Sunday, February 16, 2020

တန့်ယန်းမြို့နယ်တွင် ကျောင်းဆရာ ၁ဦး ဦးဆောင်ဖောက်လုပ်ခဲ့သည့် ကိုယ်ထူကိုယ်ထလမ်း ပြီးစီး


Image may contain: one or more people, people standing, crowd, sky, outdoor and nature
လမ်းမရှိသည့်ရွာတွင် ကျောင်းဆရာက ဦးဆောင်ပြီး ကိုယ်ထူကိုယ်ထဖောက်သည့် ကားလမ်းပြီးစီးပြီဖြစ်သဖြင့် ယမန်နေ့က ကားလမ်းဖွင့်ပွဲပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်ပတ်ကျေး ရွာသည် လမ်းမရှိသဖြင့် ၁၅ မိုင် ခန့်ရှည်ပြီး အကျယ် ရှစ်ပေရှိသည့် ကိုယ်ထူကိုယ်ထ ကားလမ်းကို ကျောင်းဆရာမိုင်းထွန်းရွှေက ဦး ဆောင်ကာပြီးခဲ့သည့် ဇန်နဝါရီလ ဆန်းပိုင်းကစပြီး ၄၅ ရက်တိုင် လမ်းဖောက်ခဲ့ခြင်းဖြစ်သည်။

လွယ်ပတ်ရွာမှ လမ်းရှိသည့် မန်နောင်ရွာအထိ ၁၅ မိုင်ရှည် သော ယင်းကားလမ်းဖောက်ရာ တွင် ရွာသူရွာသားများက တစ် ရက်လျှင် အင်အား ၆၀ ခန့်ဖြင့် ရောက်သည့်နေရာ၌ တဲထိုးအိပ်ကာနေ့စဉ် ဖောက်လုပ်ခြင်းဖြစ်သည်ဟု မိုင်းထွန်းရွှေက ဆိုသည်။လမ်းဖောက်လုပ်စဉ် စာရေးသောက်ရေးကို ရွာသူရွာသားများနှင့် အလှူရှင်များက ဝိုင်းဝန်းပံ့ပိုးခဲ့သည်။

‘‘လမ်းတော့ပြီးပြီ။ ကားအ မြင့်တွေဆို တက်လို့ရပြီ။ သူများ လာ၊ မလာဆိုတာတော့မသိပေ မယ့် သူတို့အချင်းချင်းတော့လွယ် လွယ်ကူကူသွားလာခွင့်ရပြီ။ ဒါ ကိုပဲကျေနပ်နေတယ်’’ ဟု မိုင်း ထွန်းရွှေပြောသည်။ ရွာသည် ဆင်းရဲနွမ်းပါးသဖြင့် လမ်းစတင် ဖောက်လုပ်ရန်စည်းရုံးစဉ်တွင် ရွာသားများ၏ တောင်ယာသွား ချိန်ထိခိုက်ခြင်းစသည့်အခက်အ ခဲရှိသောကြောင့် ကနဦး၌ ဆိုင် ကယ်လမ်းကို အရင်ဖောက်ခဲ့ပြီး သွားလာမှု လွယ်ကူလျှင်ရရှိသည့် အကျိုးကျေးဇူးကို ရွာသားများ သိရှိသည့်အချိန်တွင်မှ ကားလမ်း ဖောက်လုပ်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယမန်နေ့တွင် ပြုလုပ်သည့် ကားလမ်းဖွင့်ပွဲတွင် လွယ်ပတ်ရွာသူ၊ ရွာသားများ၊အခြားနီးစပ်ရာ ရွာများမှ ရွာသားများစုစုပေါင်း အင်အား ၅၀၀ ခန့်တက်ရောက် အားပေးခဲ့သည်။

‘‘အခုဆိုရွာအထိကားလာ လို့ရပြီ။ သူတို့တွေကုန်ပစ္စည်းကို အရင်ထက်လွယ်လွယ်ကူကူ ရောင်းချနိုင်တော့မယ်’’ ဟု လမ်း ဖောက်ရာတွင်ကျောင်းဆရာနှင့် အတူဦးဆောင်ပါဝင်သည့်မိုင်း အနိုင်ကပြောသည်။ ယင်းရွာအ တွက်ရှမ်းပြည်နယ်အစိုးရက ဆန် ၁၀ အိတ်နှင့် အစားအသောက် အချို့ကို ပြီးခဲ့သည့် ရက်ပိုင်းတွင် ထောက်ပံ့ခဲ့သည်ဟု မိုင်းအနိုင်ကပြောသည်။

တန့်ယန်းမြို့နယ်လွယ်ပတ် ကျေးရွာသည် တန့်ယန်းမြို့အ နောက်ဘက်သုံးနာရီကျော် ကား မောင်းသွားရသည့် နေရာတွင် တည်ရှိကာ အိမ် ၅၀ ခန့်နှင့် လူ ဦးရေ ၄၀၀ ကျော်ရှိသည်။

