Tuesday, February 18, 2020

စင်ကာပူကုမ္ပဏီနှင့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီ အပါအဝင် ကုမ္ပဏီသုံးခု သီလဝါအထူးစီးပွားရေးဇုန်မှ ရင်းနှီးမြှုပ်နှံမှု ပြန်လည်ရုပ်သိမ်း

Image may contain: sky, cloud and outdoor

သီလဝါအထူးစီးပွားရေးဇုန်တွင် စင်ကာပူကုမ္ပဏီနှင့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီတို့အပါအဝင် ကုမ္ပဏီသုံးခုသည် ရင်းနှီးမြှုပ်နှံမှု ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဒေါက်တာရွှေဟိန်း က ပြောကြားခဲ့သည်။

အချက်အလက်စုဆောင်း သည့် စင်ကာပူကုမ္ပဏီသည် သတ်မှတ်ငွေကြေးကို ခြောက်လအ တွင်း မယူဆောင်နိုင်ခြင်းကြောင့် ဖြစ်ပြီး ကျန်ဖက်စပ် ကုမ္ပဏီနှစ် ခုသည် သက်ဆိုင်ရာ ကုမ္ပဏီများ၏ ဘဏ္ဍာရေးအခြေအနေကြောင့် ပြန်လည်ရုပ်သိမ်းခြင်းဖြစ်သည် ဟု ဆိုသည်။
စင်ကာပူကုမ္ပဏီက တယ် လီကွန်း ဆက်သွယ်ရေးလုပ်ငန်း အတွက် အချက်အလက်စု ဆောင်းရန် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဖြစ်သည်။
စင်ကာပူကုမ္ပဏီသည် အမေရိကန်နိုင်ငံသားက ပိုင်ဆိုင် သည့် ကုမ္ပဏီဖြစ်ပြီး ဒေါ်လာ ရှစ် သန်းရင်းနှီးမြှုပ်နှံရန် အာမခံ ခဲ့သည်ဟု ဆိုသည်။ သို့သော် ထို ငွေကြေးပမာဏကို အထူးစီးပွား ရေးဇုန်အရ ခြောက်လအတွင်း သတ်မှတ် ငွေကြေးပမာဏကို ယူဆောင်လာနိုင်ခြင်းမရှိသော ကြောင့်ဟု ဆိုသည်။
ကျန်ကုမ္ပဏီနှစ်ခုသည် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီများဖြစ်ပြီး ဆပ်ပြာမှုန့်နှင့် ဖိနပ်စက်ရုံ တည်ဆောက်ရန်ဖြစ်ပြီး မြန်မာ ဘက်မှ ကုမ္ပဏီများက ငွေကြေး မလုံလောက်၍ ရင်းနှီးမြှုပ်နှံရန် ရုပ်သိမ်းခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဆပ်ပြာသည် စုစုပေါင်း ဒေါ်လာ ခုနစ်သန်း ရင်းနှီးမြှုပ်နှံ ရန်ဖြစ်ပြီး မြန်မာ-ဂျပန် ဖက်စပ် လုပ်ကိုင်ရာတွင် လုပ်ငန်းပေါင်း စပ်ရန် အဆင်မပြေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
ဖိနပ်ကုမ္ပဏီမှာ ရင်းနှီးမြှုပ် နှံသူ၏ မိသားစုပြဿနာဖြစ်ပြီး ဒေါ်လာ ၁၇ သန်း ရင်းနှီးမြှုပ်နှံရန် ဖြစ်သည်ဟု ဆိုသည်။
‘‘သီလဝါအထူးစီးပွားရေး ဇုန်က ဂျပန်-မြန်မာ အစိုးရ ပူးတွဲ ဆောင်ရွက်တဲ့ စီမံကိန်းဖြစ်တော့ လာလျှောက်တဲ့သူတိုင်းကို ခွင့်ပြု ပေးတာမဟုတ်ပါဘူး။ အခုဖက် စပ်ကုမ္ပဏီနှစ်ခုကလည်း ကိုယ် ရေးကိုယ်တာကိစ္စကြောင့်ပါ’’ဟု ဒေါက်တာရွှေဟိန်းက ပြော သည်။
သီလဝါစီးပွားရေးဇုန်အ တွင်း ၂၀၁၉ ဒီဇင်ဘာလကုန်အ ထိ ၁၉ နိုင်ငံမှ ကုမ္ပဏီ ၁၁၅ ခုကို ခွင့်ပြုမိန့်ထုတ်ပေးပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၉၂ ဘီလီယံကျော်ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။
ယင်းအနက် အထက်ပါ ကုမ္ပဏီသုံးခု နုတ်ထွက်၍ လက်ရှိ ကုမ္ပဏီ ၁၁၂ ခုက ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားသည်။ သီလဝါအထူး စီးပွားရေးဇုန်ကို ၂၀၁၃ စက်တင် ဘာတွင် မြေဧက ၅,၇၀၀ ကျော်၌စတင်အကောင်အထည်ဖော်ခဲ့ သည်။
Image may contain: sky and outdoor
Image may contain: cloud, sky, tree and outdoor
Ref : 7 Day #Myanmar_Online_News
>>Zawgyi<<
စင်ကာပူကုမ္ပဏီနှင့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီ အပါအဝင် ကုမ္ပဏီသုံးခု သီလဝါအထူးစီးပွားရေးဇုန်မှ ရင်းနှီးမြှုပ်နှံမှု ပြန်လည်ရုပ်သိမ်း
Wednesday , February 19 , 2020

