ရေနံချောင်းမြို့၊သစ်တပွေရပ်ကွက်၊တောင်ပေါ်သားဘော်ဒေါဆောင်၊ကျူရှင်ခန်းတွင်၊ယနေ့နံနက် ၈နာရီခန့်က ရေနံချောင်းဒီဂရီကောလိပ်ကျောင်းသားချင်းခိုက်ရန်ဖြစ်ပွားရာမှဓားထိုးမှု့ဖြစ်ပြီးတစ်ဦးသေဆုံးခဲ့ပါသည်။
ဖြစ်စဉ်မှာ16.2.2020ရက်နေ့နံနက်၈နာရီခန့်ကရေနံချောင်းမြို့၊သစ်တပွေရပ်ကွက်တောင်ပေါ်သားဘော်ဒါ ဆောင်ကျူရှင်ခန်းတွင်ရေနံချောင်းဒီဂရီကောလိပ်ဓာတုဗေဒဌာနမှ ကထိကဒေါ်ယဉ်နွယ်ဦး၊ကျူရှင်သင်နေစဉ်၊ကျူရှင်ခန်းအတွင်းဓားထိုးမှု့ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
အောင်မျိုးဦးပထမနှစ်ဓာတုဗေဒကျောင်းသားမှ ကျော်မျိုးလင်းပထမနှစ်ကျောင်းသားအား ဘီယာပုလင်းဖြင့်ဦးခေါင်းကိုစတင်ရိုက်နှက်ခဲ့ရာ၊ ကျော်မျိုးလင်းမှ အောင်မျိုးဦးအားဓားဖြင့်ပြန်ထိုးခဲ့သဖြင့်အောင်မျိုးဦးဓားဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်းသိရှိရပါသည်။
သေဆုံးသူမောင်အောင်းမျိုးဦးမှာပွင့်ဖြူမြို့နယ်မှဖြစ်ပြီး၊ကုန်းမြင့်သာရပ်ပန်းသတင်းဘော်ဒါဆောင်တွင်နေထိုင်သူဖြစ်ပါ သည်။ဓားဖြင့်ထိုးသူမောင်ကျော်မျိုးလင်းမှာဆင်ဖြူကျွန်းမှဖြစ်ပြီးကုန်းမြင့်သာရပ်ရွှေစကားဝါဘော်ဒါဆောင်တွင်နေထိုင်သူဖြစ်ပါသည်။
15.2.2020ရက်နေ့နံနက်ကလည်းဓာတုဗေဒဌာနဒေါ်ယဉ်နွယ်ဦးကျူရှင်ချိန်တောင်ပေါ်သားကျုရှင်ခန်းတွင်အကျီတက်နင်းသည့်ကိစ္စနှင့်ပတ်သက်၍မောင်ကျော်မျိုးလင်းမှမောင်အောင်မျိုးဦး၏ဦးခေါင်းကိုဘီယာပုလင်းဖြင့်ရိုက်ခဲ့သဖြင့်၊ သက်ဆိုင်ရာညောင်လှရဲစခန်းသို့သွားရောက်တိုင်ကြားခဲ့ရာ၊ ရဲစခန်းတာဝန်ရှိသူများမှ ဦးခေါင် းဒဏ်ရာရရှိသူ၊မောင်အောင်မျိုးဦးအားရေနံချောင်းဆေးရုံကြီးသို့ ရဲဆေးစာဖြင့်ပို့ခဲ့ပြီး နောက်တစ်နေ့၊ယခုဖြစ်စဉ်ဖြစ်ခဲ့ကြောင်းသိရပါသည်။
လက်ရှိတွင် ဓားဖြင့်ထိုးသူ မောင်ကျော်မျိုးလင်းမှာအဖမ်းမခံဘဲဘဲထွက်ပြေးနေကြောင်းသိရသည်။
Source : Yan Shin
>>Zawgyi<<
ရေနံချောင်းဒီဂရီကောလိပ် တောင်ပေါ်သားဘော်ဒေါဆောင်၊ကျူရှင်ခန်းတွင်ကျောင်းသားအချင်ချင်း ဓားထိုးမှုဖြစ်ရာမှ တစ်ယောက်သေဆုံး
