ဒီဇယ်ဖိုး ကျပ်သိန်း(၇၀၀)ကျော်ကို နာမည်တပ်ပြီးတောင်းခံတဲ့ကိစ္စနဲ့ပတ်သက်လို့ တစ်ဘက်ကုမ္ပဏီက မတောင်းပန်ရင် ဥပဒေအရတုံ့ပြန်မယ်လို့ Tint Tint Myanmar Group ရဲ့ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောကြားလိုက်သည်။
Petro & Trans Group of ကုမ္ပဏီလီမိတက်အနေနဲ့ ဒေါ်တင့်တင့်လွင်နာမည်တပ်ပြီး ဒီဇယ်ဖိုး ကြွေးကျန် ကျပ် သိန်း(၇၀၀) ကျော်ကို အခုလ(၂၈)ရက်မှာ မပျက်မကွက်ပေးချေဖို့၊ ငွေပေးချေဖို့ ပျက်ကွက်ပါက တရားမကြောင်း/ ရာဇဝတ်ကြောင်းတွေ အရ တရားစွဲဆိုအရေးယူသွားမယ်ဆိုပြီး ဒေါ်တင့်တင့်လွင်နဲ့ အများသိစေဖို့ဆိုကာ ဖေဖော်ဝါရီ (၁၅)ရက်က နိုင်ငံပိုင်သတင်း စာမှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်တင့်တင့်လွင် ကအခုလိုပြန်လည်တုံ့ပြန်လိုက်တာဖြစ်သည်။
“သူတို့ရဲ့ ဘောက်ချာပေါ်မှာပါတဲ့သူရဲ့နာမည်ကိုသာလျှင် တောင်းခံပြီး ဒီလူရဲ့နာမည်နဲ့သာလျှင် ကြေညာကောင်း ကြေညာလို့ ရနိုင်မယ်လို့ ဥပဒေအကြောင်းအရ ကျွန်မနားလည်တယ်၊ အခု ဒေါ်တင့်တင့်လွင်အနေနဲ့ကြေညာတာဟာ ကျွန်မကို ဂုဏ်သိက္ခာ ကျဆင်းအောင် အရှက်ရအောင် လုပ်တယ်လို့ ယုံကြည်တယ်၊ ဒီ ၇၀၀ ဆိုတဲ့ အမောင့်ကို ဒီနေ့ မနက်ဖန် ပေးချေလိုက်လို့ ရတယ်၊ ဒါပေမယ့် မှန်ကန်တဲ့ စာရွက်စာတမ်း သူတို့ဘက်က အားလုံးပြဖို့လိုတယ်”လို့ ဒေါ်တင့်တင့်လွင်က ပြောကြားခဲ့သည်။
ကုမ္ပဏီ ဂုဏ်သိက္ခာကို ဒီလောက်ငွေအမောင့်နဲ့ ကျဆင်းစေမှာ မဟုတ်တဲ့အတွက် ရှေ့လျှောက်သူတို့ဘက်က မတောင်းပန်ရင် သူတို့အကုန်လုံးကို ဥပဒေအရ တုံ့ပြန်သွားမယ်လို့လည်း ဒေါ်တင့်တင့်လွင် ပြောကြားခဲ့ပြီး
ဒီဇယ်ဖိုးတွေကို (၂၀၁၉)ခုနှစ် ဩဂုတ်(၁၅)ရက်အတွင်း အကျေပေးချေမယ်ဆိုပြီး ဒေါ်တင့်တင့်လွင်ကိုယ်တိုင် လက်မှတ် ရေးထိုး ကတိပြုခဲ့ကာ အကြွေးကို လုံးဝပေးဆပ်ခဲ့တာမရှိဘူးလို့ ကြေညာချက်မှာဖော်ပြထားပါရှိပြီး Petro & Trans ကုမ္ပဏီ ရဲ့ အထက်တန်းရှေ့နေ ဦးသန်းထွန်း ပြောတာက “တယ်လီဖုန်းဆက်တယ်မဆက်ဘူးလားဆိုတာ သူတို့ပြောချင်တိုင်း ပြောလို့ရတာပေါ့၊ ကျွန်တော်တို့မှာ အသံဖိုင်ရှိလို့ ပြောနေတာပါ၊ အခုသတင်းစာမှာထည့်တာ သူတို့မသိဘူး ပြောချင်ရင် ပြောလို့ရတာပဲလေ၊ ဒါကတော့ ကျွန်တော်တို့လည်း ဘာမှ ဖြေရှင်းစရာမရှိပါဘူး၊ သူမသိဘူးဆိုလည်းရပါတယ်၊ ကျွန်တော်တို့မှာ အထောက်အထားအားလုံးရှိတယ်၊ မဟုတ်တာကို သတင်းစာမှာမကြေညာပါဘူး၊ ရှေ့နေတစ်ယောက်အနေနဲ့ မဟုတ်တာကို ထည့်ရေးစရာအကြောင်းမရှိဘူးလို့”ပြောကြားထားသည်။
ဒေါ်တင့်တင့်လွင်ကတော့ တစ်ဘက်ကုမ္ပဏီအနေနဲ့ မှန်ကန်တဲ့စာရွက်စာတမ်း ပြဖို့လိုအပ်ပြီးမျက်နှာချင်းဆိုင် ဖြေရှင်းဖို့လိုကာ အခုချိန်ထိ အဲဒီကုမ္ပဏီဘက်က ဘယ်သူမှ မလာသေးဘူးလို့လည်း ဒေါ်တင့်တင့်လွင်က ပြောကြားထားသည်။
အဆိုပါ Tint Tint Myanmar Group၏ Yangon Water Bus ကို (၂၀၁၇)ခုနှစ် အောက်တိုဘာလက စတင်ပြေးဆွဲခဲ့တာဖြစ်သည်။
Ref : OneNewsMyanmar
>>Zawgyi<<
အမည်နာမတပ်ကာ ဒီဇယ်ဖိုး ကျပ်သိန်း(၇၀၀)ကျော်တောင်းခံသည့်ကုမ္ပဏီ ပြန်လည်မတောင်းပန်ပါကဥပဒေအရတုံ့ပြန်မည်ဟု ဒေါ်တင့်တင့်လွင်ပြော
Sunday , February 16 , 2020

0 comments:
Post a Comment