Saturday, January 11, 2020

အိုမန်ဘုရင် Qaboos bin Said Al Said ကွယ်လွန်ခဲ့ပြီး ၎င်းနေရာအတွက် ဆက်ခံမည်သူ မရှိသေး

Image may contain: 1 personNo photo description available.

အာရပ်ကမ္ဘာရဲ့ သက်တမ်းအကြာရှည်ဆုံးအုပ်ချုပ်သူ အိုမန်ဘုရင် Qaboos bin Said Al Said ဟာ အသက်(၇၉)နှစ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရပါတယ်။

ဘုရင်ကြီးဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ လိုအပ် တဲ့ကုသမှုတွေခံယူပြီးတဲ့နောက် ပြီးခဲ့တဲ့လကမှ အိုမန်နိုင်ငံကို ပြန်ရောက်လာတာဖြစ်ပြီး အခုလ(၁၀) ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရတော့ ဘုရင်ကြီးမှာ ကင်ဆာရောဂါ ဖြစ်နေတာလို့ သိရပါတယ်။
ဘုရင်ကြီး Qaboosဟာ လက်ထပ်ထားတဲ့သူမဟုတ်တဲ့အတွက် ထီးနန်းအမွေကိုဆက်ခံမယ့်သူ (ဒါမှမဟုတ်) သတ်မှတ်ထားတဲ့ဆက်ခံသူ မရှိပါဘူး ။ အိုမန်နိုင်ငံရဲ့အခြေခံပြဌာန်းချက်အရ အမျိုးသားအဖွဲ့ဝင်(၅၀)ပါဝင်တဲ့ တော်ဝင်မိသားစုကောင်စီက လစ်လပ်နေတဲ့ဘုရင့်နေရာအတွက် ဆက်ခံမယ့်ဘုရင်အသစ်ကို (၃)ရက်အတွင်း ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
ဘုရင်ကြီး Qaboos ဟာ (၁၉၇၀)ခုနှစ်မှာ ဗြိတိန်ရဲ့ထောက်ခံမှုနဲ့ သွေးထွက်သံယိုမရှိတဲ့ အာဏာသိမ်းမှု အတွင်း သူ့ဖခင်ကိုထီးနန်းကနေ ဖြုတ်ချခဲ့ပါတယ်။ နိုင်ငံရဲ့ ရေနံကြွယ်ဝမှုကို အသုံးချပြီး အိုမန်နိုင်ငံ ကိုဖွံ့ဖြိုးတိုး တက်ရေးလမ်းကြောင်းပေါ်တင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဘုရင်ကြီးကွယ်လွန်မှုအတွက် (၃)ရက်ကြာ နိုင်ငံတော်ဝမ်းနည်းကြေကွဲတဲ့နေ့အဖြစ် ကြေညာထားပါတယ်။
Source- onenews #Myanmar_Online_News

<zawgyi>
အိုမန်ဘုရင် Qaboos bin Said Al Said ကွယ်လွန်ခဲ့ပြီး ၎င်းနေရာအတွက် ဆက်ခံမည်သူ မရှိသေး
Saturday,January 11 ,2019

အာရပ်ကမ္ဘာရဲ့ သက်တမ်းအကြာရှည်ဆုံးအုပ်ချုပ်သူ အိုမန်ဘုရင် Qaboos bin Said Al Said ဟာ အသက်(၇၉)နှစ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရပါတယ်။
ဘုရင်ကြီးဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ လိုအပ် တဲ့ကုသမှုတွေခံယူပြီးတဲ့နောက် ပြီးခဲ့တဲ့လကမှ အိုမန်နိုင်ငံကို ပြန်ရောက်လာတာဖြစ်ပြီး အခုလ(၁၀) ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရတော့ ဘုရင်ကြီးမှာ ကင်ဆာရောဂါ ဖြစ်နေတာလို့ သိရပါတယ်။
ဘုရင်ကြီး Qaboosဟာ လက်ထပ်ထားတဲ့သူမဟုတ်တဲ့အတွက် ထီးနန်းအမွေကိုဆက်ခံမယ့်သူ (ဒါမှမဟုတ်) သတ်မှတ်ထားတဲ့ဆက်ခံသူ မရှိပါဘူး ။ အိုမန်နိုင်ငံရဲ့အခြေခံပြဌာန်းချက်အရ အမျိုးသားအဖွဲ့ဝင်(၅၀)ပါဝင်တဲ့ တော်ဝင်မိသားစုကောင်စီက လစ်လပ်နေတဲ့ဘုရင့်နေရာအတွက် ဆက်ခံမယ့်ဘုရင်အသစ်ကို (၃)ရက်အတွင်း ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
ဘုရင်ကြီး Qaboos ဟာ (၁၉၇၀)ခုနှစ်မှာ ဗြိတိန်ရဲ့ထောက်ခံမှုနဲ့ သွေးထွက်သံယိုမရှိတဲ့ အာဏာသိမ်းမှု အတွင်း သူ့ဖခင်ကိုထီးနန်းကနေ ဖြုတ်ချခဲ့ပါတယ်။ နိုင်ငံရဲ့ ရေနံကြွယ်ဝမှုကို အသုံးချပြီး အိုမန်နိုင်ငံ ကိုဖွံ့ဖြိုးတိုး တက်ရေးလမ်းကြောင်းပေါ်တင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဘုရင်ကြီးကွယ်လွန်မှုအတွက် (၃)ရက်ကြာ နိုင်ငံတော်ဝမ်းနည်းကြေကွဲတဲ့နေ့အဖြစ် ကြေညာထားပါတယ်။
Source- onenews #Myanmar_Online_News

0 comments:

Post a Comment