Tuesday, January 28, 2020

ဆေးခြောက်ပင်စိုက်ခင်း Hemp စိုက်ပျိုးမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားအား အချုပ်လွတ်ထုချေခွင့် အာမခံသည့်သူကို အမှုဖွင့်

Image may contain: 3 people, people standing and outdoor

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ မြို့သာစက်မှုဇုန်အတွင်း ချဉ်ပေါင်နွယ်ဝင် Hemp စိုက်ပျိုးမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားအား အချုပ်လွတ်ထုချေခွင့် အာမခံခဲ့သည့် သူအား ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၅၁၄ အရ အထွေထွေအမှုဖွင့်ခဲ့ကြောင်း သိရသည် ။

ယခင်က အချုပ်ဖြင့် အမှုရင်ဆိုင်နေရသည့် အမေရိကန်နိုင်ငံသား Mr. John Fresric Todoroki ကို၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က ကျန်းမာရေးအကြောင့် ကျပ်သိန်းသုံးထောင်တန် ခံဝန်ဖြင့် အာမခံပေးခဲ့ခြင်းဖြစ်သည် ။
``ဒီနေ့မှာ တရားခံအမှတ် နှစ်အဖြစ် ပါဝင်တဲ့ မရွှန်းလဲ့မြတ်နိုးအတွက် အချုပ်လွတ်ထုချေခွင့် တောင်းထားတာကို တရားသူကြီးကပယ်ချပါတယ်။ မစ္စတာဂျွန်နဲ့ ပက်သက်ပြီးတော့က အာမခံပေးထားသူကို တရားရုံးကို ခေါ်ဆောင်လာခိုင်းထားတာမှာ အာမခံပေးထားတဲ့ ဦးခင်မောင်ဝင်း ကတော့ ရောက်လာတယ်။ တရားခံကိုတော့ ခေါ်မလာနိုင်တဲ့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၄ အရ အထွေထွေအမှုဖွင့်ပါတယ်။´´ ဟု မြင်းခြံခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဒေါ်တင်သန်း က ပြောသည်။
Mr. John Fresric Todoroki မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလဆန်းကတည်းက ရုံးချိန်းများကို လာရောက်ရင်ဆိုင်ခြင်းမပြုခဲ့ဘဲ ငါးကြိမ်တိုင် ပျက်ကွက်နေခဲ့သည့်အတွက် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တရားရုံးသို့ ခေါ်ဆောင်လာရန် အာမခံပေးထားသူ ဦးခင်မောင်ဝင်းအား တရားရုံးက ညွှန်ကြားခဲ့သော်လည်း အဆက်အသွယ်မရသည့်အတွက် ခေါ်ဆောင်လာနိုင်ခြင်းမရှိခဲ့ကြောင်း ဒေါက်တာခင်မောင်ဝင်းက ပြောကြားသည်။
အဆိုပါစိုက်ခင်းနေရာအား ဧပြီလ ၂၂ ရက်နေ့က ရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) ၊ အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ က သွားရောက် စစ်ဆေးရာ အဆိုပါစက်မှုဇုန်၌ ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင်ပါရှိသည်ဟု ယူဆရသော စိုက်ခင်း ၆၀ ဧကခန့်၊ စိုက်ခင်းအတွင်းရှိ ပင်မအဆောက်အဦးအတွင်း ဆေးခြောက်ဟုယူဆရသည့် အစေ့၊ အဆီ၊ အစေ့၊ Formic Acid ဟုယူရသည့် အရည်၊ အက်သနောဟုယူဆရသည့်အရည်၊ အက်ကိုဟောဟုယူဆရသည့်အရည်၊ Bio Maxs ဟု ယူဆရသည့် အစိမ်းအရည်၊ Acetone ဟု ယူဆရသည့်အရည်၊ Acetonitrile ဟု ယူရသည့်အရည်၊ Concort Water၊ Methonal ဟုယူရသည့် အရည်၊ အမိုနီယံဖော့စဖိတ်၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း သိရသည် ။
ထို့အတွက်ကြောင့် စိုက်ခင်းဝန်ထမ်းများဖြစ်သည့် ဦးရှိုင်းလတ်နှင့် မရွှန်းလဲ့မြတ်နိုး တို့အပါအဝင် အမေရိကန်နိုင်ငံသား Mr. Alexander Skemp Todoroki နှင့် Mr. John Fresric Todoroki တို့အား မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၆(က)/၁၉(က)/၂၀(က)/၂၁ တို့ဖြင့် ကနဦး အမှုဖွင့်ခဲ့ပြီး တရားရုံးက ၁၆(က)(ခ)/၁၉(က)/၂၀(က)(ခ) တို့ဖြင့် အမှုကို လက်ခံစစ်ဆေးခဲ့သည်။ အမှုမှ Mr. Alexander Skemp Todoroki သည် ထွက်ပြေးနေကြောင်း သိရသည် ။
ယခုအခါ အမှုတွင် နိုင်ငံခြားသားများဖြစ်သည့် အမေရိကန်နိုင်ငံသား Mr. Alexander Skemp Todoroki နှင့် Mr. John Fresric Todoroki တို့မှာ ထွက်ပြေးသွားပြီး မြန်မာနိုင်ငံသားများဖြစ်သည့် ဦးရှိုင်းလတ်နှင့် မရွှန်းလဲ့မြတ်နိုး တို့မှာ အချုပ်ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည် ။
Image may contain: 4 people, people standing and outdoor
Image may contain: 3 people, people standing
Image may contain: plant, tree, outdoor and nature, text that says 'ဆေးခြောက်စိုက်ခင်းအား တွေ့မြင်ရပုံ'
Ref : TheFifthWave #Myanmar_Online_News
>>Zawgyi<<
ဆေးခြောက်ပင်စိုက်ခင်း Hemp စိုက်ပျိုးမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားအား အချုပ်လွတ်ထုချေခွင့် အာမခံသည့်သူကို အမှုဖွင့်
Tuesday, January 28 , 2020

