Sunday, February 16, 2020

NLDပါတီဝင် ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းအား ပဲခူးတိုင်းလွှတ်တော်ရုံးရှေ့တွင် ဒေသခံများမှဆန္ဒပြ


Image may contain: 1 person
ပဲခူးတိုင်း၊ ပဲခူးမြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့မှာ ဒီကနေ့မနက်ပိုင်းက ကဝမြို့နယ်၊ ရစ်ကန်ကြီးကျေးရွာ ရှိ ဒေသခံပြည်သူတွေဟာ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြခဲ့ကြပါတယ်။
‟ရစ်ကန်ကြီးကျေးရွာရဲ့တရားဝင်လမ်းကြောင်းမှန်ပေါ့ ခေတ်အဆက်ဆက်က ဘာခင်းခင်းချပေးခဲ့တာကို အခုကွန်ကရစ်လမ်းခင်းမှ လူတစ်စုအကျိုးအတွက် တရားဝင်လမ်းမအတိုင်းမခင်းဘဲ လမ်းသွယ်ကခင်းလို့ ကျွန်တော်တို့ပြည်သူတွေက လုံးဝလက်မခံတာပါ၊ အများပြည်သူအကျိုးလည်း ထိခိုက်တဲ့အတွက် ကျွန်တော်တို့က ဌာနဆိုင်ရာနဲ့ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌ၊ ပဲခူတိုင်းဝန်ကြီးချုပ်။ နိုင်ငံတော်သမ္မတအထိ တင်ပြထားတာ နှစ်ကြိမ်ရှိပါပြီ။ ဒါကိုယနေ့အချိန်ထိ ကွင်းဆင်းစစ်ဆေး အရေးယူဆောင်ရွက်တာမရှိသေးလို့ အခုလိုဆန္ဒထုတ်ဖော်ရတာပါ”လို့ ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ဦးဆန်းဝင်းကပြောပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဏာနှစ်မှာ ကဝမြို့နယ်ရစ်ကန်ကြီးကျေးရွာ ဂဝံလမ်းဟောင်းအပေါ် ကွန်ကရစ်လမ်းအရှည် (၁)မိုင် နဲ့ (၇)ဖာလုံခင်းဖို့ ဆောင်ရွက်ရာမှာ မူလလမ်းဟောင်းအတိုင်း မဆောင်ရွက်ဘဲ လွှတ်တော်ကိုယ်စားလှယ်ရဲ့သဘောဆန္ဒနဲ့ ကိုယ်ထူကိုယ်ထလုပ်ထားတဲ့ လမ်းသွယ်ဘက်ကို ဆောင်ရွက်တဲ့အတွက် ဒေသခံပြည်သူတွေက ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီမိန်းလမ်းမကြီးကို နိုင်ငံတော်အစိုးရဘတ်ဂျက်ငွေနဲ့ ကွန်ကရစ်လမ်းခင်းခွင့်ကြထားပြီး ရွာလယ်လမ်းရောက်တဲ့အခါ ကိုယ်ထူကိုယ်ထလုပ်ထားတဲ့ လမ်းသွယ်ဘက်ကို ဆက်လက်ဆောင်ရွက်နေပြီး ရွာလမ်းမကြီးကိုဆက်မခင်းတော့တာလို့ သိရပါတယ်။

ရွာလမ်းမကြီးဟာ တစ်ရွာလုံးအဓိကထားတဲ့လမ်းဖြစ်ပြီး နေ့စဉ်ကျောင်းသူ/သားတွေ အသုံးပြုနေတဲ့လမ်းဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်က သူရဲ့သဘောဆန္ဒနဲ့ အများပြည်သူကိုအလေးမထားဘဲ လူနည်းစုနဲ့အစည်းအဝေးလုပ် အတည်ပြုသွားတဲ့အတွက် ဒေသခံတွေမနေနဲ့ ကျေနပ်မှုမရှိကြဘူးလို့ သိရပါတယ်။

‟လူနည်းစုကတော့ မကျေနပ်တာပေါ့လေ၊ လမ်းရွေးတာကို ကျွန်တော်တို့ကတော့ တရားဝင် အများသဘောတူဆုံးဖြတ်ပြီး အဲဒီလမ်းကိုရွေးလိုက်တာပါ၊ အဲဒီရွာက ကျွန်တေ်ာတို့ကိုထောက်ခံတဲ့ အများစုက ဘာတွေလုပ်ကြမလဲမသိဘူး၊ ကျွန်တော်ကတော့ အများသဘောတူ ဆုံးဖြတ်ထားတာပါ၊ တံတားရှိတဲ့ နေရာလမ်းကိုယူပြီး ဟိုဘက်(၁၅)ရွာကထောက်ခံထားတာ၊ အဲဒီတော့ အဲဒီနေရာကို ကျွန်တော်တို့က ကွန်ကရစ်လမ်းခင်းဖို့ရွေးလိုက်တာ၊ ဌာနဆိုင်ရာတွေ အများကြီးရဲ့သဘောဆန္ဒနဲ့ရွေးလိုက်တာပါ၊ ကျွန်တော်တို့အစိုးရက ဘာပဲဖြစ်ဖြစ် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရှိတယ်လေ၊ ဒါကိုတော့ ကျွန်တော်ကအပြစ်မပြောပါဘူး။ သူတို့လိုချင်တာ တောင်းတာပေါ့နော်၊ လမ်းဟောင်းမှာလည်း တံတားရခဲ့ရင် အဲဒီလမ်းကိုလည်း အဆင့်မြှင့်တင်ပေးမယ်လို့လည်း အစည်းအဝေးဆုံးဖြတိထားတာပါ”လို့ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ပြောပါတယ်။

ကဝမြို့နယ်၊ ရစ်ကန်ကြီးကျေးရွာကိုခင်းမယ့် ကွန်ကရစ်လမ်းကို တရားဝင်လမ်းကြောင်းအမှန်အတိုင်း ခင်းပေးရေး ဒို့အရေး၊ ပြညိသူ့ဆန္ဒကို မျက်ကွယ်ပြုသူ ကဝမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အလိုမရှိ၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီးရံပုံငွေကို မမှန်မကန်လမ်းလွှဲအသုံးပြုနေသူ ဌာနဆိုင်ရာတာဝန်ရှိသူအားလုံး အရေးယူပေးပါ စတဲ့ကြွေးကြော်သံတွေနဲ့ ပဲခူးတိုင်းလွှတ်တော်ရုံးရှေ့ကနေ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးရှေ့ထိ လမ်းလျောက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

အခုလိုဆန္ဒပြတာကို သက်ဆိုင်ရာတွေအနေနဲ့ ဆက်လက် ဥပက္ခာပြုနေမယ်ဆိုလျှင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ရုံးရှေ့ထိ ဆန္ဒပြသွားမယ်လို့လည်း သိရပါတယ်။
Ref-VOM
>>Zawgyi<<
NLDပါတီဝင် ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းအား ပဲခူးတိုင်းလွှတ်တော်ရုံးရှေ့တွင် ဒေသခံများမှဆန္ဒပြ
Monday , February 17 , 2020
ပဲခူးတိုင်း၊ ပဲခူးမြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံးေရှ့မှာ ဒီကနေ့မနက်ပိုင်းက ကဝမြို့နယ်၊ ရစ်ကန်ကြီးကျေးရွာ ရှိ ဒေသခံပြည်သူတွေဟာ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြခဲ့ကြပါတယ်။

‟ရစ်ကန်ကြီးကျေးရွာရဲ့တရားဝင်လမ်းကြောင်းမှန်ပေါ့ ခေတ်အဆက်ဆက်က ဘာခင်းခင်းချပေးခဲ့တာကို အခုကွန်ကရစ်လမ်းခင်းမှ လူတစ်စုအကျိုးအတွက် တရားဝင်လမ်းမအတိုင်းမခင်းဘဲ လမ်းသွယ်ကခင်းလို့ ကျွန်တော်တို့ပြည်သူတွေက လုံးဝလက်မခံတာပါ၊ အများပြည်သူအကျိုးလည်း ထိခိုက်တဲ့အတွက် ကျွန်တော်တို့က ဌာနဆိုင်ရာနဲ့ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌ၊ ပဲခူတိုင်းဝန်ကြီးချုပ်။ နိုင်ငံတော်သမ္မတအထိ တင်ပြထားတာ နှစ်ကြိမ်ရှိပါပြီ။ ဒါကိုယနေ့အချိန်ထိ ကွင်းဆင်းစစ်ဆေး အရေးယူဆောင်ရွက်တာမရှိသေးလို့ အခုလိုဆန္ဒထုတ်ဖော်ရတာပါ”လို့ ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ဦးဆန်းဝင်းကပြောပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဏာနှစ်မှာ ကဝမြို့နယ်ရစ်ကန်ကြီးကျေးရွာ ဂဝံလမ်းဟောင်းအပေါ် ကွန်ကရစ်လမ်းအရှည် (၁)မိုင် နဲ့ (၇)ဖာလုံခင်းဖို့ ဆောင်ရွက်ရာမှာ မူလလမ်းဟောင်းအတိုင်း မဆောင်ရွက်ဘဲ လွှတ်တော်ကိုယ်စားလှယ်ရဲ့သဘောဆန္ဒနဲ့ ကိုယ်ထူကိုယ်ထလုပ်ထားတဲ့ လမ်းသွယ်ဘက်ကို ဆောင်ရွက်တဲ့အတွက် ဒေသခံပြည်သူတွေက ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီမိန်းလမ်းမကြီးကို နိုင်ငံတော်အစိုးရဘတ်ဂျက်ငေွနဲ့ ကွန်ကရစ်လမ်းခင်းခွင့်ကြထားပြီး ရွာလယ်လမ်းရောက်တဲ့အခါ ကိုယ်ထူကိုယ်ထလုပ်ထားတဲ့ လမ်းသွယ်ဘက်ကို ဆက်လက်ဆောင်ရွက်နေပြီး ရွာလမ်းမကြီးကိုဆက်မခင်းတော့တာလို့ သိရပါတယ်။

