Tuesday, February 18, 2020

ဘူးသီးတောင်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ထောင်ထားသည့်မိုင်းနင်းမိ၍ ဘင်္ဂါလီလူမျိုး ၁ ဦး သေဆုံးခဲ့ကြောင်း တပ်မတော်ထုတ်ပြန်


No photo description available.
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်(ဘင်္ဂါလီ)ကျေးရွာနေ မာမွတ် အီနူ(ဘ) အဘူကာဆင့်သည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် နွားကျောင်းရန် ထွက်ခွာခဲ့ရာ ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ ထောင်ထားသော ဒေသန္တရ နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ၍ ညာခြေသလုံး ကြွက်သား ၆ လက်မခန့် ပွင့်ထွက်(အရိုးကျိုး)၊ ယာပေါင်၊ ဆီးခုံမိုင်းစဖောက်ဝင် ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
အဆိုပါမိုင်းထိ လူနာအား ရွာသားများမှ ဘူးသီးတောင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် နံနက် ၉ နာရီခွဲခန့်တွင် ထိပ်တူပေါက်ကျေးရွာနှင့် ဖုံညိုလိပ်ကျေးရွာကြားသို့ အရောက်၌ သေဆုံးခဲ့ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဘင်္ဂါလီကျေးရွာများအတွင်း မိုင်းထောင်ခြင်းများ ပြုလုပ်ခြင်း ကြောင့် ထိပ်တူပေါက် ကျေးရွာမှ ကျောင်းဆရာ အပါအဝင် ကလေးငယ်များ ဇန်နဝါရီ ၇ ရက်တွင် သေကြေ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် မိုင်းထောင်ရာတွင် ကျေးရွာ အဝင်အထွက် လမ်းများ၌ မိုင်းထောင်ခြင်း၊ ဒေသခံပြည်သူများ၏ လယ်ယာ၊တောင်ယာများဝန်းကျင်၌ မိုင်းထောင်ခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ ပြုလုပ်လျက် ရှိခြင်းတို့ကြောင့် ရခိုင်ပြည်နယ် အတွင်း ယနေ့အထိ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးခဲ့သည့် အရပ်သား ၁၃ ဦး၊ ဒဏ်ရာရရှိသူ ၃၅ ဦး ရှိပြီဖြစ်ကြောင်း သတင်း ရရှိသည်။
Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>Zawgyi<<
ဘူးသီးတောင်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ထောင်ထားသည့်မိုင်းနင်းမိ၍ ဘင်္ဂါလီလူမျိုး ၁ ဦး သေဆုံးခဲ့ကြောင်း တပ်မတော်ထုတ်ပြန်
Wednesday , February 19 , 2020

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်(ဘင်္ဂါလီ)ကျေးရွာနေ မာမွတ် အီနူ(ဘ) အဘူကာဆင့်သည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် နွားကျောင်းရန် ထွက်ခွာခဲ့ရာ ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ ထောင်ထားသော ဒေသန္တရ နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ၍ ညာခြေသလုံး ကြွက်သား ၆ လက်မခန့် ပွင့်ထွက်(အရိုးကျိုး)၊ ယာပေါင်၊ ဆီးခုံမိုင်းစဖောက်ဝင် ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါမိုင်းထိ လူနာအား ရွာသားများမှ ဘူးသီးတောင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် နံနက် ၉ နာရီခွဲခန့်တွင် ထိပ်တူပေါက်ကျေးရွာနှင့် ဖုံညိုလိပ်ကျေးရွာကြားသို့ အရောက်၌ သေဆုံးခဲ့ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဘင်္ဂါလီကျေးရွာများအတွင်း မိုင်းထောင်ခြင်းများ ပြုလုပ်ခြင်း ကြောင့် ထိပ်တူပေါက် ကျေးရွာမှ ကျောင်းဆရာ အပါအဝင် ကလေးငယ်များ ဇန်နဝါရီ ၇ ရက်တွင် သေကြေ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် မိုင်းထောင်ရာတွင် ကျေးရွာ အဝင်အထွက် လမ်းများ၌ မိုင်းထောင်ခြင်း၊ ဒေသခံပြည်သူများ၏ လယ်ယာ၊တောင်ယာများဝန်းကျင်၌ မိုင်းထောင်ခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ ပြုလုပ်လျက် ရှိခြင်းတို့ကြောင့် ရခိုင်ပြည်နယ် အတွင်း ယနေ့အထိ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးခဲ့သည့် အရပ်သား ၁၃ ဦး၊ ဒဏ်ရာရရှိသူ ၃၅ ဦး ရှိပြီဖြစ်ကြောင်း သတင်း ရရှိသည်။
Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment