အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား ရေကြောင်းဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးဖို့ အိန္ဒိယရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Karambir Singh ဟာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၁၇ ကနေ ၂၀ ရက်နေ့အထိ ၄ ရက်ကြာ တရား၀င်ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေပါတယ်။
အိန္ဒိယနဲ့ မြန်မာအကြား ရေကြောင်းနယ်နိမိတ် ၇၂၅ ကီလိုမီတာ ထိစပ်မှုရှိနေတာကြောင့် အရှေ့တောင် အာရှဒေသနဲ့ ရေကြောင်းအရ ဆက်သွယ်ရေးမှာ အိန္ဒိယအတွက် မြန်မာဟာ အရေးပါတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့အာရှက နိုင်ငံတွေနဲ့ စီးပွားရေးအရ လက်တွဲ ဆောင်ရွက်ရေးမှာ မြန်မာဟာ အိန္ဒိယအတွက် ထွက်ပေါက်နိုင်ငံလည်း ဖြစ်နေတာပါ။
ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းတို့အပြင် တခြား အဆင်မြင့် အစိုးရအရာရှိတွေနဲ့လည်း တွေ့ဆုံမယ့်အကြောင်း အိန္ဒိယရေတပ်က သတင်းထုတ်ပြန်ထားပါတယ်။
အိန္ဒိယနဲ့ မြန်မာရေတပ်၀န်ထမ်းတွေအကြား ပုံမှန် တွေ့ဆုံဆွေးနွေးတာ၊ ရေကြောင်းဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးတွဲဆောင်ရွက်ရေးနဲ့ ဆိပ်ကမ်းတွေ အပြန်အလှန် သွားရောက် လည်ပတ်ရေးတို့အတွက် လုပ်ငန်းအဖွဲ့စည်း ဝေးပွဲ ကျင်းပတာ၊ ပူးတွဲ ကင်းလှည့်တာ၊ ပူးတွဲ စစ်ရေးလေ့ကျင့်တာ၊ သင်တန်းတွေ ပူးတွဲကျင်းပတာနဲ့ ရေ ကြောင်းနယ်နိမိတ် တိုင်းထွာရေးဆိုင်ရာ ကိစ္စတွေကို ပူးတွဲ လုပ်ဆောင်တွေ ပုံမှန် ကျင်းပလေ့ရှိကြောင်း အိန္ဒိယရေတပ်အရာရှိပြောတာကို ကိုးကားပြီး အိန္ဒိယသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
အိန္ဒိယရေတပ်ဦးစီးချုပ် Karambir Singh ဟာ နေပြည်တော်မှာရှိတဲ့ စစ်သင်တန်းကျောင်းကို သွားရောက် လည်ပတ်တာအပြင် ရန်ကုန်က မြန်မာ့ရေတပ် သင်္ဘောကျင်းကိုလည်း သွားရောက်လည်ပတ်မယ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
Source - VOA
<zawgyi>
မြန်မာနိုင်ငံအကြား ရေကြောင်းဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးအတွက် ဆွေးနွေးရန် အိန္ဒိယ ရေတပ်ဦးစီးချုပ် မြန်မာနိုင်ငံသို့ ရောက်ရှိ
Tuesday , February 18 , 2020
အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား ရေကြောင်းဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးဖို့ အိန္ဒိယရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Karambir Singh ဟာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၁၇ ကနေ ၂၀ ရက်နေ့အထိ ၄ ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေပါတယ်။
အိန္ဒိယနဲ့ မြန်မာအကြား ရေကြောင်းနယ်နိမိတ် ၇၂၅ ကီလိုမီတာ ထိစပ်မှုရှိနေတာကြောင့် အရှေ့တောင် အာရှဒေသနဲ့ ရေကြောင်းအရ ဆက်သွယ်ရေးမှာ အိန္ဒိယအတွက် မြန်မာဟာ အရေးပါတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့အာရှက နိုင်ငံတွေနဲ့ စီးပွားရေးအရ လက်တွဲ ဆောင်ရွက်ရေးမှာ မြန်မာဟာ အိန္ဒိယအတွက် ထွက်ပေါက်နိုင်ငံလည်း ဖြစ်နေတာပါ။
ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းတို့အပြင် တခြား အဆင်မြင့် အစိုးရအရာရှိတွေနဲ့လည်း တွေ့ဆုံမယ့်အကြောင်း အိန္ဒိယရေတပ်က သတင်းထုတ်ပြန်ထားပါတယ်။
အိန္ဒိယနဲ့ မြန်မာရေတပ်ဝန်ထမ်းတွေအကြား ပုံမှန် တွေ့ဆုံဆွေးနွေးတာ၊ ရေကြောင်းဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးတွဲဆောင်ရွက်ရေးနဲ့ ဆိပ်ကမ်းတွေ အပြန်အလှန် သွားရောက် လည်ပတ်ရေးတို့အတွက် လုပ်ငန်းအဖွဲ့စည်း ဝေးပွဲ ကျင်းပတာ၊ ပူးတွဲ ကင်းလှည့်တာ၊ ပူးတွဲ စစ်ရေးလေ့ကျင့်တာ၊ သင်တန်းတွေ ပူးတွဲကျင်းပတာနဲ့ ရေ ကြောင်းနယ်နိမိတ် တိုင်းထွာရေးဆိုင်ရာ ကိစ္စတွေကို ပူးတွဲ လုပ်ဆောင်တွေ ပုံမှန် ကျင်းပလေ့ရှိကြောင်း အိန္ဒိယရေတပ်အရာရှိပြောတာကို ကိုးကားပြီး အိန္ဒိယသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
အိန္ဒိယရေတပ်ဦးစီးချုပ် Karambir Singh ဟာ နေပြည်တော်မှာရှိတဲ့ စစ်သင်တန်းကျောင်းကို သွားရောက် လည်ပတ်တာအပြင် ရန်ကုန်က မြန်မာ့ရေတပ် သင်္ဘောကျင်းကိုလည်း သွားရောက်လည်ပတ်မယ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
Source - VOA
0 comments:
Post a Comment