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ မြို့သာစက်မှုဇုန်အတွင်း ချဉ်ပေါင်နွယ်ဝင် Hemp စိုက်ပျိုးမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားအား အချုပ်လွတ်ထုချေခွင့် အာမခံ ခဲ့သည့် သူအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၄ အရ အထွေထွေအမှုဖွင့်ခဲ့ကြောင်း သိရသည် ။
ယခင်က အချုပ်ဖြင့် အမှုရင်ဆိုင်နေရသည့် အမေရိကန်နိုင်ငံသား Mr. John Fresric Todoroki ကို၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က ကျန်းမာရေးအကြောင့် ကျပ်သိန်းသုံးထောင်တန် ခံဝန်ဖြင့် အာမခံပေးခဲ့ခြင်းဖြစ်သည် ။
``ဒီနေ့မှာ တရားခံအမှတ် နှစ်အဖြစ် ပါဝင်တဲ့ မရွှန်းလဲ့မြတ်နိုးအတွက် အချုပ်လွတ်ထုချေခွင့် တောင်းထားတာကို တရားသူကြီးကပယ်ချပါတယ်။ မစ္စတာဂျွန်နဲ့ ပက်သက်ပြီးတော့က အာမခံပေးထားသူကို တရားရုံးကို ခေါ်ဆောင်လာခိုင်းထားတာမှာ အာမခံပေးထားတဲ့ ဦးခင်မောင်ဝင်း ကတော့ ရောက်လာတယ်။ တရားခံကိုတော့ ခေါ်မလာနိုင်တဲ့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၄ အရ အထွေထွေအမှုဖွင့်ပါတယ်။´´ ဟု မြင်းခြံခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဒေါ်တင်သန်း က ပြောသည်။
Mr. John Fresric Todoroki မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလဆန်းကတည်းက ရုံးချိန်းများကို လာရောက်ရင်ဆိုင်ခြင်းမပြုခဲ့ဘဲ ငါးကြိမ်တိုင် ပျက်ကွက်နေခဲ့သည့်အတွက် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တရားရုံးသို့ ခေါ်ဆောင်လာရန် အာမခံပေးထားသူ ဦးခင်မောင်ဝင်းအား တရားရုံးက ညွှန်ကြားခဲ့သော်လည်း အဆက်အသွယ်မရသည့်အတွက် ခေါ်ဆောင်လာနိုင်ခြင်းမရှိခဲ့ကြောင်း ဒေါက်တာခင်မောင်ဝင်းက ပြောကြားသည်။
အဆိုပါစိုက်ခင်းနေရာအား ဧပြီလ ၂၂ ရက်နေ့က ရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) ၊ အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ က သွားရောက် စစ်ဆေးရာ အဆိုပါစက်မှုဇုန်၌ ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင်ပါရှိသည်ဟု ယူဆရသော စိုက်ခင်း ၆၀ ဧကခန့်၊ စိုက်ခင်းအတွင်းရှိ ပင်မအဆောက်အဦးအတွင်း ဆေးခြောက်ဟုယူဆရသည့် အစေ့၊ အဆီ၊ အစေ့၊ Formic Acid ဟုယူရသည့် အရည်၊ အက်သနောဟုယူဆရသည့်အရည်၊ အက်ကိုဟောဟုယူဆရသည့်အရည်၊ Bio Maxs ဟု ယူဆရသည့် အစိမ်းအရည်၊ Acetone ဟု ယူဆရသည့်အရည်၊ Acetonitrile ဟု ယူရသည့်အရည်၊ Concort Water၊ Methonal ဟုယူရသည့် အရည်၊ အမိုနီယံဖော့စဖိတ်၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း သိရသည် ။
ထို့အတွက်ကြောင့် စိုက်ခင်းဝန်ထမ်းများဖြစ်သည့် ဦးရှိုင်းလတ်နှင့် မရွှန်းလဲ့မြတ်နိုး တို့အပါအဝင် အမေရိကန်နိုင်ငံသား Mr. Alexander Skemp Todoroki နှင့် Mr. John Fresric Todoroki တို့အား မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၆(က)/၁၉(က)/၂၀(က)/၂၁ တို့ဖြင့် ကနဦး အမှုဖွင့်ခဲ့ပြီး တရားရုံးက ၁၆(က)(ခ)/၁၉(က)/၂၀(က)(ခ) တို့ဖြင့် အမှုကို လက်ခံစစ်ဆေးခဲ့သည်။ အမှုမှ Mr. Alexander Skemp Todoroki သည် ထွက်ပြေးနေကြောင်း သိရသည် ။
ယခုအခါ အမှုတွင် နိုင်ငံခြားသားများဖြစ်သည့် အမေရိကန်နိုင်ငံသား Mr. Alexander Skemp Todoroki နှင့် Mr. John Fresric Todoroki တို့မှာ ထွက်ပြေးသွားပြီး မြန်မာနိုင်ငံသားများဖြစ်သည့် ဦးရှိုင်းလတ်နှင့် မရွှန်းလဲ့မြတ်နိုး တို့မှာ အချုပ်ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည် ။
Ref : TheFifthWave #Myanmar_Online_News

0 comments:

Post a Comment