သီလဝါအထူးစီးပွားရေး ဇုန်တွင် စင်ကာပူကုမ္ပဏီနှင့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီတို့ အပါအဝင် ကုမ္ပဏီသုံးခုသည် ရင်းနှီးမြှုပ်နှံမှု ပြန်လည်ရုပ်သိမ်း ခဲ့ကြောင်း သီလဝါအထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အ တွင်းရေးမှူး ဒေါက်တာရွှေဟိန်း က ပြောကြားခဲ့သည်။
အချက်အလက်စုဆောင်း သည့် စင်ကာပူကုမ္ပဏီသည် သတ်မှတ်ငွေကြေးကို ခြောက်လအ တွင်း မယူဆောင်နိုင်ခြင်းကြောင့် ဖြစ်ပြီး ကျန်ဖက်စပ် ကုမ္ပဏီနှစ် ခုသည် သက်ဆိုင်ရာ ကုမ္ပဏီများ၏ ဘဏ္ဍာရေးအခြေအနေကြောင့် ပြန်လည်ရုပ်သိမ်းခြင်းဖြစ်သည် ဟု ဆိုသည်။
စင်ကာပူကုမ္ပဏီက တယ် လီကွန်း ဆက်သွယ်ရေးလုပ်ငန်း အတွက် အချက်အလက်စု ဆောင်းရန် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဖြစ်သည်။
စင်ကာပူကုမ္ပဏီသည် အမေရိကန်နိုင်ငံသားက ပိုင်ဆိုင် သည့် ကုမ္ပဏီဖြစ်ပြီး ဒေါ်လာ ရှစ် သန်းရင်းနှီးမြှုပ်နှံရန် အာမခံ ခဲ့သည်ဟု ဆိုသည်။ သို့သော် ထို ငွေကြေးပမာဏကို အထူးစီးပွား ရေးဇုန်အရ ခြောက်လအတွင်း သတ်မှတ် ငွေကြေးပမာဏကို ယူဆောင်လာနိုင်ခြင်းမရှိသော ကြောင့်ဟု ဆိုသည်။
ကျန်ကုမ္ပဏီနှစ်ခုသည် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီများဖြစ်ပြီး ဆပ်ပြာမှုန့်နှင့် ဖိနပ်စက်ရုံ တည်ဆောက်ရန်ဖြစ်ပြီး မြန်မာ ဘက်မှ ကုမ္ပဏီများက ငွေကြေး မလုံလောက်၍ ရင်းနှီးမြှုပ်နှံရန် ရုပ်သိမ်းခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဆပ်ပြာသည် စုစုပေါင်း ဒေါ်လာ ခုနစ်သန်း ရင်းနှီးမြှုပ်နှံ ရန်ဖြစ်ပြီး မြန်မာ-ဂျပန် ဖက်စပ် လုပ်ကိုင်ရာတွင် လုပ်ငန်းပေါင်း စပ်ရန် အဆင်မပြေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
ဖိနပ်ကုမ္ပဏီမှာ ရင်းနှီးမြှုပ် နှံသူ၏ မိသားစုပြဿနာဖြစ်ပြီး ဒေါ်လာ ၁၇ သန်း ရင်းနှီးမြှုပ်နှံရန် ဖြစ်သည်ဟု ဆိုသည်။
‘‘သီလဝါအထူးစီးပွားရေး ဇုန်က ဂျပန်-မြန်မာ အစိုးရ ပူးတွဲ ဆောင်ရွက်တဲ့ စီမံကိန်းဖြစ်တော့ လာလျှောက်တဲ့သူတိုင်းကို ခွင့်ပြု ပေးတာမဟုတ်ပါဘူး။ အခုဖက် စပ်ကုမ္ပဏီနှစ်ခုကလည်း ကိုယ် ရေးကိုယ်တာကိစ္စကြောင့်ပါ’’ဟု ဒေါက်တာရွှေဟိန်းက ပြော သည်။
သီလဝါစီးပွားရေးဇုန်အ တွင်း ၂၀၁၉ ဒီဇင်ဘာလကုန်အ ထိ ၁၉ နိုင်ငံမှ ကုမ္ပဏီ ၁၁၅ ခုကို ခွင့်ပြုမိန့်ထုတ်ပေးပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၉၂ ဘီလီယံကျော်ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။
ယင်းအနက် အထက်ပါ ကုမ္ပဏီသုံးခု နုတ်ထွက်၍ လက်ရှိ ကုမ္ပဏီ ၁၁၂ ခုက ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားသည်။ သီလဝါအထူး စီးပွားရေးဇုန်ကို ၂၀၁၃ စက်တင် ဘာတွင် မြေဧက ၅,၇၀၀ ကျော်၌စတင်အကောင်အထည်ဖော်ခဲ့ သည်။
Ref : 7 Day #Myanmar_Online_News

0 comments:

Post a Comment