Monday, January 20, 2020

ရခိုင်အရေးတွင် လူမျိုးတုန်းသတ်ဖြတ်သည့် အထောက်အထားမတွေ့ရှိဟု လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ (ICOE) က ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင်ဖော်ပြ

Image may contain: 7 people, people smiling, people standing and indoorImage may contain: one or more people, people sitting, table and indoor

ရခိုင်တွင်လူမျိုးတုန်းသတ်ဖြတ်မှုဟုယူဆရလောက်သည့်သက်သေအထောက်အထားမတွေ့ရဆိုသည့် အကြောင်းအရာပါသော သတင်းကြေညာချက်တစ်ရပ်ကို သံအမတ်ကြီး မစ္စရိုဆာရီယိုမယ်နာလို ဦးဆောင်သော လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့(ICOE)က ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ကော်မရှင်သည် နှစ်ဖက်အသိုင်းအဝိုင်း၊အဖွဲ့အစည်းပေါင်းစုံထံမှ သက်သေပေါင်း၁၅၀၀ကို ကိုးကားကာ ယနေ့တွင်သတင်းကြေညာချက်တစ်ရပ်ထုတ်ပြန်သကဲ့သို့ ၁နှစ်နှင့် ၆လကြာ စုံစမ်းစစ်ဆေးပြီးနောက် ရရှိလာသည့် အပြီးသတ်အစီရင်ခံစာကိုလည်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ ကော်မရှင်က ပေးအပ်ခဲ့သည်ဟုသိရသည်။
သတင်းထုတ်ပြန်ချက်ထဲ တပ်မတော်က စစ်ဆင်ရေးကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်သည့်အကြောင်းရှိခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း တစ်ဖက်သို့ထွက်ပြေးသွားအောင် ရည်ရွယ်ချက်ရှိရှိဖြင့်ဆောင်ရွက်ခြင်းမျိုးမရှိသည့်အကြောင်း၊ဘာသာတစ်ခု လူမျိုးတစ်ခုအပေါ် ဖျက်ဆီးလိုသည့်ရည်ရွယ်ချက်မျိုးဖြင့်ကျူးလွန်သည့်အထောက်အထားပါမတွေ့ရကြောင်းနှင့် ထိုသို့လုပ်ဆောင်မှုများကလည်း လက်နက်ကိုင်အဖွဲ့အစည်း ၂ခုအကြားတိုက်ခိုက်မှုဖြစ်စဉ်များတွင်ဖြစ်ပွားခဲ့သည်ဟု ထည့်သွင်းဖော်ပြခဲ့သည်ကိုတွေ့ရသည်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့(ICOE)သည် ရခိုင်အရေးနှင့်စပ်လျဉ်းပြီး လွတ်လပ်စွာ စုံစမ်းစစ်ဆေးနိုင်သည့် အဖွဲ့တစ်ခုဖြစ်ပြီး၊ARSA အဖွဲ့က ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့် ယင်းနှင့်ဆက်စပ်သောကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန်၊ ကော်မရှင်အနေဖြင့် တာဝန် ရှိမှုကို စုံစမ်းဖော်ထုတ်ရန်နှင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရရှိစေရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အဆင့်ဆင့်နှင့်စပ်လျဉ်း၍ အကြံပြုချက်များပေးရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုယ်တိုင် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၅ ရက် ရက်စွဲပါနိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် (၆၁/၂၀၁၈) ဖြင့် ဖွဲ့စည်းပေးခဲ့သည့်အဖွဲ့ဖြစ်သည်။
အပြီးသတ်အစီရင်ခံစာကို ကော်မရှင်အဖွဲ့ခေါင်းဆောင်သံအမတ်ကြီး မစ္စရိုဆာရီယိုမယ်နာလို နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြသိန်း၊ သံအမတ်ကြီး ကင်ဇိုအိုရှီးမားနှင့် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်တို့ တက်ရောက်ပြီးပေးခဲ့ကြသည်ဟုသိရသည်။
Image may contain: 1 person, sitting, table and indoor
Image may contain: 1 person, sitting
Image may contain: 5 people, people smiling, people standing
Source : Myanmar President Office #Myanmar_Online_News
>>Zawgyi<<
ရခိုင်အရေးတွင် လူမျိုးတုန်းသတ်ဖြတ်သည့် အထောက်အထားမတွေ့ရှိဟု လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ (ICOE) က ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင်ဖော်ပြ
Tuesday , January 21 , 2020

