Sunday, February 16, 2020

တရုတ်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ အစိုးရမှလမ်းများပိတ်ဆို့ထားမှုကြောင့် နေရပ်ပြန်ရန်အခက်အခဲများရှိနေဟုဆို

Image may contain: 4 people, people sitting and crowd
တရားမဝင်နေထိုင်သော နိုင်ငံခြားသားများကို နေရပ်ပြန်ရန် တရုတ်အစိုးရကသတိပေးထားစဉ် မြန်မာရွှေ့ပြောင်း အလုပ် သမားအများအပြားသည် အလုပ်ရှင်များက လက်မခံတော့ခြင်းကြောင့် နေစရာမရှိဖြစ်နေပြီး နေရပ်ပြန်နိုင်ရေး အကူအညီ အမြန်ဆုံးပေးရန် လိုအပ်နေကြောင်း တရုတ်နိုင်ငံရောက် မြန်မာအရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုနေကြသည်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး တရုတ်က စတင်ဆောင်ရွက် ခဲ့သော ဇန်နဝါရီနှောင်းပိုင်းက တည်းကပင် တရားမဝင်နိုင်ငံခြား သားများကို နေရပ်သို့ပြန်ရန် တရုတ်အစိုးရက စာထုတ်သတိ ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အရေအတွက် ထောင်ချီရှိနိုင် သော မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများသည် တရုတ် နိုင်ငံတွင် အလွန်ဒုက္ခရောက်နေ သည်ဟု ရွှေလီမြို့အခြေစိုက် မိုး မခလူမှုကူညီရေးအသင်းမှ ဒေါ်မိုးမခကပြောသည်။
‘‘ဖေဖော်ဝါရီ ၁၂ ရက်ကစပြီး ဆက်သွယ်လာကြတာ။ တစ်ရက်မှ မနားရသေးဘူး။ အခုက အကုန်ဒုက္ခရောက်နေကြတယ်။ မိုးကလည်းရွာ၊ နေစရာကမရှိဖြစ်နေကြတယ်’’ဟု ဒေါ်မိုးမခကပြောသည်။
တရုတ်နိုင်ငံ စန်းတုန်းမြို့ တွင် ပိတ်မိနေသော မြန်မာနိုင်ငံ သား ၁၂၀ ကျော်က ၎င်းတို့ကို လာရောက်ကူညီပေးရန် ဖေဖော် ဝါရီ ၁၅ ရက် ညက ဖုန်းဖြင့်ဆက် သွယ်လာခဲ့ပြီး ၎င်းတို့ထဲမှ ၃၀ ဦးကို တရုတ်ရဲက ဖမ်းဆီးသွားသည်ဟု ဒေါ်မိုးမခကပြောသည်။
တရုတ်နိုင်ငံ ကွမ်တုံပြည် နယ်တွင် အခက်အခဲတွေ့နေ သော မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်စုကိုလည်း နေရပ်သို့ ပြန်ပို့ပေးမည်ဟုဆိုကာ ကားလိုင်းတစ်ခုက ငွေကြေးလိမ်လည်ယူဆောင်သွားမှုတစ်ခု ဖေဖော်ဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့သည်။ ထို့ ကြောင့် တရုတ်နိုင်ငံဆိုင်ရာ မြန် မာသံရုံးထံ ဖုန်းဆက်အကူအညီ တောင်းရာ ရောက်ရာနေရာမှ တည်းခိုခန်းတွင်သာ နေထိုင်ရန် အကြောင်းပြန်သည်ဟု အခက်အခဲတွေ့နေသော မြန်မာများက ပြောကြားခဲ့သည်ဟုဆိုသည်။
‘‘ယောက်ျားလေးတွေချည်း ပဲဆို ဖြစ်သလိုနေလို့ရတယ်။ လမ်းဘေးနေ၊ လမ်းဘေးအိပ်ပြီး နေလို့ရတယ်။ အခုက မိန်းကလေးကလည်း ကိုယ်ဝန်ခုနစ်လကျော်ပြီဆိုတော့ အမြန်ပြန်စေချင်လို့ လောလိုက်တာမှာ အလိမ်ခံရတာ’’ဟု ငွေလိမ်ခံရသူက ဆို သည်။တရုတ်အစိုးရက ဖေဖော်ဝါရီ ၂၄ ရက်တွင် ကားလမ်းများ ပြန်ဖွင့်မည်ဟု သတင်းထွက်ပေါ်နေသည်။
