေးဆွဲသွားမည်ဖြစ်ပြီး ကိုရီးယား နိုင်ငံမှ ထုတ်လုပ်သော ဟွန်ဒိုင်းကားများ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဘုရားပွဲတော်အား တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့ထိ ရက်ပေါင်း(၈၀)တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Image may contain: one or more people, ocean, sky, mountain, outdoor, nature and water
Source- MDN #Myanmar_Online_News

<zawgyi>
မင်းဘူး-မန်းရွှေစက်တော် မော်တော်ယာဉ်လိုင်းအား ပြေးဆွဲမည်
Thursday , January 21 , 2020

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ၂၀၂၀ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ရာ မန်းရွှေစက်တော် ဘုရားပွဲကာလ မင်းဘူး-မန်းရွှေစက်တော် မော်တော်ယာဉ်လိုင်းကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“မင်းဘူး-မန်းရွှေစက်တော် ခရီးစဉ်နဲ့ မန်းရွှေစက်တော် တောင်ပေါ်၊ တောင်အောက် ယာဉ်လိုင်းကို မော်တော်ယာဉ် အစီး(၅၀)စီး အသုံးပြုပြီး နေ့စဉ် အလှည့်ကျ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်၊ ပွဲတော်ကာလအတွင်း ယာဉ်စီးခအနေနဲ့ မင်းဘူး - မန်းရွှေစက်တော်ခရီးစဉ်ကို ခရီးသည် တစ်ဉီးလျှင် ယာဉ်စီးခ ၂၅၀၀ ကျပ် သတ်မှတ်ထားပြီး တောင်ပေါ်၊ တောင်အောက် ခရီးစဉ်အတွက် တစ်ဉီးလျှင် ၅၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်၊ ဒါ့အပြင် မိသားစုများ၊ သူငယ်များနဲ့ သီးသန့်သွားချင်တဲ့ ခရီးသည်တွေ အနေနဲ့ ကားစီးလုံးငှားရမ်းလိုပါက မင်းဘူးမြို့မှ မန်းရွှေစက်တော်ခရီးစဉ် တစ်ကြောင်းလျှင် ကျပ် ၃၅၀၀၀ ဖြင့် ငှားရမ်း နိုင်ပါတယ်” ဟု ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဉ် လိုင်းပေါင်းစုံများ ကြီးကြပ်ရေးကော်မတီ(မင်းဘူး) ဉက္ကဌ ဉီးလှအောင် က ပြောသည်။
အဆိုပါ မော်တော်ယာဉ် လိုင်းဂိတ်သည် မင်းဘူးမြို့ မြောက်လှည်းကောက် အဝိုင်းပတ် အနီးတွင် တည်ရှိပြီး မင်းဘူးမြို့မှ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ လည်းကောင်း၊ မန်းရွှေစက်တော်ဘုရားမှ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ပြေးဆွဲသွားမည်ဖြစ်ပြီး ကိုရီးယား နိုင်ငံမှ ထုတ်လုပ်သော ဟွန်ဒိုင်းကားများ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဘုရားပွဲတော်အား တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့ထိ ရက်ပေါင်း(၈၀)တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Source- MDN #Myanmar_Online_News

0 comments:

Post a Comment