Monday, February 17, 2020

ကျောက်တော်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား AA အကြမ်းဖက်သောင်းကျန်းသူများက တုတ်၊ ဓားများဖြင့် ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော်ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ မြို့မစျေးအတွင်း စျေးဝယ်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ဖေဖော်ဝါရီ ၁၄ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက တုတ်၊ ဓားများဖြင့် ရိုက်နှက်ထိုးသတ်ကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်တော်မြို့၊ မြို့မရွှေ ကျောင်းဘုန်းတော်ကြီးကျောင်း အနီးတစ်ဝိုက် လုံခြုံရေး ဆောင်ရွက်နေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ရဲတပ်သား စောပြည့်ဖြိုးဝင်းနှင့် ရဲတပ်သားရဲထက်တို့ နှစ်ဦးသည် ကျောက်တော်မြို့မစျေး ကစ္စပနဒီမြစ်ဆိပ် ငါးစျေးတန်း၌ စျေးဝယ်နေစဉ် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ခြောက်ဦးရောက်ရှိလာပြီး ၎င်းရဲတပ်သားနှစ်ဦးအား တုတ်၊ ဓားများဖြင့် ရိုက်နှက်ထိုးသတ်ပြီး စျေး၏ မြောက်ဘက်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်တော်မြို့မရဲစခန်း၌ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စစ်ဆေး ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
Source-မြဝတီ
>>Zawgyi<<
ကျောက်တော်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား AA အကြမ်းဖက် သောင်းကျန်းသူများက တုတ်၊ ဓားများဖြင့် ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော်ထုတ်ပြန်
Monday , February 17 , 2020
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ မြို့မစျေးအတွင်း စျေးဝယ်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ဖေဖော်ဝါရီ ၁၄ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက တုတ်၊ ဓားများဖြင့် ရိုက်နှက်ထိုးသတ်ကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်တော်မြို့၊ မြို့မရွှေ ကျောင်းဘုန်းတော်ကြီးကျောင်း အနီးတစ်ဝိုက် လုံခြုံရေး ဆောင်ရွက်နေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ရဲတပ်သား စောပြည့်ဖြိုးဝင်းနှင့် ရဲတပ်သားရဲထက်တို့ နှစ်ဦးသည် ကျောက်တော်မြို့မစျေး ကစ္စပနဒီမြစ်ဆိပ် ငါးစျေးတန်း၌ စျေးဝယ်နေစဉ် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ခြောက်ဦးရောက်ရှိလာပြီး ၎င်းရဲတပ်သားနှစ်ဦးအား တုတ်၊ ဓားများဖြင့် ရိုက်နှက်ထိုးသတ်ပြီး စျေး၏ မြောက်ဘက်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်တော်မြို့မရဲစခန်း၌ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စစ်ဆေး ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
Source-ျမဝတီ

0 comments:

Post a Comment