မြန်မာရွှေ့ပြောင်း အလုပ် သမားများသည် အလုပ်ရှင်က လက်မခံ၍ အခက်အခဲတွေ့နေ သည်မှာ ပြီးခဲ့သည့် ဇန်နဝါရီ နှောင်းပိုင်းကတည်းက ဖြစ်သည်။ အချို့သည် မိမိတို့ကိုယ်ပိုင်အစီအစဉ်ဖြင့် ပြန်လာနိုင်ခဲ့သော် လည်း အများစုသည် တရုတ်နိုင်ငံ တွင် သောင်တင်နေဆဲဖြစ်သည်။ မြန်မာလုပ်သားများသည် အလုပ် ရှင်က ကျန်းမာရေးအကြောင်းပြ ချက်ဖြင့် နေခွင့်မပြုတော့ခြင်း၊ တည်းခိုခန်းများက လက်မခံခြင်း နှင့် နေရပ်ပြန်ရေး ကြိုးစားသော် လည်း ခရီးသည်တင်ကားများက စီးခွင့်မပေးခြင်းတို့ကြောင့် တော ထဲတွင် ပုန်းအောင်းနေခဲ့ရသည်။
‘‘မြန်မာနိုင်ငံမှ လူကြီးမင်း များ သိရှိစေလိုပါသည်။ မိုးအရမ်း ရွာပြီး အရမ်းအေးနေကြကြောင်း၊ ခိုနားရာနေရာမရှိကြောင်း၊ ငိုယို အကူအညီ တောင်းနေကြပါ သည်။ အကုန်လုံး ဝိုင်းကူညီစေ ချင်ပါသည်’’ဟု တရုတ်နိုင်ငံတွင် အခက်တွေ့နေသော မြန်မာရွှေ့ ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ မိုးမခဖောင်ဒေးရှင်းက ဖေ့စ်ဘွတ် လူမှုကွန်ရက်တွင် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် တရားဝင်အလုပ် သမားစေလွှတ်ရေး MoU ထိုးထားခြင်းမရှိသေး၍ တရုတ်ရောက် မြန်မာနိုင်ငံသားများသည် တရားဝင် အလုပ်သမားအဖြစ် စာရင်းမဝင်ပေ။ ထို့ကြောင့် အလုပ်သမားအခွင့်အရေးမရဘဲ ကိုရိုနာဗိုင်းရပ်စ်ပြဿနာနှင့် ဆက်စပ်ကာ ယခင်နှင့်မတူသော အခက်အခဲကြုံနေရသည်။
တရုတ်နိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် မြန် မာ အပါအဝင် နိုင်ငံခြားသားအ များအပြား နေရပ်သို့ ပြန်လွှတ် ခြင်း ခံနေရသည်။ လူစုလူဝေးနေ ရာများကို ရှောင်ရန်နှင့် တရားမ ဝင်နေသူများ နေရပ်ပြန်ရန်အ ပါအဝင် စည်းကမ်းချက် အများအပြားကို တရုတ်က ကြေညာထားသည်။
Image may contain: one or more people and outdoor
Ref-7day
>>Zawgyi<<
တရုတ်နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ အစိုးရမှ လမ်းများပိတ်ဆို့ထားမှုကြောင့် နေရပ်ပြန်ရန်အခက်အခဲများရှိနေဟုဆို
Monday , February 17 , 2020
တရားမဝင်နေထိုင် သော နိုင်ငံခြားသားများကို နေရပ် ပြန်ရန် တရုတ်အစိုးရက သတိ ပေးထားစဉ် မြန်မာရွှေ့ပြောင်း အလုပ်သမား အများအပြားသည် အလုပ်ရှင်များက လက်မခံတော့ခြင်း ကြောင့် နေစရာမရှိဖြစ်နေပြီး နေရပ်ပြန်နိုင်ရေး အကူအညီ အမြန်ဆုံးပေးရန် လိုအပ်နေကြောင်း တရုတ်နိုင်ငံရောက် မြန်မာအရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုနေကြသည်။

