Monday, February 17, 2020

VR နည်းပညာကိုသုံးပြီး ကွယ်လွန်သူတွေနဲ့ ပြန်တွေ့နိုင်အောင် တောင်ကိုးရီးယားတီထွင်

Image may contain: 1 person

VR လို့ အတိုကောက်ခေါ်ကြတဲ့ သုံးဖက်မြင်ရုပ်လုံးကြွ Virutal Reality နည်းပညာကို သုံးပြီး၊ မိခင်တစ်ယောက်ကို ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ သူ့ရဲ့ ၇ နှစ်အရွယ် သမီးငယ် ပြန်တွေ့ဆုံနိုင်အောင် တောင်ကိုရီးယားမှာ ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒီလို သားအမိနှစ်ယောက်ပြန်တွေ့ကြတာကိုလဲ ရုပ်သံလိုင်း အစီအစဉ် တစ်ခုကနေပြသခဲ့ရာမှာ လူအများ အထူးဝမ်းနည်းကြေကွဲဖြစ်ကြရသလို အင်မတန်မှလဲ စိတ်ဝင်စားခဲ့ကြရပါတယ်။

အဲဒီ ရုပ်သံအစီအစဉ်ကိုတော့ Meeting You လို့အမည်ပေးထာပြီး သေဆုံးသွားတဲ့ သားသမီးဆွေမျိုးတွေနဲ့ လက်ရှိ အသက်ရှင်ကျန်နေသူတွေ သုံးဖက်မြင်ရုပ်လုံးကြွလောကထဲမှာ ပြန်ဆုံတွေ့နိုင်ကြရလေအောင် စီစဉ်ပေးထားတာပါ။VR နည်းပညာနဲ့ သေဆုံးသူကို ရုပ်လုံးဖော်ပေးထားပြီး သူနဲ့တွေ့ချင်တဲ့ ကျန်ရစ်သူကတော့ VR ကြည့်မျက်မှန်ကိုတပ်၊ အထိအတွေ့အာရုံခံလက်အိပ်ကိုစွပ်ပြီးမှ တွေ့လို့ရပါတယ်။
အခု အစီအစဉ်မှာကတော့ Jang Ji-Sung ဆိုတဲ့ မိခင်ဟာ ကွယ်လွန်သူ အသက် ၇ နှစ်အရွယ်သူ့သမီး Nayeon နဲ့ ပြန်လည်တွေ့ဆုံကြတာကိုပြသတာပါပဲ။Nayeon ဟာ ၂၀၁၆ ခုနှစ်ကတည်းက နာမကျန်းပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ကွန်ပျူတာတွေကိုသုံးပြီးဖန်တီးထားတဲ့ သုံးဖက်မြင်ရုပ်လုံးကြွလောက ဥယျာဉ်တစ်ခုထဲမှာ Jang Ji-Sung ဟာ သူ့သမီးနဲ့ ပြန်လည်စကားပြောနိုင် ထိတွေ့ပွေ့ဖက်နိုင်ခဲ့ပါတယ်။
Nayeon လေးက သူ့အမေကိုပြန်တွေ့တဲ့အခါ ”အမေ့ကို သမီး အရမ်းသတိရတာပဲ”လို့ပြောပြီး သားအမိနှစ်ယောက် လက်တွဲပြီး ကစားကြပါတယ်။ သမီးလေးအတွက် မွေးနေ့ကိတ်မုန့်တစ်ခုကိုလဲ လက်ဆောင်ပေးခဲ့ပါသေးတယ်။
Nayeon က သူ့အမေကို ပန်းလေးတစ်ပွင့်ပေးပြီး ”မာမီရေ ဒီပန်းလေးကို မြင်တယ်မဟုတ်လား...သမီးဘာမှမဖြစ်ပါဘူးနော်။ ဟုတ်တယ်နော်”လို့လဲပြောပါသေးတယ်။နောက်ဆုံးမှာတော့ Nayeon ဟာ ဥယျာဉ်မှာ အိပ်ပျော်သွားပြီး သူ့အမေက ပြန်လာခဲ့ရတာပါ။
ဒီအစီအစဉ်ကို ကြည့်ကြသူတိုင်း ဝမ်းနည်းကြေကွဲမှုဖြစ်ကြရသလို အင်မတန်မှလဲ စိတ်ဝင်စားကြတယ်လို့ သိရပါတယ်။
Image may contain: one or more people
Image may contain: one or more people and outdoor
Image may contain: one or more people and people sitting
Image may contain: one or more people
Image may contain: one or more people and camera
Image may contain: 2 people, screen, text that says 'Jang Ji-sung's daughter died from blood-related diseases three years ago. Global'
Image may contain: 1 person, selfie, text that says 'Jang Ji-sung's daughter died from blood-related diseases three years ago. Global Globa'
Image may contain: text
Image may contain: one or more people, people sitting, screen and indoor
Image may contain: 1 person
Image may contain: 1 person, sitting and screen
Image may contain: one or more people, text and outdoor
Image may contain: one or more people, people standing, outdoor and nature
Image may contain: 1 person, outdoor and nature
Source: METRO
Ref: Grieving mother ‘reunited’ with her dead seven-year-old daughter for virtual reality TV series
>>Zawgyi<<
VR နည်းပညာကိုသုံးပြီး ကွယ်လွန်သူတွေနဲ့ ပြန်တွေ့နိုင်အောင် တောင်ကိုးရီးယားတီထွင်
Tuesday , February 18 , 2020