ရခိုင်တွင်လူမျိုးတုန်းသတ်ဖြတ်မှုဟုယူဆရလောက်သည့်သက်သေအထောက်အထားမတွေ့ရဆိုသည့် အကြောင်းအရာပါသော သတင်းကြေညာချက်တစ်ရပ်ကို သံအမတ်ကြီး မစ္စရိုဆာရီယိုမယ်နာလို ဦးဆောင်သော လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့(ICOE)က ထုတ်ပြန်လိုက်ကြောင်းသိရသည်။
ကော်မရှင်သည် နှစ်ဖက်အသိုင်းအဝိုင်း၊အဖွဲ့အစည်းပေါင်းစုံထံမှ သက်သေပေါင်း၁၅၀၀ကို ကိုးကားကာ ယနေ့တွင်သတင်းကြေညာချက်တစ်ရပ်ထုတ်ပြန်သကဲ့သို့ ၁နှစ်နှင့် ၆လကြာ စုံစမ်းစစ်ဆေးပြီးနောက် ရရှိလာသည့် အပြီးသတ်အစီရင်ခံစာကိုလည်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ ကော်မရှင်က ပေးအပ်ခဲ့သည်ဟုသိရသည်။
သတင်းထုတ်ပြန်ချက်ထဲ တပ်မတော်က စစ်ဆင်ရေးကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်သည့်အကြောင်းရှိခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း တစ်ဖက်သို့ထွက်ပြေးသွားအောင် ရည်ရွယ်ချက်ရှိရှိဖြင့်ဆောင်ရွက်ခြင်းမျိုးမရှိသည့်အကြောင်း၊ဘာသာတစ်ခု လူမျိုးတစ်ခုအပေါ် ဖျက်ဆီးလိုသည့်ရည်ရွယ်ချက်မျိုးဖြင့်ကျူးလွန်သည့်အထောက်အထားပါမတွေ့ရကြောင်းနှင့် ထိုသို့လုပ်ဆောင်မှုများကလည်း လက်နက်ကိုင်အဖွဲ့အစည်း ၂ခုအကြားတိုက်ခိုက်မှုဖြစ်စဉ်များတွင်ဖြစ်ပွားခဲ့သည်ဟု ထည့်သွင်းဖော်ပြခဲ့သည်ကိုတွေ့ရသည်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့(ICOE)သည် ရခိုင်အရေးနှင့်စပ်လျဉ်းပြီး လွတ်လပ်စွာ စုံစမ်းစစ်ဆေးနိုင်သည့် အဖွဲ့တစ်ခုဖြစ်ပြီး၊ARSA အဖွဲ့က ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့် ယင်းနှင့်ဆက်စပ်သောကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန်၊ ကော်မရှင်အနေဖြင့် တာဝန် ရှိမှုကို စုံစမ်းဖော်ထုတ်ရန်နှင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရရှိစေရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အဆင့်ဆင့်နှင့်စပ်လျဉ်း၍ အကြံပြုချက်များပေးရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုယ်တိုင် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၅ ရက် ရက်စွဲပါနိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် (၆၁/၂၀၁၈) ဖြင့် ဖွဲ့စည်းပေးခဲ့သည့်အဖွဲ့ဖြစ်သည်။
အပြီးသတ်အစီရင်ခံစာကို ကော်မရှင်အဖွဲ့ခေါင်းဆောင်သံအမတ်ကြီး မစ္စရိုဆာရီယိုမယ်နာလို နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြသိန်း၊ သံအမတ်ကြီး ကင်ဇိုအိုရှီးမားနှင့် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်တို့ တက်ရောက်ပြီးပေးခဲ့ကြသည်ဟုသိရသည်။
Source : Myanmar President Office #Myanmar_Online_News

0 comments:

Post a Comment