Sunday, March 8, 2020

မူးယစ်ဆေးဝါးများ စံချိန်တင်ဖမ်းဆီးခဲ့သဖြင့် အကြမ်းဖက်တိုက်ခိုက်လာနိုင်မှုကို တပ်မတော်က ကြိုတင်ပြင်ဆင်ထားဟုဆို


Image may contain: 5 people, people standing and outdoor
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးနှင့် လွယ်ခန်းဒေသတွင် ကျပ် ၉၃ ဘီလီယံခန့် တန်ဖိုး ရှိသော မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးနိုင်ခဲ့ရာ ယင်းမူးယစ်ဆေးဝါးများနှင့် ဆက် နွယ်နေသော လက်နက်ကိုင်များက အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သဖြင့် တပ်မတော်က ကြိုတင်ပြင်ဆင်ထားကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ ယာယီစုပုံထားရာ ကောင်းခါးဒေသရှိ လွယ်ခန်း ကျေးရွာအနီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ထွန်းထွန်းညီက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့က လုံခြုံရေးအရ သင်ခန်းစာတွေ ရှိတာပေါ့နော်၊ ဒီသင်ခန်းစာတွေအရ ဒီလို ထပ်မဖြစ်ရ အောင် ပိုပြီးတော့ ဂရုစိုက်ရပါတယ်။ ထပ်လုပ်တယ်ဆိုရင် သူတို့ရဲ့ ရပ်တည်ချက်နဲ့ သူတို့ရဲ့ ရည်ရွယ်ချက် ပိုပြီးပေါ်လွင်တာပေါ့။ ထပ်မဖြစ်အောင် အားလုံးဂရုစိုက်ပြီး ဆောင်ရွက်ရမှာပါ။ တပ်မတော်အနေနဲ့ အစစ အရာရာ အားလုံးကို ကြိုတင်တွက်ဆထားပြီး ဆောင်ရွက်ထားပါတယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ဆို သည်။

လွယ်ခန်းကျေးရွာအတွင်း မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများအား ဖော်ထုတ်ဆောင်ရွက်ခဲ့ရာ အဆိုပါစက်ရုံတွင် အလုပ်လုပ်ကိုင်ဖူးသည့် မန်ပြိန်းကျေးရွာ ဒေသခံနှစ်ဦးကို မတ်လ ၅ ရက် နံနက်ပိုင်းက သွားရောက်ဖမ်းဆီးခဲ့ပြီး စိစစ်ဖော်ထုတ်ချက်များအရ မန်ပြိန်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ ဒေသအခေါ် ကြမ်းမလန်းတက်ရေချောင်းအနီးနှင့် ပတ်ဝန်းကျင်နေရာများသည် မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာများဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့် စက်ရုံပိုင်ရှင်မှာ ကွတ်ခိုင်မြို့၊ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သူ ဦးလျှိုပါ့ (ဘ) ဦးလျှိုအယ် ဖြစ်ပြီး တရုတ်လူမျိုး ၁၅၀ ကျော်ခန့်ရှိကာ မူးယစ်ဆေးဝါး စက်ရုံ ၃ ခုကို ၂ လခွဲခန့် လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန်ခန့် တရုတ်နှစ်ကူး မတိုင်ခင် စက်ရုံများ ပိတ်သိမ်းခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်ဒေသမှာ နယ်မြေကျယ်ပြောသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒေသခံ ပြည်သူ့စစ်များ တည်ရှိကြသဖြင့် မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွင် မည်သည့် အဖွဲ့အစည်း ပါဝင်ပတ်သက်နေသည်ကို လတ်တလောပြောကြားနိုင်ခြင်း မရှိသော်လည်း ဥပဒေအထက်တွင် မည်သူမျှ မရှိသဖြင့် ကျူးလွန်သူ မည်သူ့ကိုမဆို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုသည်။

ကောင်းခါးနှင့် လွယ်ခန်းဒေသတွင် ဖေဖော်ဝါရီ ၂၀ ရက်မှ မတ်လ ၅ ရက် နေ့အထိ စိတ်ကြွဆေးပြား သိန်း ၄၃၀ ကျော်၊ ဘိန်းဖြူမှုန့် ၁၂၇ ကီလိုဂရမ် ၊ ICE ၁၂ ကီလိုဂရမ် အပါအဝင် ကျပ် ၉၃ ဘီလီယံခန့်တန်ဖိုးရှိ သော မူးယစ်ဆေးဝါးများကို နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ရာ မူးယစ်ဆေးဝါး စက်ရုံ ၃ ရုံ၏ တည်နေရာကိုပါ ဖော်ထုတ်နိုင်ခဲ့ကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက ပြောကြားသည်။

