Monday, February 17, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိုပုန်းမြို့ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံမှသင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား၊ ဒေသခံများအားကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေး

Monday , February 17 , 2020

Image may contain: one or more people, crowd and indoor

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုန်းမြို့ရှိ တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံမှ နည်းပြအရာရှိများ၊ သန္ဓေအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအား အဆိုပါသင်တန်းကျောင်းခန်းမတွင် သွားရောက် တွေ့ဆုံ အမှာစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်က ကျောင်းသမိုင်းအကျဉ်း နှင့် လေ့ကျင့်ရေး ဆောင်ရွက်နိုင်မှုအခြေအနေများအား ရှင်းလင်း တင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်းပြီးချိန်တွင် လက်တွေ့နယ်ပယ်၌ အမှန်တစ်ကယ် လုပ်နိုင်စွမ်းရှိရေး အရည်အချင်းပြည့်မီစွာ လုပ်ကိုင်နိုင်ရေး သင်ကြားပေးရ မည်ဖြစ်ကြောင်းနှင့် စာပေသင်ကြားမှုဆိုင်ရာ၊ လေ့ကျင့်ရေးဆိုင်ရာများအား ဆွေးနွေး ပြောကြားပြီး လိုအပ်ချက်များကို ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် သင်တန်းကျောင်းခန်းမတွင် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံမှ နည်းပြအရာရှိများ၊ သန္ဓေအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအားတွေ့ဆုံ အမှာစကားပြောကြားရာတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်းယန္တရားများ ခေတ်မီရေးသည် အရေးကြီးသဖြင့် စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ၌စစ်အေးလွန်ကာလတွင် နိုင်ငံ အချင်းချင်း အားပြိုင်မှုနည်းပါးသွားပြီဆိုသော်လည်း အင်အားကြီးနိုင်ငံများနှင့် ဒေသတွင်း အင်အားကြီး နိုင်ငံများအကြား ပြိုင်ဆိုင်မှုများမှာရှိနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ကာကွယ်ရေးအင်အား တည်ဆောက် ရာတွင်ခေတ်မီတပ်မတော်တည်ဆောက်ရေး၊ Standard Army တည်ဆောက်ရေးကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် ခေတ်မီတပ်မတော်တစ်ရပ် တွင်ရှိရမည့် ခေတ်မီလက်နက်နှင့် စစ်အသုံးအဆောင် ပစ္စည်းယန္တရားများကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြု၍ တိုက်စွမ်းရည်၊ တိုက်စွမ်းအား မြင့်မားသော တပ်မတော်ဖြစ်စေရေးအတွက် အခြေခံကျသည့် အချက်မှာ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ကြောင်း၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံသည် တပ်မတော်အတွက်နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းခွင် ကျွမ်းကျင်သူများဖြစ်အောင် သင်တန်းသားများက ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း၊ သင်တန်းသားများ၊နည်းပြများကလည်းတပ်မတော်ကအားထားရမည့် လူသားအရင်းအမြစ်များ ထိရောက်စွာ ပညာသင်ကြားနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
အမိန့်နာခံမှုနှင့် စည်းကမ်းကောင်းမွန်မှုတို့နှင့် ပတ်သက်၍ တပ်မတော်သားများ ဖြစ်သည်နှင့်အညီ အမိန့် နာခံတတ်မှု၊စည်းကမ်းကောင်းမွန်မှုရှိရမည်ဖြစ်ပြီး သင်တန်းကျောင်းမှသင်ကြားပေးလိုက်သည့် အသိပညာ၊ အတတ်ပညာနှင့် စည်းကမ်းကောင်းမွန်စွာ နေထိုင်လုပ်ကိုင်ဆောင်ရွက် တတ်သည့်အလေ့အကျင့် ကောင်းများကို ဘဝတစ်လျှောက်လုံး ဆက်လက်မွေးမြူပြီး ထိန်းထိန်းသိမ်းသိမ်းနေထိုင်သွားကြရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
Image may contain: indoor

