ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပေါ် သဇင်ရပ်ကွက်က နေအိမ်တအိမ်မှာ လက်နက်တချို့ ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့မရဲစခန်းက သိရပါတယ်။
သေနတ်အရှည် ၂ လက်နဲ့ အတို ၃ လက် စုစုပေါင်း လက်နက် ၅ လက်ကို ကျည်ကတ်အိမ်တွေနဲ့အတူဖမ်းမိခဲ့တာလို့ ကလေးမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဗိုလ်ဗိုလ်အောင်က ပြောပါတယ်။
လက်နက်နဲ့ မူးယစ်ဆေးတွေကို ပထမ တစ်ကြိမ်ဖမ်းဆီးခဲ့ပြီးနောက် ထပ်မံပြီး ကွင်းဆက် နေအိမ်ကို သက်သေတွေနဲ့အတူ ကလေးခရိုင်ရဲတပ်ဖွဲ့တွေနဲ့ နယ်ထိန်းရဲတပ်ဖွဲ့တွေက ၀င်ရောက်ရှာဖွေရာကနေ လက်နက်တွေ ထပ်မံတွေ့ရှိခဲ့တာပါ။
ရဲအုပ်ဗိုလ်ဗိုလ်အောင်က “ကျနော်တို့အနေနဲ့ ပထမဖမ်းဆီးမှုကနေ ကွင်းဆက်လိုက်တဲ့အခါ နေအိမ်မှာ တရားခံကို အသင့်တွေ့တယ်။ လက်နက်တွေကိုတော့ အခန်းကြမ်းပြင်မှာ အံဝှက်နဲ့ သိမ်းထားတာ တွေ့တာနဲ့ လူရော လက်နက်တွေပါ သိမ်းဆည်းပြီး စခန်းကနေ တဆင့် တရားဆွဲဆိုနိုင်ဖို့ ကလေးမြို့ မြို့မ စခန်းမှူးကိုယ်တိုင် အမှုဖွင့် စစ်ဆေးနေတယ်”လို့ ပြောပါတယ်။
လက်နက်တွေနဲ့အတူ ဖမ်းဆီးခံရသူဟာ ကလေးမြို့ သဇင်ရပ်ကွက်မှာနေတဲ့ ဦးဝုန်းဂေါ့ကျင် ဖြစ်ပြီး သူ့ကို ရာဇသတ်ကြီး ပုဒ်မ (ပ)၃၄၇/၂၀၂၀၊ လက်နက် ပုဒ်မ ၁၉(စ) နဲ့ အမှုဖွင့် စစ်ဆေးထိန်းသိမ်းထားပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်ညကလည်း ကလေးမြို့နေ ဦးကမ်ဆွင်းမွောင်နေအိမ်မှာ အမေရိကန်ထုတ် Colt Ar015 (Glr 16-s) အမျိူးအစား သေနတ်အရှည်တလက်နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၆၀၀ ပြားနဲ့ ဘိန်းဖြူဆပ်ပြာခွက် ၈ ခွက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
Ref-Dvb
>>Zawgyi<<
ကလေးမြို့တွင် သေနတ် ၅လက်နှင့် ကျည်ကတ်အိမ်များဖမ်းဆီးရမိ
Monday , February 17 , 2020
ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပေါ် သဇင်ရပ်ကွက်က နေအိမ်တအိမ်မှာ လက်နက်တချို့ ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့မရဲစခန်းက သိရပါတယ်။
သေနတ်အရှည် ၂ လက်နဲ့ အတို ၃ လက် စုစုပေါင်း လက်နက် ၅ လက်ကို ကျည်ကတ်အိမ်တွေနဲ့အတူဖမ်းမိခဲ့တာလို့ ကလေးမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဗိုလ်ဗိုလ်အောင်က ပြောပါတယ်။
လက်နက်နဲ့ မူးယစ်ဆေးတွေကို ပထမ တစ်ကြိမ်ဖမ်းဆီးခဲ့ပြီးနောက် ထပ်မံပြီး ကွင်းဆက် နေအိမ်ကို သက်သေတွေနဲ့အတူ ကလေးခရိုင်ရဲတပ်ဖွဲ့တွေနဲ့ နယ်ထိန်းရဲတပ်ဖွဲ့တွေက ဝင်ရောက်ရှာဖွေရာကနေ လက်နက်တွေ ထပ်မံတွေ့ရှိခဲ့တာပါ။
ရဲအုပ်ဗိုလ်ဗိုလ်အောင်က “ကျနော်တို့အနေနဲ့ ပထမဖမ်းဆီးမှုကနေ ကွင်းဆက်လိုက်တဲ့အခါ နေအိမ်မှာ တရားခံကို အသင့်တွေ့တယ်။ လက်နက်တွေကိုတော့ အခန်းကြမ်းပြင်မှာ အံဝှက်နဲ့ သိမ်းထားတာ တွေ့တာနဲ့ လူရော လက်နက်တွေပါ သိမ်းဆည်းပြီး စခန်းကနေ တဆင့် တရားဆွဲဆိုနိုင်ဖို့ ကလေးမြို့ မြို့မ စခန်းမှူးကိုယ်တိုင် အမှုဖွင့် စစ်ဆေးနေတယ်”လို့ ပြောပါတယ်။
လက်နက်တွေနဲ့အတူ ဖမ်းဆီးခံရသူဟာ ကလေးမြို့ သဇင်ရပ်ကွက်မှာနေတဲ့ ဦးဝုန်းဂေါ့ကျင် ဖြစ်ပြီး သူ့ကို ရာဇသတ်ကြီး ပုဒ်မ (ပ)၃၄၇/၂၀၂၀၊ လက်နက် ပုဒ်မ ၁၉(စ) နဲ့ အမှုဖွင့် စစ်ဆေးထိန်းသိမ်းထားပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်ညကလည်း ကလေးမြို့နေ ဦးကမ်ဆွင်းမွောင်နေအိမ်မှာ အမေရိကန်ထုတ် Colt Ar015 (Glr 16-s) အမျိူးအစား သေနတ်အရှည်တလက်နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၆၀၀ ပြားနဲ့ ဘိန်းဖြူဆပ်ပြာခွက် ၈ ခွက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
Ref-Dvb
0 comments:
Post a Comment