Sunday, February 16, 2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ လောက်ကိုင်မြို့နယ် ၊ မိုးမိတ်မြို့နယ် ၊ တာလေမြို့ ၊ အင်းတော်မြို့နယ်တို့တွင် မူးယစ်ဆေးဝါး၊ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Image may contain: 1 person, standing

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် လောက်ကိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၁၆၂ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လောက်ကိုင်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်နေ လော်လောက်ဖူး ၃၈ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး အိပ်ခန်းအတွင်းမှ ကော်ဘူး၊အအေးစုပ်ပိုက်တို့ြဖင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၈.၃ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ် ၁.၆၆ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၆၀၀ ပြား (ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၆၉ သိန်း)နှင့် Ice အလေးချိန် ၃၅ ဂရမ် (ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ် ၇ သိန်း) တို့အား သိမ်းဆည်းရမိခဲ့သဖြင့် လောက်ကိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မိုးမိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၁၃၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ပြားများ သိမ်းဆည်းရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မိုးမိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၁၃၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြာင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၀၅၃ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ တွင်းငယ်-မိုးမိတ်သွားကားလမ်းပေါ်တွင် အသင်္ကာဖွယ်မော်တော် ယာဉ် ၁ စီး ရပ်တန့်ထားကြောင်း သတင်းအရ သက်သေများနှင့်အတူသွားရောက်စစ်ဆေးရာ ယာဉ်မောင်းအားမ တွေ့ရှိဘဲ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၆၉၀၀၀၀ ပြား(ဒေသကာ လပေါက်စျေးတန်ဖိုးငွေကျပ် ၁၃၈၀၀ သိန်း) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မိုးမိတ်မြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံ စမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တာလေမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် တာလေမြို့တွင် စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၀၇၃ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာလေမြို့၊လွန်းကျိုင်းကျေးရွာနေ အိုက်ဆွန် ၄၆ နှစ်၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး အိပ်ခန်းအတွင်းရှိ ဘေးလွယ်အိတ်အတွင်း မှ ပလတ်စတစ်ကပ်ခွာအိတ်နှင့် အအေးစုပ်ပိုက်အတွင်းထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၀ ပြား(ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၂.၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် မိုင်း လင်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေး ယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အင်းတော်မြို့နယ်တွင် ငွေကျပ်သိန်း ၁၁၀၆၅ တန်ဖိုးရှိ မူးယစ်ဆေးဝါး များ သိမ်းဆည်းရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် အင်းတော်မြို့နယ်တွင် ငွေကျပ်သိန်း ၁၁၀၆၅ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ၁၇၀ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် သတင်းအရ သက်သေများနှင့်အတူ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်းပေါ်တွင် အင်းတော် မြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက် ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ မော်တော်ယာဉ်အား ပေကုန်းကျေးရွာအနီးတွင်တွေ့ရှိပြီး ရှာဖွေရာ မော်တော်ယာဉ် ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၆.၆ ကီလို(ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၆၆၀၀ သိန်း)နှင့် ပလပ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၈၉၃၀ဝ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၄၆၅ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် မော်လူးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အ ရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Image may contain: car, text that says 'သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများ'
Image may contain: 1 person, text that says 'အိုက်ဆွန် နှင့် သက်သေခံပစ္စည်းများ'
Image may contain: car
Source : CCDAC Myanmar #Myanmar_Online_News
>>Zawgyi<<
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ လောက်ကိုင်မြို့နယ် ၊ မိုးမိတ်မြို့နယ် ၊ တာလေမြို့ ၊ အင်းတော်မြို့နယ်တို့တွင် မူးယစ်ဆေးဝါး၊ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Sunday , February 16 , 2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် လောက်ကိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၁၆၂ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လောက်ကိုင်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်နေ လော်လောက်ဖူး ၃၈ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး အိပ်ခန်းအတွင်းမှ ကော်ဘူး၊အအေးစုပ်ပိုက်တို့ဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၈.၃ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ် ၁.၆၆ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၆၀၀ ပြား (ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၆၉ သိန်း)နှင့် Ice အလေးချိန် ၃၅ ဂရမ် (ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ် ၇ သိန်း) တို့အား သိမ်းဆည်းရမိခဲ့သဖြင့် လောက်ကိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မိုးမိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၁၃၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ပြားများ သိမ်းဆည်းရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မိုးမိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၁၃၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြာင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၀၅၃ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ တွင်းငယ်-မိုးမိတ်သွားကားလမ်းပေါ်တွင် အသင်္ကာဖွယ်မော်တော် ယာဉ် ၁ စီး ရပ်တန့်ထားကြောင်း သတင်းအရ သက်သေများနှင့်အတူသွားရောက်စစ်ဆေးရာ ယာဉ်မောင်းအားမ တွေ့ရှိဘဲ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၆၉၀၀၀၀ ပြား(ဒေသကာ လပေါက်စျေးတန်ဖိုးငွေကျပ် ၁၃၈၀၀ သိန်း) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မိုးမိတ်မြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံ စမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တာလေမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် တာလေမြို့တွင် စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၀၇၃ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာလေမြို့၊လွန်းကျိုင်းကျေးရွာနေ အိုက်ဆွန် ၄၆ နှစ်၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး အိပ်ခန်းအတွင်းရှိ ဘေးလွယ်အိတ်အတွင်း မှ ပလတ်စတစ်ကပ်ခွာအိတ်နှင့် အအေးစုပ်ပိုက်အတွင်းထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၀ ပြား(ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၂.၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် မိုင်း လင်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေး ယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အင်းတော်မြို့နယ်တွင် ငွေကျပ်သိန်း ၁၁၀၆၅ တန်ဖိုးရှိ မူးယစ်ဆေးဝါး များ သိမ်းဆည်းရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် အင်းတော်မြို့နယ်တွင် ငွေကျပ်သိန်း ၁၁၀၆၅ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ၁၇၀ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် သတင်းအရ သက်သေများနှင့်အတူ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်းပေါ်တွင် အင်းတော် မြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက် ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ မော်တော်ယာဉ်အား ပေကုန်းကျေးရွာအနီးတွင်တွေ့ရှိပြီး ရှာဖွေရာ မော်တော်ယာဉ် ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၆.၆ ကီလို(ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၆၆၀၀ သိန်း)နှင့် ပလပ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၈၉၃၀ဝ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၄၆၅ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် မော်လူးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အ ရေးယူပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source : CCDAC Myanmar #Myanmar_Online_News

0 comments:

Post a Comment