ရွာလမ်းမကြီးဟာ တစ်ရွာလုံးအဓိကထားတဲ့လမ်းဖြစ်ပြီး နေ့စဉ်ကျောင်းသူ/သားတွေ အသုံးပြုနေတဲ့လမ်းဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်က သူရဲ့သဘောဆန္ဒနဲ့ အများပြည်သူကိုအလေးမထားဘဲ လူနည်းစုနဲ့အစည်းအဝေးလုပ် အတည်ပြုသွားတဲ့အတွက် ဒေသခံတွေမနေနဲ့ ကျေနပ်မှုမရှိကြဘူးလို့ သိရပါတယ်။

‟လူနည်းစုကတော့ မကျေနပ်တာပေါ့လေ၊ လမ်းရွေးတာကို ကျွန်တော်တို့ကတော့ တရားဝင် အများသဘောတူဆုံးဖြတ်ပြီး အဲဒီလမ်းကိုရွေးလိုက်တာပါ၊ အဲဒီရွာက ကျွန်တေ်ာတို့ကိုထောက်ခံတဲ့ အများစုက ဘာတွေလုပ်ကြမလဲမသိဘူး၊ ကျွန်တော်ကတော့ အများသဘောတူ ဆုံးဖြတ်ထားတာပါ၊ တံတားရှိတဲ့ နေရာလမ်းကိုယူပြီး ဟိုဘက်(၁၅)ရွာကထောက်ခံထားတာ၊ အဲဒီတော့ အဲဒီနေရာကို ကျွန်တော်တို့က ကွန်ကရစ်လမ်းခင်းဖို့ရွေးလိုက်တာ၊ ဌာနဆိုင်ရာတွေ အများကြီးရဲ့သဘောဆန္ဒနဲ့ရွေးလိုက်တာပါ၊ ကျွန်တော်တို့အစိုးရက ဘာပဲဖြစ်ဖြစ် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရှိတယ်လေ၊ ဒါကိုတော့ ကျွန်တော်ကအပြစ်မပြောပါဘူး။ သူတို့လိုချင်တာ တောင်းတာပေါ့နော်၊ လမ်းဟောင်းမှာလည်း တံတားရခဲ့ရင် အဲဒီလမ်းကိုလည်း အဆင့်မြှင့်တင်ပေးမယ်လို့လည်း အစည်းအဝေးဆုံးဖြတိထားတာပါ”လို့ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ပြောပါတယ်။

ကဝမြို့နယ်၊ ရစ်ကန်ကြီးကျေးရွာကိုခင်းမယ့် ကွန်ကရစ်လမ်းကို တရားဝင်လမ်းကြောင်းအမှန်အတိုင်း ခင်းပေးရေး ဒို့အရေး၊ ပြညိသူ့ဆန္ဒကို မျက်ကွယ်ပြုသူ ကဝမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အလိုမရှိ၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီးရံပုံငွေကို မမှန်မကန်လမ်းလွှဲအသုံးပြုနေသူ ဌာနဆိုင်ရာတာဝန်ရှိသူအားလုံး အရေးယူပေးပါ စတဲ့ကြွေးကြော်သံတွေနဲ့ ပဲခူးတိုင်းလွှတ်တော်ရုံးရှေ့ကနေ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးရှေ့ထိ လမ်းလျောက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

အခုလိုဆန္ဒပြတာကို သက်ဆိုင်ရာတွေအနေနဲ့ ဆက်လက် ဥပက္ခာပြုနေမယ်ဆိုလျှင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ရုံးရှေ့ထိ ဆန္ဒပြသွားမယ်လို့လည်း သိရပါတယ်။
Ref-VOM

0 comments:

Post a Comment