Sunday, February 16, 2020

ညွှန်ကြားရေးမှူး ၂ ဦး ကျောက်ပန်းတောင်းတွင် ယာဉ်မတော်တဆတိုက်မှုကြောင့် သေဆုံး

Image may contain: one or more people and outdoor
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မိုင်တိုင်အမှတ် (၃၆/၂) လက်ပံပျားကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းက ခရီးသည်တင်မှန်လုံယာဉ်နဲ့ အိမ်စီးကားတစီးတို့ မျက်နှာချင်းဆိုင်တိုက်မိပြီး ညွှန်ကြားရေးမှူး နှစ်ဦး သေဆုံးသွားတယ်လို့ လက်ပံပျားနယ်မြေ ရဲစခန်းက သိရပါတယ်။

မိတ္ထီလာဘက်ကနေ ကျောက်ပန်းတောင်းဘက်ကို ယာဉ်မောင်း နိုင်ကြီး မောင်းနှင်လာတဲ့ “OK” EXPRESS ခရီးသည်တင်ယာဉ်နဲ့ ကျောက်ပန်းတောင်းဘက်မှ မိတ္ထီလာဘက်သို့ ယာဉ်မောင်း ကျော်စွာဝင်း မောင်းနှင်လာတဲ့ အနက်ရောင် မက်တူးယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် အနက်ရောင်ယာဉ်ပေါ်ပါတဲ့ ဦးသိန်းကျော် မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး အောက်မြန်မာပြည်(ရန်ကုန်) နဲ့ ဦးကျော်ငြိမ်းအောင် ညွှန်ကြားရေးမှူး မြေတိုင်းနှင့် စီမံကိန်းသုသေသနဌာနခွဲ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်၊ တို့နှစ်ဦး အခင်းဖြစ်နေရာ ယာဉ်ပေါ်မှာ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း ကျော်စွာဝင်းကတော့ ဝဲဘက်ဒူး၊ ခြေထောက်နဲ့ ဝမ်းဗိုက်တို့မှာ ဒဏ်ရာအသီးသီးရရှိကာ မိတ္ထီလာပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် ပို့ဆောင်ထားရပါတယ်။
အဆိုပါ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီးယာဉ်မောင်း နိုင်ကြီးနဲ့ ကျော်စွာဝင်းတို့ကို လက်ပံပျားနယ်မြေရဲစခန်းက ယာဉ်တိုက် သေဆုံးမှု ရာဇသတ်ကြီး ပုဒ်မနဲ့ အမှုဖွင့်အရေးယူနေ ပါတယ်။
သတင်း-ကိုလင်း(ချောက်) #Myanmar_Online_News
>>Zawgyi<<
ညွှန်ကြားရေးမှူး ၂ ဦး ကျောက်ပန်းတောင်းတွင် ယာဉ်မတော်တဆတိုက်မှုကြောင့် သေဆုံး
Monday , February 17 , 2020

0 comments:

Post a Comment