ထိုနောက်လူတိုင်းတွင်အားနည်းချက်များရှိကြသော်လည်း မိမိ၏အားနည်းချက်ကို ပြုပြင်၍ အကောင်းဆုံးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းစနစ်တကျရှိမှုသည် အလွန်အရေးကြီးပြီး စည်းကမ်းစနစ်တ ကျမရှိပါက မိမိအဖွဲ့အစည်းအတွက် များစွာနစ်နာ ဆုံးရှုံးမှုဖြစ်စေနိုင်ကာ မိမိဘဝတွင် လည်း တိုးတက်မှုများ ရှိလာနိုင်မည် မဟုတ်ကြောင်းပြောဆိုခဲ့သည်။

မည်သည့်နေရာတွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ မိမိတာဝန်ယူလုပ်ကိုင်ရသည့် လုပ်ငန်းအား ကျွမ်းကျင်ပိုင်နိုင်မှုရှိနေရမည်ဖြစ်ကြောင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး ရဲသုံးရဲနှင့်အညီ လုပ်နိုင်ကိုင်နိုင်ရ မည်ဖြစ်သည့်အပြင် ရဲစွမ်းသတ္တိရှိအောင်လည်း လေ့ကျင့်မွေးမြူကြရမည်ဖြစ်ကြောင်း၊ သင်တန်းသားများ အချင်းချင်းကွပ်ကဲအုပ်ချုပ်ရာတွင်လည်း မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ သမာအာဇီဝကျကျ ရရှိထားသည့် လစာငွေများကို မိမိကိုယ်ကိုယ် ထိန်းသိမ်း၍ သင့်တင့်လျောက်ပတ်စွာ သုံးစွဲကြ ရမည်ဖြစ်ကြောင်း၊ လစာဖြင့်လုံလောက်အောင်သုံးစွဲပြီး ပိုလျှံသည်များကိုစုဆောင်းခြင်းဖြင့် မိမိဘဝကိုမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် စစ်သားကောင်းများဖြစ် အောင် နေထိုင်သွားကြစေ လိုကြောင်းဖြင့် မှာကြားခဲ့ကြေင်းသိရှိရသည်။
Image may contain: 3 people, people standing and people on stage

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုန်းမြို့ရှိ သီရိမင်္ဂလာရွှေချမ်းသာ သာသနာ့ဗိမာန်သို့ သွားရောက်၍ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားများက လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးကုသမှုခံယူနေသည့်ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ဒေသခံရပ်မိရပ်ဖများအား တွေ့ဆုံ၍ဒေသဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားရာ ပအိုဝ်းဒေသသည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကောင်းများဖြစ်သည့် ရေခံ၊ မြေခံကောင်းများရှိပြီးဖြစ်ကြောင်း၊ ၎င်းတို့ကို ထိန်းသိမ်းရန်လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေသယံဇာတများကို အခြားနည်းဖြင့် အသုံးချမှုများလာပါက သစ်တော၊ သစ်ပင်ပြုန်းတီးခြင်း၊ မြေဆီလွှာပျက်စီးခြင်းများ ဖြစ်လာနိုင်သောကြောင့် မြေယာစီမံခန့်ခွဲမှုတို့ကိုစနစ်တကျ လုပ်ဆောင်သင့်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးအပြင်၊ အသေးစားစက်မှုလုပ်ငန်းများ၊ ခရီးသွားTourism လုပ်ငန်းများကို တွဲဖက်တိုးချဲ့လုပ်ကိုင်ခြင်းဖြင့် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မျိုးဆက်သစ်လူငယ်များ၏ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် ပညာရေးကို အလေး ထား ဂရုစိုက်ပေးခြင်းဖြင့် မိမိတို့မျိုးဆက်သစ်များ၏ လူမှုစီးပွားဘဝတိုးတက်အောင်မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ပအိုဝ်းဒေသသည်တည်ငြိမ်အေးချမ်းမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်လာသဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးကို ဂရုပြုထိန်းသိမ်းကြရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ဆောင်ခြင်းဆိုသည်မှာ လက်နက်ကိုင်များအား စည်းကမ်းနှင့် ညီညွတ် စေရန်လုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း၊ ရရှိပြီးသောဒေသတည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်း ရေးကို ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့အား ဒေသထွက် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့ကလက်ခံရယူကြပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်းသိရှိရသည်။

Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
>>Zawgyi<<
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိုပုန်းမြို့ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံမှသင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား၊ ဒေသခံများအားကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေး
Monday , February 17 , 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုန်းမြို့ရှိ တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံမှ နည်းပြအရာရှိများ၊ သန္ဓေအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအား အဆိုပါသင်တန်းကျောင်းခန်းမတွင် သွားရောက် တွေ့ဆုံ အမှာစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်က ကျောင်းသမိုင်းအကျဉ်း နှင့် လေ့ကျင့်ရေး ဆောင်ရွက်နိုင်မှုအခြေအနေများအား ရှင်းလင်း တင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်းပြီးချိန်တွင် လက်တွေ့နယ်ပယ်၌ အမှန်တစ်ကယ် လုပ်နိုင်စွမ်းရှိရေး အရည်အချင်းပြည့်မီစွာ လုပ်ကိုင်နိုင်ရေး သင်ကြားပေးရ မည်ဖြစ်ကြောင်းနှင့် စာပေသင်ကြားမှုဆိုင်ရာ၊ လေ့ကျင့်ရေးဆိုင်ရာများအား ဆွေးနွေး ပြောကြားပြီး လိုအပ်ချက်များကို ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် သင်တန်းကျောင်းခန်းမတွင် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံမှ နည်းပြအရာရှိများ၊ သန္ဓေအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအားတွေ့ဆုံ အမှာစကားပြောကြားရာတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်းယန္တရားများ ခေတ်မီရေးသည် အရေးကြီးသဖြင့် စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ၌စစ်အေးလွန်ကာလတွင် နိုင်ငံ အချင်းချင်း အားပြိုင်မှုနည်းပါးသွားပြီဆိုသော်လည်း အင်အားကြီးနိုင်ငံများနှင့် ဒေသတွင်း အင်အားကြီး နိုင်ငံများအကြား ပြိုင်ဆိုင်မှုများမှာရှိနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ကာကွယ်ရေးအင်အား တည်ဆောက် ရာတွင်ခေတ်မီတပ်မတော်တည်ဆောက်ရေး၊ Standard Army တည်ဆောက်ရေးကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် ခေတ်မီတပ်မတော်တစ်ရပ် တွင်ရှိရမည့် ခေတ်မီလက်နက်နှင့် စစ်အသုံးအဆောင် ပစ္စည်းယန္တရားများကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြု၍ တိုက်စွမ်းရည်၊ တိုက်စွမ်းအား မြင့်မားသော တပ်မတော်ဖြစ်စေရေးအတွက် အခြေခံကျသည့် အချက်မှာ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ကြောင်း၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံသည် တပ်မတော်အတွက်နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းခွင် ကျွမ်းကျင်သူများဖြစ်အောင် သင်တန်းသားများက ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း၊ သင်တန်းသားများ၊နည်းပြများကလည်းတပ်မတော်ကအားထားရမည့် လူသားအရင်းအမြစ်များ ထိရောက်စွာ ပညာသင်ကြားနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
အမိန့်နာခံမှုနှင့် စည်းကမ်းကောင်းမွန်မှုတို့နှင့် ပတ်သက်၍ တပ်မတော်သားများ ဖြစ်သည်နှင့်အညီ အမိန့် နာခံတတ်မှု၊စည်းကမ်းကောင်းမွန်မှုရှိရမည်ဖြစ်ပြီး သင်တန်းကျောင်းမှသင်ကြားပေးလိုက်သည့် အသိပညာ၊ အတတ်ပညာနှင့် စည်းကမ်းကောင်းမွန်စွာ နေထိုင်လုပ်ကိုင်ဆောင်ရွက် တတ်သည့်အလေ့အကျင့် ကောင်းများကို ဘဝတစ်လျှောက်လုံး ဆက်လက်မွေးမြူပြီး ထိန်းထိန်းသိမ်းသိမ်းနေထိုင်သွားကြရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
Image may contain: 2 people, people sitting, table, hat and indoor

