Tuesday, January 28, 2020

ဝူဟန်မြို့တွင် Coronavirus ရောဂါပိုးကူးစက်ခံထားရသူများကို ထားရှိမည့်ဆေးရုံသစ်ကြီး တည်ဆောက်မှု လေးရက်အတွင်းပြီးစီးလုနီးပါးဖြစ်

Image may contain: basketball court and outdoor

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် Coronavirus ရောဂါပိုးကူးစက်ခံထားရသူများကိုထားရှိရန်တည်ဆောက်နေသော ဆေးရုံသစ်ကြီးသည် လေးရက်အတွင်း ထက်ဝက်ခန့်ပြီးစီးနေပြီဖြစ်သည်ဟု သိရသည်။

အဆိုပါကုတင် ၁၀၀၀ ဆေးရုံသစ်ကြီးကို ယခုရက်သတ္တပတ်အကုန်တွင် အပြီးတည်ဆောက်ရန်မျှော်မှန်းထားသည်။ ဆေးရုံသစ်ကို Huoshenshan ဟု အမည်ပေးထားပြီး Fire God Mountain Hospital ဟု အဓိပ္ပာယ်ရသည်။ မြေခြောက်ဧကပေါ်တွင်တည်ဆောက်ထားပြီး ယာယီအဆောက်အအုံများ၊သင်္ဘောကွန်တိန်နာများဖြင့် ဖွဲ့စည်းထားကာ ဖေဖော်ဝါရီလ ၃ ရက်တွင် လူနာများကို စတင်လက်ခံသွားမည်ဖြစ်သည်။ ၂၀၀၃ ခုနှစ်ကလည်း SARS ရောဂါကြောင့် ဘေဂျင်းမြို့တွင် အလားတူယာယီဆေးရုံတစ်ခုကို တည်ဆောက်ခဲ့ရဖူးသည်။ ယခုအခါ လူ ၁၀၀ ကျော်သေဆုံးသူရှိလာပြီးဖြစ်သော Coronavirus ရောဂါပိုးသစ်ကြောင့် စုစုပေါင်းဆေးရုံသစ်လေးခုအထိ တည်ဆောက်သွားရန် မျှော်မှန်းထားသည်ဟု သိရသည်။

Image may contain: outdoor
No photo description available.
Image may contain: one or more people, people playing sports, child and outdoor
Image may contain: 1 person, standing, sky and outdoor
Source : AP #Myanmar_Online_News
>>Zawgyi<<
ဝူဟန်မြို့တွင် Coronavirus ရောဂါပိုးကူးစက်ခံထားရသူများကို ထားရှိမည့်ဆေးရုံသစ်ကြီး တည်ဆောက်မှု လေးရက်အတွင်းပြီးစီးလုနီးပါးဖြစ်
Tuesday, January 28 , 2020

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် Coronavirus ရောဂါပိုးကူးစက်ခံထားရသူများကိုထားရှိရန်တည်ဆောက်နေသော ဆေးရုံသစ်ကြီးသည် လေးရက်အတွင်း ထက်ဝက်ခန့်ပြီးစီးနေပြီဖြစ်သည်ဟု သိရသည်။
အဆိုပါကုတင် ၁၀၀၀ ဆေးရုံသစ်ကြီးကို ယခုရက်သတ္တပတ်အကုန်တွင် အပြီးတည်ဆောက်ရန်မျှော်မှန်းထားသည်။ ဆေးရုံသစ်ကို Huoshenshan ဟု အမည်ပေးထားပြီး Fire God Mountain Hospital ဟု အဓိပ္ပာယ်ရသည်။ မြေခြောက်ဧကပေါ်တွင်တည်ဆောက်ထားပြီး ယာယီအဆောက်အအုံများ၊သင်္ဘောကွန်တိန်နာများဖြင့် ဖွဲ့စည်းထားကာ ဖေဖော်ဝါရီလ ၃ ရက်တွင် လူနာများကို စတင်လက်ခံသွားမည်ဖြစ်သည်။ ၂၀၀၃ ခုနှစ်ကလည်း SARS ရောဂါကြောင့် ဘေဂျင်းမြို့တွင် အလားတူယာယီဆေးရုံတစ်ခုကို တည်ဆောက်ခဲ့ရဖူးသည်။ ယခုအခါ လူ ၁၀၀ ကျော်သေဆုံးသူရှိလာပြီးဖြစ်သော Coronavirus ရောဂါပိုးသစ်ကြောင့် စုစုပေါင်းဆေးရုံသစ်လေးခုအထိ တည်ဆောက်သွားရန် မျှော်မှန်းထားသည်ဟု သိရသည်။
Source : AP #Myanmar_Online_News

0 comments:

Post a Comment