Tuesday, January 28, 2020

Coronavirusကြောင့် တရုတ်ခရီးသွားများအား ”ခရီးသွားဆိုက်ရောက်ဗီဇာ”ပေးခြင်းကို ဖိလစ်ပိုင် ယာယီရပ်ဆိုင်း

Image may contain: 1 person, camera, text that says 'QUARANTINE'Image may contain: airplane, sky and outdoor

Coronavirus ကို ကြိုတင်ကာကွယ်သောအားဖြင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာကြမည့် ခရီးသွားများအား ”ခရီးသွား ဆိုက်ရောက်ဗီဇာ(Tourist Visa on Arrival)”ဖြင့် ပြည်ဝင်ခွင့်ပြုခြင်းကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

2019-nCov ဗိုင်းရပ်စ်ဝင်ရောက်လာခြင်းအား ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရေးနှင့် ခရီးသွားဝင်ရောက်မှုကို လျော့ချလိုက်ခြင်းအားဖြင့် ဖြစ်နိုင်ချေကိုကျဆင်းစေရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဗျူမှ ကော်မရှင်နာမင်းကြီး မစ္စတာ Jaime Morente က အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
Source: Agencies/nc
>>Zawgyi<<
Coronavirusကြောင့် တရုတ်ခရီးသွားများအား ”ခရီးသွားဆိုက်ရောက်ဗီဇာ”ပေးခြင်းကို ဖိလစ်ပိုင် ယာယီရပ်ဆိုင်း
Tuesday, January 28 , 2020

Coronavirus ကို ကြိုတင်ကာကွယ်သောအားဖြင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာကြမည့် ခရီးသွားများအား ”ခရီးသွား ဆိုက်ရောက်ဗီဇာ(Tourist Visa on Arrival)”ဖြင့် ပြည်ဝင်ခွင့်ပြုခြင်းကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
2019-nCov ဗိုင်းရပ်စ်ဝင်ရောက်လာခြင်းအား ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရေးနှင့် ခရီးသွားဝင်ရောက်မှုကို လျော့ချလိုက်ခြင်းအားဖြင့် ဖြစ်နိုင်ချေကိုကျဆင်းစေရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဗျူမှ ကော်မရှင်နာမင်းကြီး မစ္စတာ Jaime Morente က အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
Source: Agencies/nc

0 comments:

Post a Comment