VR လို့ အတိုကောက်ခေါ်ကြတဲ့ သုံးဖက်မြင်ရုပ်လုံးကြွ Virutal Reality နည်းပညာကို သုံးပြီး၊ မိခင်တစ်ယောက်ကို ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ သူ့ရဲ့ ၇ နှစ်အရွယ် သမီးငယ် ပြန်တွေ့ဆုံနိုင်အောင် တောင်ကိုရီးယားမှာ ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒီလို သားအမိနှစ်ယောက်ပြန်တွေ့ကြတာကိုလဲ ရုပ်သံလိုင်း အစီအစဉ် တစ်ခုကနေပြသခဲ့ရာမှာ လူအများ အထူးဝမ်းနည်းကြေကွဲဖြစ်ကြရသလို အင်မတန်မှလဲ စိတ်ဝင်စားခဲ့ကြရပါတယ်။
အဲဒီ ရုပ်သံအစီအစဉ်ကိုတော့ Meeting You လို့အမည်ပေးထာပြီး သေဆုံးသွားတဲ့ သားသမီးဆွေမျိုးတွေနဲ့ လက်ရှိ အသက်ရှင်ကျန်နေသူတွေ သုံးဖက်မြင်ရုပ်လုံးကြွလောကထဲမှာ ပြန်ဆုံတွေ့နိုင်ကြရလေအောင် စီစဉ်ပေးထားတာပါ။VR နည်းပညာနဲ့ သေဆုံးသူကို ရုပ်လုံးဖော်ပေးထားပြီး သူနဲ့တွေ့ချင်တဲ့ ကျန်ရစ်သူကတော့ VR ကြည့်မျက်မှန်ကိုတပ်၊ အထိအတွေ့အာရုံခံလက်အိပ်ကိုစွပ်ပြီးမှ တွေ့လို့ရပါတယ်။
အခု အစီအစဉ်မှာကတော့ Jang Ji-Sung ဆိုတဲ့ မိခင်ဟာ ကွယ်လွန်သူ အသက် ၇ နှစ်အရွယ်သူ့သမီး Nayeon နဲ့ ပြန်လည်တွေ့ဆုံကြတာကိုပြသတာပါပဲ။Nayeon ဟာ ၂၀၁၆ ခုနှစ်ကတည်းက နာမကျန်းပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ကွန်ပျူတာတွေကိုသုံးပြီးဖန်တီးထားတဲ့ သုံးဖက်မြင်ရုပ်လုံးကြွလောက ဥယျာဉ်တစ်ခုထဲမှာ Jang Ji-Sung ဟာ သူ့သမီးနဲ့ ပြန်လည်စကားပြောနိုင် ထိတွေ့ပွေ့ဖက်နိုင်ခဲ့ပါတယ်။
Nayeon လေးက သူ့အမေကိုပြန်တွေ့တဲ့အခါ ”အမေ့ကို သမီး အရမ်းသတိရတာပဲ”လို့ပြောပြီး သားအမိနှစ်ယောက် လက်တွဲပြီး ကစားကြပါတယ်။ သမီးလေးအတွက် မွေးနေ့ကိတ်မုန့်တစ်ခုကိုလဲ လက်ဆောင်ပေးခဲ့ပါသေးတယ်။
Nayeon က သူ့အမေကို ပန်းလေးတစ်ပွင့်ပေးပြီး ”မာမီရေ ဒီပန်းလေးကို မြင်တယ်မဟုတ်လား...သမီးဘာမှမဖြစ်ပါဘူးနော်။ ဟုတ်တယ်နော်”လို့လဲပြောပါသေးတယ်။နောက်ဆုံးမှာတော့ Nayeon ဟာ ဥယျာဉ်မှာ အိပ်ပျော်သွားပြီး သူ့အမေက ပြန်လာခဲ့ရတာပါ။
ဒီအစီအစဉ်ကို ကြည့်ကြသူတိုင်း ဝမ်းနည်းကြေကွဲမှုဖြစ်ကြရသလို အင်မတန်မှလဲ စိတ်ဝင်စားကြတယ်လို့ သိရပါတယ်။
Source: METRO
Ref: Grieving mother ‘reunited’ with her dead seven-year-old daughter for virtual reality TV series

0 comments:

Post a Comment