Monday, February 17, 2020

ပလက်ဝမြို့နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့သည် ဆန်တင်ဆောင်လာသည့် စက်လှေအား တား၍ ဆန်များအားလုယူသွား


Image may contain: sky, cloud, mountain, outdoor, nature and water
ပလက်ဝမြို့နယ်တွင် ဆန်သယ်ယူလာသည့် စက်လှေအား AA အကြမ်းဖက်သောင်းကျန်းသူများ အဖွဲ့မှ တား၍ ဆန်များလုယူသွားကြောင်း သိရသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ ‘ ဝက်မကျေးရွာထဲတွင် လက်နက်ကြီး ကျည်ဆံ ကျရောက်ပေါက်ကွဲတယ်၊ ဒီနေ့နေလည်မှာ ပလက်ဝအထက်ပိုင်းမှာ ဆန်သယ်တဲ့ စက်လှေကိုAA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့က ပိန္နဲတပင်ကျေးရွာ အထက်နားမှာ စက်လှေကို တားပြီးဆန်လုယူသွားတယ် ၎င်းဆန်ကို AAအဖွဲ့မှရွာသားတွေကိုခေါ်ပြီး တောထဲသို့ ပို့ခိုင်းခဲ့တယ်’လို့ ပြောသည်။

အဓိက ပလက်ဝမြို့အနီးဝန်းကျင်နှင့်ဝက်မကျေးရွာ အနီးဝန်းကျင် တိုက်ပွဲပြင်းထန်လျှက်ရှိပြီး တိုက်ပွဲကြောင့်လှိုင်းစက်လှေများ ပြေးဆွဲခြင်းမရှိပဲ ပိတ်ပင်ထားရပြီးရေကြောင်းလမ်း ပိတ်ပင်ခံနေရသည့် အတွက် ကုန်စျေးနှုန်းမြင့်တက်လာသကဲ့သို့၊ပလက်ဝမြို့နယ်အတွင်း ဆန်ဝယ်ယူရန် အခက်အခဲရှိနေသည်။

ပလက်ဝမြို့ပေါ်တွင် ယခင်က ဓါတ်ဆီ ၁ဂါလံကို ၅၀၀၀ ဝန်းကျင်မှ ယခုအခါ ဓါတ်ဆီ ၁ဂါလံကို ၁၀၀၀၀ ကျပ်အထိ မြင့်တက်လာကြောင်းကုန်စျေးနှုန်း မြင့်တက်သလို၊တစ်ချို့စားသောက်ကုန်များ ပြတ်လတ်မှုနှင့်ကြုံတွေ့နေရပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
Source - May Yu News
<zawgyi>
ပလက်ဝမြို့နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့သည် ဆန်တင်ဆောင်လာသည့် စက်လှေအား တား၍ ဆန်များအားလုယူသွား
Tuesday , February 18 , 2020

ပလက်ဝမြို့နယ်တွင် ဆန်သယ်ယူလာသည့် စက်လှေအား AA အကြမ်းဖက်သောင်းကျန်းသူများ အဖွဲ့မှ တား၍ ဆန်များလုယူသွားကြောင်း သိရသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ ‘ ဝက်မကျေးရွာထဲတွင် လက်နက်ကြီး ကျည်ဆံ ကျရောက်ပေါက်ကွဲတယ်၊ ဒီနေ့နေလည်မှာ ပလက်ဝအထက်ပိုင်းမှာ ဆန်သယ်တဲ့ စက်လှေကိုAA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့က ပိန္နဲတပင်ကျေးရွာ အထက်နားမှာ စက်လှေကို တားပြီးဆန်လုယူသွားတယ် ၎င်းဆန်ကို AAအဖွဲ့မှရွာသားတွေကိုခေါ်ပြီး တောထဲသို့ ပို့ခိုင်းခဲ့တယ်’လို့ ပြောသည်။

အဓိက ပလက်ဝမြို့အနီးဝန်းကျင်နှင့်ဝက်မကျေးရွာ အနီးဝန်းကျင် တိုက်ပွဲပြင်းထန်လျှက်ရှိပြီး တိုက်ပွဲကြောင့်လှိုင်းစက်လေှများ ပြေးဆွဲခြင်းမရှိပဲ ပိတ်ပင်ထားရပြီးရေကြောင်းလမ်း ပိတ်ပင်ခံနေရသည့် အတွက် ကုန်စျေးနှုန်းမြင့်တက်လာသကဲ့သို့၊ပလက်ဝမြို့နယ်အတွင်း ဆန်ဝယ်ယူရန် အခက်အခဲရှိနေသည်။

ပလက်ဝမြို့ပေါ်တွင် ယခင်က ဓါတ်ဆီ ၁ဂါလံကို ၅၀၀၀ ဝန်းကျင်မှ ယခုအခါ ဓါတ်ဆီ ၁ဂါလံကို ၁၀၀၀၀ ကျပ်အထိ မြင့်တက်လာကြောင်းကုန်စျေးနှုန်း မြင့်တက်သလို၊တစ်ချို့စားသောက်ကုန်များ ပြတ်လတ်မှုနှင့်ကြုံတွေ့နေရြပီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
Source - May Yu News

0 comments:

Post a Comment