ထိုနောက်လူတိုင်းတွင်အားနည်းချက်များရှိကြသော်လည်း မိမိ၏အားနည်းချက်ကို ပြုပြင်၍ အကောင်းဆုံးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းစနစ်တကျရှိမှုသည် အလွန်အရေးကြီးပြီး စည်းကမ်းစနစ်တ ကျမရှိပါက မိမိအဖွဲ့အစည်းအတွက် များစွာနစ်နာ ဆုံးရှုံးမှုဖြစ်စေနိုင်ကာ မိမိဘဝတွင် လည်း တိုးတက်မှုများ ရှိလာနိုင်မည် မဟုတ်ကြောင်းပြောဆိုခဲ့သည်။

မည်သည့်နေရာတွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ မိမိတာဝန်ယူလုပ်ကိုင်ရသည့် လုပ်ငန်းအား ကျွမ်းကျင်ပိုင်နိုင်မှုရှိနေရမည်ဖြစ်ကြောင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး ရဲသုံးရဲနှင့်အညီ လုပ်နိုင်ကိုင်နိုင်ရ မည်ဖြစ်သည့်အပြင် ရဲစွမ်းသတ္တိရှိအောင်လည်း လေ့ကျင့်မွေးမြူကြရမည်ဖြစ်ကြောင်း၊ သင်တန်းသားများ အချင်းချင်းကွပ်ကဲအုပ်ချုပ်ရာတွင်လည်း မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ သမာအာဇီဝကျကျ ရရှိထားသည့် လစာငွေများကို မိမိကိုယ်ကိုယ် ထိန်းသိမ်း၍ သင့်တင့်လျောက်ပတ်စွာ သုံးစွဲကြ ရမည်ဖြစ်ကြောင်း၊ လစာဖြင့်လုံလောက်အောင်သုံးစွဲပြီး ပိုလျှံသည်များကိုစုဆောင်းခြင်းဖြင့် မိမိဘဝကိုမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် စစ်သားကောင်းများဖြစ် အောင် နေထိုင်သွားကြစေ လိုကြောင်းဖြင့် မှာကြားခဲ့ကြေင်းသိရှိရသည်။
Image may contain: 8 people

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုန်းမြို့ရှိ သီရိမင်္ဂလာရွှေချမ်းသာ သာသနာ့ဗိမာန်သို့ သွားရောက်၍ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားများက လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးကုသမှုခံယူနေသည့်ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ဒေသခံရပ်မိရပ်ဖများအား တွေ့ဆုံ၍ဒေသဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားရာ ပအိုဝ်းဒေသသည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကောင်းများဖြစ်သည့် ရေခံ၊ မြေခံကောင်းများရှိပြီးဖြစ်ကြောင်း၊ ၎င်းတို့ကို ထိန်းသိမ်းရန်လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေသယံဇာတများကို အခြားနည်းဖြင့် အသုံးချမှုများလာပါက သစ်တော၊ သစ်ပင်ပြုန်းတီးခြင်း၊ မြေဆီလွှာပျက်စီးခြင်းများ ဖြစ်လာနိုင်သောကြောင့် မြေယာစီမံခန့်ခွဲမှုတို့ကိုစနစ်တကျ လုပ်ဆောင်သင့်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးအပြင်၊ အသေးစားစက်မှုလုပ်ငန်းများ၊ ခရီးသွားTourism လုပ်ငန်းများကို တွဲဖက်တိုးချဲ့လုပ်ကိုင်ခြင်းဖြင့် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မျိုးဆက်သစ်လူငယ်များ၏ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် ပညာရေးကို အလေး ထား ဂရုစိုက်ပေးခြင်းဖြင့် မိမိတို့မျိုးဆက်သစ်များ၏ လူမှုစီးပွားဘဝတိုးတက်အောင်မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ပအိုဝ်းဒေသသည်တည်ငြိမ်အေးချမ်းမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်လာသဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးကို ဂရုပြုထိန်းသိမ်းကြရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ဆောင်ခြင်းဆိုသည်မှာ လက်နက်ကိုင်များအား စည်းကမ်းနှင့် ညီညွတ် စေရန်လုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း၊ ရရှိပြီးသောဒေသတည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်း ရေးကို ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားပြီး ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့အား ဒေသထွက် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့ကလက်ခံရယူကြပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

Image may contain: one or more people, crowd and outdoor

Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment