တရုတ်ရေတပ်ရဲ့ Type 055 ပဲ့ထိန်းဒုံးပျံတင် ဖျက်သင်္ဘောအမျိုးအစား (နေတိုး အမည်သတ်မှတ်ချက် Renhai-Class) ဖြစ်တဲ့ စစ်သင်္ဘောကြီး Nanchang (ကိုယ်ထည်အမှတ် ၁၀၁) ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်ဒေါင်းစီရင်စု၊ Qingdao မှာရှိတဲ့ ရေတပ်အခြေစိုက်စခန်းမှာ ရေချပွဲ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Type 055 အမျိုးအစားထဲမှာ ပထမဆုံးအစီးဖြစ်ပြီး သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်အတွင်း ပထမဆုံး တပ်တော်ဝင်တဲ့ တရုတ်ရေတပ်စစ်သင်္ဘောလည်း ဖြစ်ပါတယ်။ Nanchang ရဲ့ ရေချပွဲအခမ်းအနားကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ၂၀၁၇ ခုနှစ်အတွင်း ပြုလုပ်ခဲ့ပါတယ်။
ပင်လယ်ပြင်စက်စမ်းသပ်ခုတ်မောင်းခြင်းတွေကိုတော့ ၂၀၁၈ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။ Type 055 အတန်းအစား ရေပေါ်တိုက်ခိုက်ရေးအင်အားစုတွေဟာ ပဲ့ထိန်းဒုံးပျံတွေ တင်ဆောင်ထားရှိပြီးတော့ တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေး၊ ရေပြင်ရန်ကာကွယ်ရေး၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးတွေအတွက် အဓိကတပ်တော်ဝင်အသုံးပြုသွားမဲ့ စစ်သင်္ဘောကြီးတွေဖြစ်ပါတယ်။
အလျား ၁၈၀ မီတာ၊ အကျယ် ၂၀ မီတာရှိတဲ့ Type 055 တွေဟာ Type 052D Luyang III-Class တွေကို အဆင့်မြှင့်တင်ထားခြင်းဖြစ်ပါတယ်။ အမေရိကန်ရေတပ်က ခရူဇာတွေနဲ့ တိုက်ပွဲဝင်အဆင့်ယှဉ်နိုင်တယ်လို့ သိရပါတယ်။ ဝန်ပြည့်အလေးချိန် တန်ချိန် တစ်သောင်းကနေ တစ်သောင်းသုံးထောင်တန်ထိ ရှိပါတယ်။
VLS စနစ်သုံး ပဲ့ထိန်းဒုံးပျံ Cell Blocks ၂ ခုရှိပြီး VLS ဒုံးပျံ ၁၁၂ စင်း တင်ဆောင်ထားနိုင်မယ်လို့ သိရပါတယ်။ HHQ-9 လို့ခေါ်တဲ့ ရေပြင်မှ ဝေဟင်ပစ်၊ YJ-18 လို့ခေါ်တဲ့ ရေပြင်မှ ရေပြင်ပစ်၊ CJ-10 လို့ခေါ်တဲ့ ရေပြင်မှ ကုန်းမြေပစ်ဒုံးပျံတွေကို တင်ဆောင်ထားနိုင်ပါတယ်။ အဓိကစက်အမြောက်ကြီးအနေနဲ့ H/PJ-38 130mm အမျိုးအစား တပ်ဆင်ထားပါတယ်။ ဒါ့အပြင် အနာဂတ်ကာလတွေအတွက် ပစ်ခတ်ဖျက်ဆီးတိုက်ခိုက်မှု စွမ်းအားမြင့်မားတဲ့ Railgun ဆိုတာကြီးတွေကိုလည်း တပ်ဆင်ဖို့ လျာထားပါတယ်။
ဝေဟင်တင်ဆောင်နိုင်မှုအနေနဲ့ Z-18 အတန်းအစား ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရဟတ်ယာဉ် ၂ စီး တင်ဆောင်ထားနိုင်ပါတယ်။ တရုတ်ရေတပ်အနေနဲ့ Type 055 အတန်းအစား ပဲ့ထိန်းဒုံးပျံတင် ရေငုပ်သင်္ဘောတွေကို ရေယာဉ်စုသုံးခုမှာ နှစ်စီးစီ တပ်တော်ဝင်ထားရှိဖို့ လျာထားပါတယ်။ နောင် ၄ နှစ်ကြာသွားရင် Type 055 ၈ စီးထိရှိလာဖို့ စီမံကိန်းချ တည်ဆောက်နေပါတယ်။ လက်ရှိမှာ ၅ စီးကိုတော့ ရေချခြင်း ပြုလုပ်ပြီးသွားပြီဖြစ်ပါတယ်။

<zawgyi>
တရုတ်ရေတပ်ရဲ့ Type 055 ပဲ့ထိန်းဒုံးပျံတင် ဖျက်သင်္ဘော တပ်တော်ဝင်
Tuesday , January 14 , 2020

Source- thediplomat.com #Myanmar_Online_News #ပင်လယ်ရေကြောင်း

0 comments:
Post a Comment