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက် ရေး တရုတ်က စတင်ဆောင်ရွက် ခဲ့သော ဇန်နဝါရီနှောင်းပိုင်းက တည်းကပင် တရားမဝင်နိုင်ငံခြား သားများကို နေရပ်သို့ပြန်ရန် တရုတ်အစိုးရက စာထုတ်သတိ ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အရေအတွက် ထောင်ချီရှိနိုင် သော မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများသည် တရုတ် နိုင်ငံတွင် အလွန်ဒုက္ခရောက်နေ သည်ဟု ရွှေလီမြို့အခြေစိုက် မိုး မခလူမှုကူညီရေးအသင်းမှ ဒေါ်မိုးမခကပြောသည်။
‘‘ဖေဖော်ဝါရီ ၁၂ ရက်ကစပြီး ဆက်သွယ်လာကြတာ။ တစ်ရက်မှ မနားရသေးဘူး။ အခုက အကုန်ဒုက္ခရောက်နေကြတယ်။ မိုးကလည်းရွာ၊ နေစရာကမရှိဖြစ်နေကြတယ်’’ဟု ဒေါ်မိုးမခကပြောသည်။
တရုတ်နိုင်ငံ စန်းတုန်းမြို့ တွင် ပိတ်မိနေသော မြန်မာနိုင်ငံ သား ၁၂၀ ကျော်က ၎င်းတို့ကို လာရောက်ကူညီပေးရန် ဖေဖော် ဝါရီ ၁၅ ရက် ညက ဖုန်းဖြင့်ဆက် သွယ်လာခဲ့ပြီး ၎င်းတို့ထဲမှ ၃၀ ဦးကို တရုတ်ရဲက ဖမ်းဆီးသွားသည်ဟု ဒေါ်မိုးမခကပြောသည်။
တရုတ်နိုင်ငံ ကွမ်တုံပြည် နယ်တွင် အခက်အခဲတွေ့နေ သော မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်စုကိုလည်း နေရပ်သို့ ပြန်ပို့ပေးမည်ဟုဆိုကာ ကားလိုင်းတစ်ခုက ငွေကြေးလိမ်လည်ယူဆောင်သွားမှုတစ်ခု ဖေဖော်ဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့သည်။ ထို့ ကြောင့် တရုတ်နိုင်ငံဆိုင်ရာ မြန် မာသံရုံးထံ ဖုန်းဆက်အကူအညီ တောင်းရာ ရောက်ရာနေရာမှ တည်းခိုခန်းတွင်သာ နေထိုင်ရန် အကြောင်းပြန်သည်ဟု အခက်အခဲတွေ့နေသော မြန်မာများက ပြောကြားခဲ့သည်ဟုဆိုသည်။
‘‘ယောက်ျားလေးတွေချည်း ပဲဆို ဖြစ်သလိုနေလို့ရတယ်။ လမ်းဘေးနေ၊ လမ်းဘေးအိပ်ပြီး နေလို့ရတယ်။ အခုက မိန်းကလေးကလည်း ကိုယ်ဝန်ခုနစ်လကျော်ပြီဆိုတော့ အမြန်ပြန်စေချင်လို့ လောလိုက်တာမှာ အလိမ်ခံရတာ’’ဟု ငွေလိမ်ခံရသူက ဆို သည်။တရုတ်အစိုးရက ဖေဖော်ဝါရီ ၂၄ ရက်တွင် ကားလမ်းများ ပြန်ဖွင့်မည်ဟု သတင်းထွက်ပေါ်နေသည်။
မြန်မာရွှေ့ပြောင်း အလုပ် သမားများသည် အလုပ်ရှင်က လက်မခံ၍ အခက်အခဲတွေ့နေ သည်မှာ ပြီးခဲ့သည့် ဇန်နဝါရီ နှောင်းပိုင်းကတည်းက ဖြစ်သည်။ အချို့သည် မိမိတို့ကိုယ်ပိုင်အစီအစဉ်ဖြင့် ပြန်လာနိုင်ခဲ့သော် လည်း အများစုသည် တရုတ်နိုင်ငံ တွင် သောင်တင်နေဆဲဖြစ်သည်။ မြန်မာလုပ်သားများသည် အလုပ် ရှင်က ကျန်းမာရေးအကြောင်းပြ ချက်ဖြင့် နေခွင့်မပြုတော့ခြင်း၊ တည်းခိုခန်းများက လက်မခံခြင်း နှင့် နေရပ်ပြန်ရေး ကြိုးစားသော် လည်း ခရီးသည်တင်ကားများက စီးခွင့်မပေးခြင်းတို့ကြောင့် တော ထဲတွင် ပုန်းအောင်းနေခဲ့ရသည်။
‘‘မြန်မာနိုင်ငံမှ လူကြီးမင်း များ သိရှိစေလိုပါသည်။ မိုးအရမ်း ရွာပြီး အရမ်းအေးနေကြကြောင်း၊ ခိုနားရာနေရာမရှိကြောင်း၊ ငိုယို အကူအညီ တောင်းနေကြပါ သည်။ အကုန်လုံး ဝိုင်းကူညီစေ ချင်ပါသည်’’ဟု တရုတ်နိုင်ငံတွင် အခက်တွေ့နေသော မြန်မာရွှေ့ ပြောင်းအလုပ်သမားများနှင့် ပတ် သက်၍ မိုးမခဖောင်ဒေးရှင်းက ဖေ့စ်ဘွတ် လူမှုကွန်ရက်တွင် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် တရားဝင်အလုပ် သမားစေလွှတ်ရေး MoU ထိုးထားခြင်းမရှိသေး၍ တရုတ်ရောက် မြန်မာနိုင်ငံသားများသည် တရားဝင် အလုပ်သမားအဖြစ် စာရင်းမဝင်ပေ။ ထို့ကြောင့် အလုပ်သမားအခွင့်အရေးမရဘဲ ကိုရိုနာဗိုင်းရပ်စ်ပြဿနာနှင့် ဆက်စပ်ကာ ယခင်နှင့်မတူသော အခက်အခဲကြုံနေရသည်။
တရုတ်နိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် မြန် မာ အပါအဝင် နိုင်ငံခြားသားအ များအပြား နေရပ်သို့ ပြန်လွှတ် ခြင်း ခံနေရသည်။ လူစုလူဝေးနေ ရာများကို ရှောင်ရန်နှင့် တရားမ ဝင်နေသူများ နေရပ်ပြန်ရန်အ ပါအဝင် စည်းကမ်းချက် အများအပြားကို တရုတ်က ကြေညာထားသည်။
Ref-7day

0 comments:

Post a Comment