Sunday, February 16, 2020

Yangon ဝါးတားဘတ်စ်ကုမ္ပဏီကို ဒီဇယ်ဖိုး ကျပ်သိန်းရဝဝကျော် မပေးချေပါက တရားစွဲဆိုမည်ဟုသိရ

Image may contain: sky, outdoor and water

Tint Tint Myanmar Group of Companies သည် Water Bus ရေယာဉ်များတွင် သုံးစွဲရန်အတွက် အကြွေးစနစ်ဖြင့် ဝယ်ယူထားသော ဒီဇယ်ဆီတန်ဖိုး ပေးချေရန် ကျန်ရှိသည့် ကျပ်သိန်း ၇၀၀ ကျော်ကို ဖေဖော်ဝါရီ ၂၈ရက် နောက်ဆုံးထားပေးချေရမည်ဖြစ်ပြီး ပေးချေရန် ပျက်ကွက်ပါက တရားမကြောင်း၊ ရာဇဝတ်ကြောင်းများအရ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း Petro & Trans Group of Co.,Ltd က ဖေဖော်ဝါရီ ၁၅ရက်တွင် နိုင်ငံပိုင်သတင်းစာများ၌ ကြေညာထားသည်။

Tint Tint Myanmar Group of Companies မှ ဒေါ်တင့်တင့်လွင်သည် ၎င်း၏ကုမ္ပဏီပိုင် Water Bus ရေယာဉ်များတွင် သုံးစွဲရန်အတွက် ဒီဇယ်ဆီများကို Petro & Trans Group of Co.,Ltd ထံမှ လကုန်ပြီး ၁၀ရက်အတွင်း ပေးချေမည်ဟုကတိပြုပြီး ဒီဇယ်ဆီများကို အကြွေးစနစ်ဖြင့် ဝယ်ယူခဲ့ရာ ၂၀၁၈ခုနှစ် စက်တင်ဘာ ၄ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ ဝယ်ယူခဲ့သော ဒီဇယ်ဆီတန်ဖိုးမှ ပေးချေရန် ကျန်ငွေစုစုပေါင်း ကျပ် ၇၇၂၁၃၈၅၀ ကို ၂၀၁၉ခုနှစ် ဩဂုတ် ၁၅ ရက်အတွင်း အပြေအကျေပေးချေပါမည်ဟု ဒေါ်တင့်တင့်လွင် ကိုယ်တိုင် လတ်မှတ်ရေးထိုးကတိပြုခဲ့သော်လည်း ယင်းအကြွေးကို လုံးဝပေးဆပ်ခြင်းမရှိခဲ့ကြောင်း Petro & Trans ကုမ္ပဏီက ကြေညာခဲ့သည်။
Tint Tint Myanmar Group of Companies သည် အဆိုပါ အကြွေးများအတွက် စိတ်ချယုံကြည်စေရန် ၎င်း၏ ကုမ္ပဏီပိုင် Water Bus3 ရေယာဉ်နှင့် ပတ်သက်သော စာရွက်စာတမ်း ငါးမျိုးကို Petro & Trans ကုမ္ပဏီ အားပေးအပ်ခဲ့သော်လည်း ဒေါ်တင့်တင့်လွင်သည် မိမိကတိပေးခဲ့သည့်အတိုင်းပေးချန်ရန် အကြွေးကျန်ငွေများပေးချေခြင်း မပြုသဖြင့် Petro & Trans Group of Co.,Ltd သည် ၎င်း၏ ရှေ့နေမှ တစ်ဆင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၅ရက်ရက်စွဲပါ နို့တစ်စာကိုပေးပို့လျက် ကြွေးကျန်ငွေများကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၇ရက် အတွင်း အပြေအကျေပေးချေရန်အကြောင်းကြားခဲ့ကြောင်း ကြေညာချက်တွင် ပါရှိသည်။
သို့သော် Tint Tint Myanmar Group of Companies သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း အမှတ် (၁၂) လိပ်စာသို့ ပြောင်းရွှေ့သွားသည်ဟု ရန်ကုန်စာတိုက်ကြီးမှတစ်ဆင့် နို့တစ်စာ ပြန်ပို့လာသဖြင့် ဒေါ်တင့်တင့်လွင်ထံ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ရာ ဖုန်းစက်ပိတ်ခြင်း၊ ဖုန်းမကိုင်ခြင်းတို့ကြောင့် ဆက်သွယ်၍ မရခဲ့ကြောင်း သိရသည်။
ထို့ကြောင့် Tint Tint Myanmar Group of Companies သည် Petro & Trans Group of Co.,Ltd ထံသို့ ပေးဆပ်ရန် ကျန်ရှိငွေ အကြွေးကျပ်သိန်း ၇၀၀ကျော်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၈ရက်အတွင်း မပျက်မကွက်ပေးချေပါရန်နှင့် ငွေပေးချေရန် ပျက်ကွက်ပါက တရားမကြောင်း၊ ရာဇဝတ်ကြောင်းများအရ တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ကြေညာထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး Tint Tint Myanmar Group of Companies မှ ဒေါ်တင့်တင့်လွင်ကို ဆက်သွယ်မေးမြန်းရာ ဆက်သွယ်မှုမရရှိခဲ့ပေ။ လက်ရှိအချိန်တွင် Yangon Water Bus သည် ပြေးဆွဲခြင်းကို ရပ်နားထားပြီး ပိုမိုကောင်းမွန်သော payment စနစ်၊ ခရီးစဉ်ဝန်ဆောင်မှုများနှင့် ပြောင်းလဲပြေးဆွဲသွားမည်ဟု ကြေညာထားသော်လည်း လေးလကြာသည်အထိ ပြန်လည်ပြေးဆွဲခြင်းမရှိသေးကြောင်းသိရသည်။
Image may contain: outdoor and water
Image may contain: sky, outdoor and water
Ref : The Standard Time
>>Zawgyi<<
Yangon ဝါးတားဘတ်စ်ကုမ္ပဏီကို ဒီဇယ်ဖိုး ကျပ်သိန်းရဝဝကျော် မပေးချေပါက တရားစွဲဆိုမည်ဟုသိရ
Sunday , February 16 , 2020

0 comments:

Post a Comment