ယင်းရွာသည် တအာင်း တိုင်းရင်းသားကျေးရွာဖြစ်ပြီး တအာင်းပညာရေးအင်စတီကျူဒ်က ယမန်နှစ်တွင် စတင်ဖွင့်လှစ် ထားသည့် ကိုယ်ထူကိုယ်ထမူလ တန်း ကျောင်းရှိကာ ကျောင်းသား ၆၀ ကျော်ရှိ သည်။ လက်ရှိတွင် နောက်ထပ် ရွာနှစ်ရွာကိုလည်း ကိုယ်ထူကိုယ်ထ ကားလမ်း ဖောက်လုပ်နေသည်။
>>Zawgyi<<
တန့်ယန်းမြို့နယ်တွင် ကျောင်းဆရာ ၁ဦး ဦးဆောင်ဖောက်လုပ်ခဲ့သည့် ကိုယ်ထူကိုယ်ထလမ်း ပြီးစီး
Monday , February 17 , 2020
လမ်းမရှိသည့်ရွာတွင် ကျောင်းဆရာက ဦးဆောင်ပြီး ကိုယ်ထူကိုယ်ထဖောက်သည့် ကားလမ်းပြီးစီးပြီဖြစ်သဖြင့် ယမန်နေ့က ကားလမ်းဖွင့်ပွဲပြုလုပ်ခဲ့ သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်ပတ်ကျေး ရွာသည် လမ်းမရှိသဖြင့် ၁၅ မိုင် ခန့်ရှည်ပြီး အကျယ် ရှစ်ပေရှိသည့် ကိုယ်ထူကိုယ်ထ ကားလမ်းကို ကျောင်းဆရာမိုင်းထွန်းရွှေက ဦး ဆောင်ကာပြီးခဲ့သည့် ဇန်နဝါရီလ ဆန်းပိုင်းကစပြီး ၄၅ ရက်တိုင် လမ်းဖောက်ခဲ့ခြင်းဖြစ်သည်။

လွယ်ပတ်ရွာမှ လမ်းရှိသည့် မန်နောင်ရွာအထိ ၁၅ မိုင်ရှည် သော ယင်းကားလမ်းဖောက်ရာ တွင် ရွာသူရွာသားများက တစ် ရက်လျှင် အင်အား ၆၀ ခန့်ဖြင့် ရောက်သည့်နေရာ၌ တဲထိုးအိပ်ကာနေ့စဉ် ဖောက်လုပ်ခြင်းဖြစ်သည်ဟု မိုင်းထွန်းရွှေက ဆိုသည်။လမ်းဖောက်လုပ်စဉ် စာရေးသောက်ရေးကို ရွာသူရွာသားများနှင့် အလှူရှင်များက ဝိုင်းဝန်းပံ့ပိုးခဲ့သည်။

‘‘လမ်းတော့ပြီးပြီ။ ကားအ မြင့်တွေဆို တက်လို့ရပြီ။ သူများ လာ၊ မလာဆိုတာတော့မသိပေ မယ့် သူတို့အချင်းချင်းတော့လွယ် လွယ်ကူကူသွားလာခွင့်ရပြီ။ ဒါ ကိုပဲကျေနပ်နေတယ်’’ ဟု မိုင်း ထွန်းရွှေပြောသည်။ ရွာသည် ဆင်းရဲနွမ်းပါးသဖြင့် လမ်းစတင် ဖောက်လုပ်ရန်စည်းရုံးစဉ်တွင် ရွာသားများ၏ တောင်ယာသွား ချိန်ထိခိုက်ခြင်းစသည့်အခက်အ ခဲရှိသောကြောင့် ကနဦး၌ ဆိုင် ကယ်လမ်းကို အရင်ဖောက်ခဲ့ပြီး သွားလာမှု လွယ်ကူလျှင်ရရှိသည့် အကျိုးကျေးဇူးကို ရွာသားများ သိရှိသည့်အချိန်တွင်မှ ကားလမ်း ဖောက်လုပ်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယမန်နေ့တွင် ပြုလုပ်သည့် ကားလမ်းဖွင့်ပွဲတွင် လွယ်ပတ်ရွာသူ၊ ရွာသားများ၊အခြားနီးစပ်ရာ ရွာများမှ ရွာသားများစုစုပေါင်း အင်အား ၅၀၀ ခန့်တက်ရောက် အားပေးခဲ့သည်။

‘‘အခုဆိုရွာအထိကားလာ လို့ရပြီ။ သူတို့တွေကုန်ပစ္စည်းကို အရင်ထက်လွယ်လွယ်ကူကူ ရောင်းချနိုင်တော့မယ်’’ ဟု လမ်း ဖောက်ရာတွင်ကျောင်းဆရာနှင့် အတူဦးဆောင်ပါဝင်သည့်မိုင်း အနိုင်ကပြောသည်။ ယင်းရွာအ တွက်ရှမ်းပြည်နယ်အစိုးရက ဆန် ၁၀ အိတ်နှင့် အစားအသောက် အချို့ကို ပြီးခဲ့သည့် ရက်ပိုင်းတွင် ထောက်ပံ့ခဲ့သည်ဟု မိုင်းအနိုင်ကပြောသည်။

တန့်ယန်းမြို့နယ်လွယ်ပတ် ကျေးရွာသည် တန့်ယန်းမြို့အ နောက်ဘက်သုံးနာရီကျော် ကား မောင်းသွားရသည့် နေရာတွင် တည်ရှိကာ အိမ် ၅၀ ခန့်နှင့် လူ ဦးရေ ၄၀၀ ကျော်ရှိသည်။

ယင်းရွာသည် တအာင်း တိုင်းရင်းသားကျေးရွာဖြစ်ပြီး တအာင်းပညာရေးအင်စတီကျူဒ်က ယမန်နှစ်တွင် စတင်ဖွင့်လှစ် ထားသည့် ကိုယ်ထူကိုယ်ထမူလ တန်း ကျောင်းရှိကာ ကျောင်းသား ၆၀ ကျော်ရှိ သည်။ လက်ရှိတွင် နောက်ထပ် ရွာနှစ်ရွာကိုလည်း ကိုယ်ထူကိုယ်ထ ကားလမ်း ဖောက်လုပ်နေသည်။
Ref-7day #Myanmar_Online_News

0 comments:

Post a Comment