Sunday , February 16 , 2020
ရေနံချောင်းမြို့၊သစ်တပွေရပ်ကွက်၊တောင်ပေါ်သားဘော်ဒေါဆောင်၊ကျူရှင်ခန်းတွင်၊ယနေ့နံနက် ၈နာရီခန့်က ရေနံချောင်းဒီဂရီကောလိပ်ကျောင်းသားချင်းခိုက်ရန်ဖြစ်ပွားရာမှဓားထိုးမှု့ဖြစ်ပြီးတစ်ဦးသေဆုံးခဲ့ပါသည်။
ဖြစ်စဉ်မှာ16.2.2020ရက်နေ့နံနက်၈နာရီခန့်ကရေနံချောင်းမြို့၊သစ်တပွေရပ်ကွက်တောင်ပေါ်သားဘော်ဒါ ဆောင်ကျူရှင်ခန်းတွင်ရေနံချောင်းဒီဂရီကောလိပ်ဓာတုဗေဒဌာနမှ ကထိကဒေါ်ယဉ်နွယ်ဦး၊ကျူရှင်သင်နေစဉ်၊ကျူရှင်ခန်းအတွင်းဓားထိုးမှု့ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
အောင်မျိုးဦးပထမနှစ်ဓာတုဗေဒကျောင်းသားမှ ကျော်မျိုးလင်းပထမနှစ်ကျောင်းသားအား ဘီယာပုလင်းဖြင့်ဦးခေါင်းကိုစတင်ရိုက်နှက်ခဲ့ရာ၊ ကျော်မျိုးလင်းမှ အောင်မျိုးဦးအားဓားဖြင့်ပြန်ထိုးခဲ့သဖြင့်အောင်မျိုးဦးဓားဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်းသိရှိရပါသည်။
သေဆုံးသူမောင်အောင်းမျိုးဦးမှာပွင့်ဖြူမြို့နယ်မှဖြစ်ပြီး၊ကုန်းမြင့်သာရပ်ပန်းသတင်းဘော်ဒါဆောင်တွင်နေထိုင်သူဖြစ်ပါသည်။ဓားဖြင့်ထိုးသူမောင်ကျော်မျိုးလင်းမှာဆင်ဖြူကျွန်းမှဖြစ်ပြီးကုန်းမြင့်သာရပ်ရွှေစကားဝါဘော်ဒါဆောင်တွင်နေထိုင်သူဖြစ်ပါသည်။
15.2.2020ရက်နေ့နံနက်ကလည်းဓာတုဗေဒဌာနဒေါ်ယဉ်နွယ်ဦးကျူရှင်ချိန်တောင်ပေါ်သားကျုရှင်
ခန်းတွင်အကျီတက်နင်းသည့်ကိစ္စနှင့်ပတ်သက်၍မောင်ကျော်မျိုးလင်းမှမောင်အောင်မျိုးဦး၏ဦး
ခေါင်းကိုဘီယာပုလင်းဖြင့်ရိုက်ခဲ့သဖြင့်၊သက်ဆိုင်ရာညောင်လှရဲစခန်းသို့သွားရောက်တိုင်ကြားခဲ့
ရာ၊ရဲစခန်းတာဝန်ရှိသူများမှဦးခေါင်းဒဏ်ရာရရှိသူ၊မောင်အောင်မျိုးဦးအားရေနံချောင်းဆေးရုံကြီးသို့
ရဲဆေးစာဖြင့်ပို့ခဲ့ပြီး နောက်တစ်နေ့၊ယခုဖြစ်စဉ်ဖြစ်ခဲ့ကြောင်းသိရပါသည်။
လက်ရှိတွင် ဓားဖြင့်ထိုးသူ မောင်ကျော်မျိုးလင်းမှာအဖမ်းမခံဘဲဘဲထွက်ပြေးနေကြောင်းသိရသည်။
Source : Yan Shin
0 comments:
Post a Comment