၁၅-၂-၂၀၂၀ ရက်နေ့ နေ့လည် (၁၂)နာရီအချိန်ခန့် ပြည်မြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်းဆောင်ရွက်စဉ် ပြည်မြို့၊ ပြည်သာယာရပ်ကွက်၊ လျှပ်စစ် တာဂွ၊ ရေခဲမုန့်ဆိုင်လမ်းကြား၊ လော့သော့ချောင်းအနီးသို့ ရောက်ရှိစဉ် အောက်အမည်ပါ (၃)ဦးအား ပူးတွဲပါ အတိုင်း စစ်ဆေးတွေ့ရှိခဲ့ပါသည် -
၁။ တင်ကိုလတ်(ခ)ဘိုင်လေး၊ (၄၁) နှစ်၊ ပြည်မြို့နေသူအား Discovery စာတမ်းပါ အဝေးကြည့် မှန်ပြောင်း တပ်ဆင်ထားပြီး သံလိုက်အိမ်မြှောင်ပါ လိုင်စင်မဲ့လေသေနတ် (၁)လက်၊ သံဘောစိ (၄၆)လုံး၊ ခဲသီး(၅၄) လုံး။
၂။ ဝင်းနိုင် (၅၁)နှစ်၊ ပြည်မြို့နေသူအား Bushnell စာတမ်းပါ အဝေးကြည့် မှန်ပြောင်း တပ်ဆင်ထားပြီး သံလိုက် အိမ်မြှောင်ပါ လိုင်စင်မဲ့ လေသေနတ်(၁)လက်၊ ခဲသီး(၁)ဗူး၊ သံဘောစိ (၉၄) လုံး၊ ISUZU BIGHORN စာတမ်းပါ အဖြူရောင် မော်တော် ယာဉ် (၁)စီးနှင့် ၎င်းသော့(၁)ချောင်း။
၃။ သက်နိုင်မြင့် (၄၃)နှစ်၊ ပြည်မြို့နေသူအား Diana စာတမ်းပါ အဝေးကြည့် မှန်ပြောင်း တပ်ဆင်ထားပြီး သံလိုက်အိမ်မြှောင်ပါ ပြောင်းတွင် လူအရိုးခေါင်း ဓားနှစ်လက် တံဆိပ်ပါ သံကိုယ်ထည်ဖြင့် ပြုလုပ်ထားသည့် လိုင်စင်မဲ့ လေသေနတ်(၁)လက်။
၎င်းတို့(၃)ဦးသည် အဆိုပါ လိုင်စင်မဲ့ လေသေနတ်များ ကိုယ်စီ ကိုင်ဆောင်ကာ လူနေအိမ်အနီး ပစ်ခတ် နေသည်ကို စစ်ဆေးတွေ့ရှိသဖြင့် ပြည်မြို့ အမှတ် (၃)နယ်မြေ ရဲစခန်းတွင် လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အသီးသီး အမှုဖွင့်စစ်ဆေးခဲ့ပါသည် ။ ထိုသို့ စစ်ဆေးရာ သက်နိုင်မြင့်သည် Diana စာတမ်းပါ အဝေးကြည့် မှန်ပြောင်း တပ်ဆင်ထားသည့် လေသေနတ်အား Facebook အကောင့်မှ မှာယူရရှိခဲ့ကြောင်း သိရှိရပါသည် ။ တင်ကိုလတ်(ခ)ဘိုင်လေးအား စစ်ဆေးရာ ၎င်းသည် Discovery စာတမ်းနှင့် Bushnell စာတမ်းပါ အဝေး ကြည့် မှန်ပြောင်းတပ်ဆင်ထားသည့် လေသေနတ်တို့အား Facebook အကောင့်မှ မှာယူရရှိခဲ့ပြီး အဆိုပါ လေသေနတ် များတွင် (မူလ)ပါရှိသော မောင်တုံး၊မောင်းတင်တံ၊ မောင်းတင်တံစပရိန်နှင့် သေနတ်ပြောင်းထိပ်တွင် တပ်ထားသည့် အသံလုံကိရိယာတို့အား ၎င်း၏ဆိုင်ရှိ မှန်ကပ်ရာတွင် အသုံးပြုသော ဆီလီကွန် ကော်ဗူးခွံ တို့အား ပြောင်းလဲပြင်ဆင် တပ်ဆင်ခဲ့ကြောင်း၊ ယင်းသို့ပြောင်းလဲ ပြင်ဆင်ရာ၌ အသုံးပြုခဲ့သည့် ကိရိယာများမှာ ၎င်း၏ နေအိမ်ရှေ့ခန်း၌ ရှိကြောင်း ထွက်ဆိုခဲ့ပါသည် ။ ထွက်ဆိုချက်အရ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် သတင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်၊ သက်သေများအဖွဲ့မှ တင်ကိုလတ်(ခ)ဘိုင်လေးနှင့်အတူ ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေရာ သံဖြတ် သည့်စက် (၁)လုံး၊ ဝရိန်ဆော်သည့် ပုံး (၁)လုံး၊ ကျောက်စက် (၁)လုံး၊ ဆေးမှုတ် သည့်ကိရိယာ (၁)ခု၊ ဖောက်စက် (၁)လုံး၊ စတီးပိုက်လုံး (၇)ချောင်း၊ အသံတိတ်ကိရိယာပြုလုပ်ရာတွင် အသုံးပြု သည့် ကော်ဗူး (၃)ဗူး၊ အနက်ရောင် ဆေးဗူး (၃)ဗူး၊ သေနတ်ဒင်ပြုလုပ်ရန် နမူနာပြုလုပ်ထားသည့် ကော်ပိုက်အား ပုံစံချထားသည့် မို (၁)ခုနှင့် လေး ထောင့် စကွဲယားပုံစံ မို (၁)ခု၊ သေနတ်မောင်းပြုလုပ်ရာတွင် အသုံးပြုသည့် မောင်းတံ၊ မောင်းခလုပ်၊ စပရိန်၊ မူလီနှင့် ဆက်စပ် ပစ္စည်းများ (၁)စုံတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိသဖြင့် ဥပဒေနှင့်အညီ တရားစွဲ တင်ပို့နိုင်ရေး စီစဉ် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည် ။
Ref : Lwin OO
>>Zawgyi<<
ပည်မြို့တွင် ပြောင်းလဲပြင်ဆင် တပ်ဆင်ထားသည့် လိုင်စင်မဲ့လေသေနတ် အပါအဝင် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိ
Sunday , February 16 , 2020

0 comments:
Post a Comment