တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ဦးစီးတက္ကသိုလ်မှနည်းပြအရာရှိကြီး များနှင့် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကား ပြောကြား
Monday , February 17 , 2020
ယနေ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိ ကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာ စကား ပြောကြားရာတွင် တပ်မတော်၌ တပ်ရင်းသည် အခြေခံအကျဆုံး အဖွဲ့အစည်းဖြစ်ကြောင်း၊ တိုင်းပြည်က အားထားရသော၊ ပြည်သူကအားကိုးရသော တပ်ဖြစ်ရန်နှင့် ပြည်သူနှင့်တစ် သားတည်းဖြစ်ရမည်ဖြစ်ကြောင်းနှင့် သင်တန်းက သင်ကြားပေးလိုက်သည်များကို လက်တွေ့နယ်ပယ်တွင် စနစ်တကျအောင်မြင်အောင်အသုံးချ ခြင်းဖြင့် တပ်မှူးကောင်းများဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ မြင့်မား၍ သမားရိုးကျစစ်ဆင်ရေးအတွက် အမြဲအသင့်ရှိနေရေး ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်၏တိုက်စွမ်းရည်မြင့်မားလာစေရေး ယခု သင်တန်းမှသင်ကြားပို့ချပေးလိုက်သည်များကို လက်တွေ့ အသုံးချဆောင်ရွက်ရန်လိုအပ် မည်ဖြစ်ကြောင်း၊တပ်မတော်၌ တပ်ရင်းသည် အခြေခံအကျဆုံး အဖွဲ့အစည်းဖြစ်သောကြောင့် တပ်ရင်းများကောင်းရန်လိုပြီး ထိုသို့ ကောင်းမွန်ရေး တပ်မှူးက အဓိကကျကြောင်း၊ တပ်မှူးကလည်း မိမိလက်အောက်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများနှင့် တစ်သားတည်း ဖြစ်နေရမည်ဖြစ်ပြီး အပြန် အလှန်သံယောဇဉ်ရှိနေရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုညီညွတ် မျှတစွာ ဆောင်ရွက်ခြင်းဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှုကို တည်ဆောက်ရမည်ဖြစ် ကြောင်း၊ စစ်သည်၊ ရဲမေများ၏ ပညာရည်မြင့်မားရေးကိုလည်း ဂရုတစိုက်ဆောင်ရွက် ပေးရန် လိုအပ်ပြီး စာမတတ်မြောက်သူမရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။
ဆက်လက်၍ သင်တန်းကသင်ကြားပေးလိုက်သည်များကို လက်တွေ့နယ်ပယ်တွင် စနစ်တကျ အောင်မြင်အောင် အသုံး ချခြင်းဖြင့် တပ်မှူးကောင်းများဖြစ်အောင် ကြိုးစားလုပ်ဆောင်သွား ကြရမည်ဖြစ်ကြောင်း၊ စာပေများဖတ်ရှု လေ့လာရန်လိုအပ်ပြီး ဥပဒေရေးရာ၊ နိုင်ငံရေးရာ၊ စစ်ပညာဆိုင်ရာဗဟုသုတများနှင့်ပြည့်စုံအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် တပ်မှူးများသည် မိမိအဆင့်နှင့်လိုက်လျောညီထွေသော သွားလာ၊ နေထိုင်၊ စားသောက်မှုရှိရမည်ဖြစ်ကာ စည်းကမ်းနှင့်ညီညွတ်သည့် အပြုအမှုများရှိရမည်ဖြစ်ကြောင်း၊ တိုင်းပြည်က အားထားရသော၊ ပြည်သူကအားကိုးရသော တပ်ဖြစ်ရန်နှင့် ပြည်သူနှင့်တစ်သားတည်း ဖြစ်ရမည်ဖြစ်ကြောင်းမှာကြားခဲ့သည်ဟု သိရှိရသည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် ဖက်ဒရယ်ဆိုသည်မှာ ပေါင်းစည်း နေထိုင်ခြင်း (Living Together) နှင့် ဒီမိုကရေစီဆိုသည်မှာ စည်းကမ်းစနစ်တကျ လုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့၊ ဒေသများ၌ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တပ်မတော်၏ သဘောထားများ၊ ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်၏ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ ငြိမ်းချမ်းရေး ရရှိမှသာလျင် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ၎င်းမှတစ်ဆင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်းနှင့် တိုင်းရင်းသားများအရေး နှင့်ပတ်သက်၍ တပ်မတော်က စည်းလုံးညီညွတ် ရေးကို အခြေခံ၍ အမြဲအလေးထား ဆောင်ရွက်နေမှု တို့ကို တိုင်းရင်းသားပြည်သူလူထု သိရှိနားလည်သဘောပေါက်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သိရှိရသည်။
Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
>>Zawgyi<<

0 comments:
Post a Comment