Monday, February 17, 2020

နာဂဒေသအတွင်းသို့ ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်ကို ထည့်သွင်းမည်ဆိုသည့်ကိစ္စ မှားယွင်းကြောင်း စစ်ကိုင်းတိုင်းအစိုးရ ဖြေရှင်းချက်ထုတ်ပြန်

No photo description available.
ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ကို နာဂဒေသသို့ ထည့်သွင်းသတ်မှတ်မည်ဆိုသည့်ကိစ္စ မှားယွင်းကြောင်း စစ်တိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ယမန်နေ့တွင် ဖြေရှင်းချက်ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၂၂ ရက်က လေရှီး မြို့၌ ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲ တွင် လေရှီးမြို့ခံ ဦးကီရှီးမှူးက ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာ တွင် ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များ နှင့် ကချင်ပြည်နယ် ရှင်ဗွေယန် မြို့နယ်ခွဲတို့ကို စုစည်းပြီး နာဂ ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။
လက်ရှိတွင် ဦးကီရှီးမှူး၏ ခန္တီးနှင့် ဟုမ္မလင်းမြို့တို့ကို နာဂ ဒေသသို့ ထည့်သွင်းသတ်မှတ် ပေးရေး တင်ပြချက် ဆောင်ရွက် ပေးနိုင်မည့်အခြေအနေ စိစစ်ရန် နှင့် ဖေဖော်ဝါရီ ၁၇ ရက် နောက်ဆုံးထား ပြန်လည်တင်ပြရန်ဆိုသည့် စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမှတ်တံဆိပ်ပါစာသည် လူမှုကွန်ရက်တွင် ပြန့်နေရာ ယင်းအပေါ် ခန္တီးနှင့် ဟုမ္မလင်းဒေသရှိ ရှမ်းနီအသိုင်းအဝိုင်းက ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
အဆိုပါစာနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာမြင့်နိုင်က ‘‘အဲဒါ ကို ပြန်ဖြေရှင်းချက် ထုတ်လိုက် ပြီ။ တို့ Sagaing Region Page မှာလည်း တင်လိုက်ပြီးပြီ။ အဲဒါ တွေ၊ မှားတာတွေအကုန်လုံး ဖြေ ပြီးသား တင်လိုက်ပြီ။ အဲဒီမှာ ကြည့်လိုက်ကြတော့’’ဟု ဖေဖော် ဝါရီ ၁၇ ရက်တွင် ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Sagaing Regionစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Sagaing Region Government Office Facebook စာမျက်နှာ၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ သတ်မှတ်ထားမှုအခြေ အနေနှင့် ၂၀၁၉ မတ်လ ပြည် ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာကို ဖေဖော်ဝါရီ ၁၇ ရက် ညနေတွင် ဖော်ပြခဲ့သည်။
လေရှီးဒေသခံ ဦးကီရှီးမှူးက ခန္တီးခရိုင်သည် ၁၉၆၅ မတိုင်မီက နာဂတောင်တန်းခရိုင်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် ထံသို့ တင်ပြခဲ့သည်။ ဦးကီရှီးမှူး၏ တင်ပြတောင်းဆိုချက်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးနှင့်ဆိုင်သည့်ကိစ္စဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ဆက်နွှယ်နေပြီး ဒေသတစ်ခုအတွက် ခွဲခြားပြီး စဉ်းစား၍မရကြောင်း ထိုစဉ်က ဖြေကြားခဲ့သည်။
Image may contain: text
Image may contain: text
No photo description available.
Ref-7day
>>Zawgyi<<
နာဂဒေသအတွင်းသို့ ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်ကို ထည့်သွင်းမည်ဆိုသည့်ကိစ္စ မှားယွင်းကြောင်း စစ်ကိုင်းတိုင်းအစိုးရ ဖြေရှင်းချက်ထုတ်ပြန်
Tuesday , February 18 , 2020
ခန္တီးမြို့နယ်နှင့် ဟုမ္မလင်း မြို့နယ်ကို နာဂဒေသသို့ ထည့် သွင်းသတ်မှတ်မည်ဆိုသည့် ကိစ္စ မှားယွင်းကြောင်း စစ်တိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က ယမန် နေ့တွင် ဖြေရှင်းချက်ထုတ်ပြန်ခဲ့ သည်။

ဇန်နဝါရီ ၂၂ ရက်က လေရှီး မြို့၌ ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲ တွင် လေရှီးမြို့ခံ ဦးကီရှီးမှူးက ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာ တွင် ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များ နှင့် ကချင်ပြည်နယ် ရှင်ဗွေယန် မြို့နယ်ခွဲတို့ကို စုစည်းပြီး နာဂ ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။
လက်ရှိတွင် ဦးကီရှီးမှူး၏ ခန္တီးနှင့် ဟုမ္မလင်းမြို့တို့ကို နာဂ ဒေသသို့ ထည့်သွင်းသတ်မှတ် ပေးရေး တင်ပြချက် ဆောင်ရွက် ပေးနိုင်မည့်အခြေအနေ စိစစ်ရန် နှင့် ဖေဖော်ဝါရီ ၁၇ ရက် နောက်ဆုံးထား ပြန်လည်တင်ပြရန်ဆိုသည့် စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမှတ်တံဆိပ်ပါစာသည် လူမှုကွန်ရက်တွင် ပြန့်နေရာ ယင်းအပေါ် ခန္တီးနှင့် ဟုမ္မလင်းဒေသရှိ ရှမ်းနီအသိုင်းအဝိုင်းက ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
အဆိုပါစာနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာမြင့်နိုင်က ‘‘အဲဒါ ကို ပြန်ဖြေရှင်းချက် ထုတ်လိုက် ပြီ။ တို့ Sagaing Region Page မှာလည်း တင်လိုက်ပြီးပြီ။ အဲဒါ တွေ၊ မှားတာတွေအကုန်လုံး ဖြေ ပြီးသား တင်လိုက်ပြီ။ အဲဒီမှာ ကြည့်လိုက်ကြတော့’’ဟု ဖေဖော် ဝါရီ ၁၇ ရက်တွင် ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Sagaing Regionစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Sagaing Region Government Office Facebook စာမျက်နှာ၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ သတ်မှတ်ထားမှုအခြေ အနေနှင့် ၂၀၁၉ မတ်လ ပြည် ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာကို ဖေဖော်ဝါရီ ၁၇ ရက် ညနေတွင် ဖော်ပြခဲ့သည်။
လေရှီးဒေသခံ ဦးကီရှီးမှူးက ခန္တီးခရိုင်သည် ၁၉၆၅ မတိုင်မီက နာဂတောင်တန်းခရိုင်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် ထံသို့ တင်ပြခဲ့သည်။ ဦးကီရှီးမှူး၏ တင်ပြတောင်းဆိုချက်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးနှင့်ဆိုင်သည့်ကိစ္စဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ဆက်နွှယ်နေပြီး ဒေသတစ်ခုအတွက် ခွဲခြားပြီး စဉ်းစား၍မရကြောင်း ထိုစဉ်က ဖြေကြားခဲ့သည်။
Ref-7day

0 comments:

Post a Comment