

ပါကစ္စတန်အုပ်ချုပ်တဲ့ Kashmir ဒေသမှာ ရေခဲတောင် ပြိုကျတဲ့အတွက် အနည်းဆုံး လူ ၅၇ ဦးသေဆုံးပြီး လူတချို့ ပျောက်ဆုံးနေတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ဒီကနေ့ပြောပါတယ်။
အိန္ဒိယအုပ်ချုပ်ခံ Kashmir မြောက်ပိုင်းမှာလည်း အလားတူဖြစ်ရပ်အတွင်း အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့တာပါ။ မိုးသည်းထန်ပြီးနောက် မြေပြိုကျခဲ့တဲ့ Neelum တောင်ကြားဒေသတဝိုက်မှာလည်း ရွာသားအတော်များများ ပိတ်မိနေတယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။
အခင်းဖြစ်တဲ့ နေရာတွေကို ကယ်ဆယ်ရေးတွေ စေလွှတ်ထားကြောင်း သိရပါတယ်။
၂၀၁၂ ခုနှစ်တုန်းက အိန္ဒိယ နယ်စပ် ပါကစ္စတန်တပ် ဌာနချုပ်နားမှာ အခုလို တောင်ပေါ်က နှင်းထုနဲ့ ကျောက်တုံးတွေပြိုကျခဲ့တဲ့ အတွက် စစ်သား အနည်းဆုံး ၁၂၄ ဦးနဲ့ အရပ်သား ၁၁ ဦးသေဆုံးခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်လွတ်လပ်ရေး ရပြီးကတည်းက Kashmir ဒေသကို အိန္ဒိယနဲ့ ပါကစ္စတန် သီးခြားစီခွဲအုပ်ချုပ်ခဲ့တာဖြစ်ပြီး ဆယ်စုနှစ်များစွာတင်းမာမှုတွေကြား လူပေါင်းသောင်းနဲ့ ချီသေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။
<zawgyi>
ပါကစ္စတန် Kashmir ဒေသမှာ ရေခဲတောင် ပြိုကျမှု ၅၀ ကျော် သေဆုံး
Tuesday , January 14 , 2020
ပါကစ္စတန်အုပ်ချုပ်တဲ့ Kashmir ဒေသမှာ ရေခဲတောင် ပြိုကျတဲ့အတွက် အနည်းဆုံး လူ ၅၇ ဦးသေဆုံးပြီး လူတချို့ ပျောက်ဆုံးနေတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ဒီကနေ့ပြောပါတယ်။
အိန္ဒိယအုပ်ချုပ်ခံ Kashmir မြောက်ပိုင်းမှာလည်း အလားတူဖြစ်ရပ်အတွင်း အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့တာပါ။ မိုးသည်းထန်ပြီးနောက် မြေပြိုကျခဲ့တဲ့ Neelum တောင်ကြားဒေသတဝိုက်မှာလည်း ရွာသားအတော်များများ ပိတ်မိနေတယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။
အခင်းဖြစ်တဲ့ နေရာတွေကို ကယ်ဆယ်ရေးတွေ စေလွှတ်ထားကြောင်း သိရပါတယ်။
၂၀၁၂ ခုနှစ်တုန်းက အိန္ဒိယ နယ်စပ် ပါကစ္စတန်တပ် ဌာနချုပ်နားမှာ အခုလို တောင်ပေါ်က နှင်းထုနဲ့ ကျောက်တုံးတွေပြိုကျခဲ့တဲ့ အတွက် စစ်သား အနည်းဆုံး ၁၂၄ ဦးနဲ့ အရပ်သား ၁၁ ဦးသေဆုံးခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်လွတ်လပ်ရေး ရပြီးကတည်းက Kashmir ဒေသကို အိန္ဒိယနဲ့ ပါကစ္စတန် သီးခြားစီခွဲအုပ်ချုပ်ခဲ့တာဖြစ်ပြီး ဆယ်စုနှစ်များစွာတင်းမာမှုတွေကြား လူပေါင်းသောင်းနဲ့ ချီသေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။
#Myanmar_Online_News #ပါကစ္စတန် #ရေခဲတောင် #Kashmir
0 comments:
Post a Comment