Thursday, January 9, 2020

TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိ၊ ၅ ဦး အား ဖမ်းဆီးခေါ်ဆောင်

Image may contain: 1 person, sitting

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ တာကွန့်ကျေးရွာသို့ ဇန်နဝါရီ ၈ ရက်ညနေ ၅ နာရီခန့်တွင် TNLA အကြမ်းဖက်သောင်းကျန်းသူအင်အား ၆၀ ဦးခန့်သည် ကျေးရွာအတွင်း လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ကာ ဝင်ရောက်လာပြီး ရွာအဝင်လမ်းမပေါ်၌ တောင်ယာစိုက်ခင်းမှပြန်လာသည့် ဦးဖာကျီအား လက်နက်ငယ်များဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် ဦးဖာကျီတွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာရှိ ဦးကျောက်ယူးချွန် (ဘ)ဦးကျောက်စီဖူး အပါအဝင် အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်၍ ကျေးရွာ၏ အရှေ့တောင်ဘက်သို့ ပြန်လည်ထွက်ခွာ သွားကြောင်း သိရှိရသည်။
ထိုသို့ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့်လူနာအား နမ့်ခမ်း မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် အဆိုပါ ပတ်ဝန်းကျင်တစ်ဝိုက် အား တပ်မတော်စစ်ကြောင်းများက စုံစမ်းစစ်ဆေးခြင်းနှင့်နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
<<Zawgyi>>
TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိ၊ ၅ ဦး အား ဖမ်းဆီးခေါ်ဆောင်
နေပြည်တော် ၊ ဇန်နဝါရီ - ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ တာကွန့်ကျေးရွာသို့ ဇန်နဝါရီ ၈ ရက်ညနေ ၅ နာရီခန့်တွင် TNLA အကြမ်းဖက်သောင်းကျန်းသူအင်အား ၆၀ ဦးခန့်သည် ကျေးရွာအတွင်း လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ကာ ဝင်ရောက်လာပြီး ရွာအဝင်လမ်းမပေါ်၌ တောင်ယာစိုက်ခင်းမှပြန်လာသည့် ဦးဖာကျီအား လက်နက်ငယ်များဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် ဦးဖာကျီတွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာရှိ ဦးကျောက်ယူးချွန် (ဘ)ဦးကျောက်စီဖူး အပါအဝင် အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်၍ ကျေးရွာ၏ အရှေ့တောင်ဘက်သို့ ပြန်လည်ထွက်ခွာ သွားကြောင်း သိရှိရသည်။
ထိုသို့ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့်လူနာအား နမ့်ခမ်း မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် အဆိုပါ ပတ်ဝန်းကျင်တစ်ဝိုက် အား တပ်မတော်စစ်ကြောင်းများက စုံစမ်းစစ်ဆေးခြင်းနှင့်နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment