Sunday, January 26, 2020

ဝူဟန် အဆုတ်နာရောဂါ Corona Virus လက္ခဏာများနဲ့ ရောဂါကူးစက်မခံရအောင် ကြိုတင်ကာကွယ်နိုင်ဖို့ ဆောင်ရန်/ရှောင်ရန်အချက်များ

Image may contain: one or more people, people standing and text
Corona Virus ကြောင့်ဖြစ်ပွားတဲ့ အဆုတ်နာရောဂါဟာ တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟမ်မြို့မှ စတင်ဖြစ်ပွားခဲ့ပြီး ကူးစက်မှုနှုန်းဟာ ကြောက်ခမန်းလိလိ မြင့်တက်လျက်ရှိနေကာ သေဆုံးသူဦးရေ ၂၅ ဦးကျော်အထိ ရှိနေပြီလို့ သိရပါတယ်။ အဲဒါကြောင့် ဝူဟမ် အဆုတ်နာရောဂါ လက္ခဏာတွေနဲ့ ကြိုတင် ကာကွယ်နိုင်မယ့် အချက်အလက်များကို သိထားသင့်ပါတယ်။

ရောဂါလက္ခဏာတွေကတော့ -
၁-နှာစေးခြင်း၊
၂-ချောင်းဆိုးခြင်း၊
၃-လည်ချောင်းနာခြင်း၊
၄-ခေါင်းကိုက်ခြင်း၊
၅-ဖျားခြင်း
၆-အဖျားအတက်အကျ မြန်ခြင်း၊
၇- ကိုယ်လက်ကိုက်ခဲခြင်း၊
၈- ဝေဒနာပြင်းထန်ခြင်း အစရှိတဲ့ လက္ခဏာတွေရှိနေခဲ့ရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

ကူးစက်ခံရနိုင်ချေ အများဆုံးရှိတဲ့သူတွေကတော့ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များနဲ့ သက်ကြီးရွယ်အိုတွေပါ။ ဒါ့အပြင် ကိုယ်ခံအားနည်းသောသူတွေမှာလည်း အလွယ်တကူ ကူးစက် ဝင်ရောက်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ တိရစ္ဆာန်အချင်းချင်းနဲ့ လူအချင်းချင်း ကူးစက်ပျံ့ပွားနိုင်ပါတယ်။
ကူးစက်ပျံ့နှံ့မှုနှုန်း တစ်ရှိန်ထိုးမြင့်တက်နေတဲ့ ဝူဟမ် ဗိုင်းရပ်စ်ကို ကုသပေးနိုင်တဲ့ ဆေးမရှိသေးဘဲ သိပ္ပံပညာရှင်များက စမ်းသပ်လေ့လာနေဆဲသာဖြစ်ပါတယ်။ အဲဒါကြောင့် ဝူဟမ် ဗိုင်းရပ်စ် ကူးစက်မခံရအောင် ကိုယ်ကိုယ်တိုင်က ကြိုတင် ကာကွယ်ထားရပါမယ်။
ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ -
၁-အိမ်မွေးတိရစ္ဆာန်များ ငှက်များအပါအဝင် ထိတွေ့ခြင်းမှရှောင်ကြဉ်ပါ။
၂- အသားစိမ်းများစားသောက်ခြင်း ကို ရှောင်ကြဉ်ပါ။
၃-နှာစေးချောင်းဆိုးနေသော သူများနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
၄-တစ်ကိုယ်ရည်သန့်ရှင်းမူကိုအလေးထားပါ
၅-လက်ကိုစင်ကြယ်စွာဆေးပါ ( အစာမစားမီ, အိမ်သာအထွက်, နှပ်ညစ်ပြီး ဒါမှမဟုတ်ချောင်းဆိုးပြီး သောအချိန်များတွင်လက်ဆေးပါ)
၆-လိုအပ်ပါက နှာခေါင်းစည်း တပ်ပါ။
၇-ချောင်းဆိုး ပါက တစ်ရှုးဖြင့်အုပ်ပြီး ဆိုးပါ။ ပြီးရင် အဲဒီ တစ်ရှုးကို ချက်ခြင်း အမှိုက်ပုံးထဲသို့ စွန့်ပစ်ပါ။
၈-ရေဆာမခံဘဲ ရေများများသောက်သုံးပေးပါ။ အတတ်နိုင်ဆုံး ရေကျက်အေးသောက်သုံးပေးပါ။ တစ်ခါသောက်ရင် ရေကျက်‌အေး 50-80 CC သောက်ပါ၊ ကလေးဆို 30-50 CC သောက်ပါ။
၉-ဆီကြော်စာများ၊ ချောင်းဆိုးစာများကို ရှောင်ကြဉ်ပါ။
၁၀- လူစုလူဝေးနေရာများကို ရှောင်ကြဉ်ပါ။
၁၁-နေမကောင်းဖြစ်ပါက နီးစပ်ရာဆေးပေးခန်းသို့ ချက်ချင်းသွားရောက်ပြီး ဆရာဝန် ဖြင့် ပြသပါ ။

ကြိုတင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုအသုံးပြုပြီး ဝူဟမ် ဗိုင်းရပ်စ် ဘေးမှ ကင်းဝေးပြီး အနာရောဂါဘယ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။
Credit -Mobile Guide Journal #Myanmar_Online_News
>>zawgyi<<
ဝူဟန် အဆုတ်နာရောဂါ Corona Virus လက္ခဏာများနဲ့ ရောဂါကူးစက်မခံရအောင် ကြိုတင်ကာကွယ်နိုင်ဖို့ ဆောင်ရန်/ရှောင်ရန်အချက်များ
Friday , January 24 , 2020

0 comments:

Post a Comment