“ပထမ စက်ရုံက ICE နဲ့ ဆေးပြား ထုတ်တဲ့ စက်ရုံပါ၊ ဒုတိယ စက်ရုံနေရာက ဘိန်းဖြူချက်နေရာဖြစ်ပြီး တတိယက စက်ရုံဟောင်းဖြစ်ပြီး မြေညှိဖျက်ဆီးထားတာ တွေ့ရပါတယ်” ဟု ဗိုလ်ချုပ် အောင်ဇော်အေးက ပြောဆိုသည်။

ယခု ဖမ်းဆီးရသည့် မူးယစ်ဆေးဝါးများမှာ NLD အစိုးရလက်ထက်၌ အများဆုံး ဖမ်းဆီးရမိခြင်းဖြစ်ရာ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အထောက်အကူပြုနိုင်သောကြောင့် DEA နှင့် AFP စသော နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များကို ကျေးဇူးတင်ကြောင်း ဒုတိယတပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ် တိုးရီက ပြောကြားသည်။
Ref ; The Voice
<zawgyi>
မူးယစ်ဆေးဝါးများ စံချိန်တင်ဖမ်းဆီးခဲ့သဖြင့် အကြမ်းဖက်တိုက်ခိုက်လာနိုင်မှုကို တပ်မတော်က ကြိုတင်ပြင်ဆင်ထားဟုဆို
Sunday , March 8 , 2020

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးနှင့် လွယ်ခန်းဒေသတွင် ကျပ် ၉၃ ဘီလီယံခန့် တန်ဖိုး ရှိသော မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးနိုင်ခဲ့ရာ ယင်းမူးယစ်ဆေးဝါးများနှင့် ဆက် နွယ်နေသော လက်နက်ကိုင်များက အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သဖြင့် တပ်မတော်က ကြို တင်ပြင်ဆင်ထားကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ ယာယီစုပုံထားရာ ကောင်းခါးဒေသရှိ လွယ်ခန်း ကျေးရွာအနီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ထွန်းထွန်းညီက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့က လုံခြုံရေးအရ သင်ခန်းစာတွေ ရှိတာပေါ့နော်၊ ဒီသင်ခန်းစာတွေအရ ဒီလို ထပ်မဖြစ်ရ အောင် ပိုပြီးတော့ ဂရုစိုက်ရပါတယ်။ ထပ်လုပ်တယ်ဆိုရင် သူတို့ရဲ့ ရပ်တည်ချက်နဲ့ သူတို့ရဲ့ ရည်ရွယ်ချက် ပိုပြီးပေါ်လွင်တာပေါ့။ ထပ်မဖြစ်အောင် အားလုံးဂရုစိုက်ပြီး ဆောင်ရွက်ရမှာပါ။ တပ်မတော်အနေနဲ့ အစစ အရာရာ အားလုံးကို ကြိုတင်တွက်ဆထားပြီး ဆောင်ရွက်ထားပါတယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ဆို သည်။

လွယ်ခန်းကျေးရွာအတွင်း မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများအား ဖော်ထုတ်ဆောင်ရွက်ခဲ့ရာ အဆိုပါစက်ရုံတွင် အလုပ်လုပ်ကိုင်ဖူးသည့် မန်ပြိန်းကျေးရွာ ဒေသခံနှစ်ဦးကို မတ်လ ၅ ရက် နံနက်ပိုင်းက သွားရောက်ဖမ်းဆီးခဲ့ပြီး စိစစ်ဖော်ထုတ်ချက်များအရ မန်ပြိန်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ ဒေသအခေါ် ကြမ်းမလန်းတက်ရေချောင်းအနီးနှင့် ပတ်ဝန်းကျင်နေရာများသည် မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာများဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့် စက်ရုံပိုင်ရှင်မှာ ကွတ်ခိုင်မြို့၊ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သူ ဦးလျှိုပါ့ (ဘ) ဦးလျှိုအယ် ဖြစ်ပြီး တရုတ်လူမျိုး ၁၅၀ ကျော်ခန့်ရှိကာ မူးယစ်ဆေးဝါး စက်ရုံ ၃ ခုကို ၂ လခွဲခန့် လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန်ခန့် တရုတ်နှစ်ကူး မတိုင်ခင် စက်ရုံများ ပိတ်သိမ်းခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်ဒေသမှာ နယ်မြေကျယ်ပြောသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒေသခံ ပြည်သူ့စစ်များ တည်ရှိကြသဖြင့် မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွင် မည်သည့် အဖွဲ့အစည်း ပါဝင်ပတ်သက်နေသည်ကို လတ်တလောပြောကြားနိုင်ခြင်း မရှိသော်လည်း ဥပဒေအထက်တွင် မည်သူမျှ မရှိသဖြင့် ကျူးလွန်သူ မည်သူ့ကိုမဆို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုသည်။

ကောင်းခါးနှင့် လွယ်ခန်းဒေသတွင် ဖေဖော်ဝါရီ ၂၀ ရက်မှ မတ်လ ၅ ရက် နေ့အထိ စိတ်ကြွဆေးပြား သိန်း ၄၃၀ ကျော်၊ ဘိန်းဖြူမှုန့် ၁၂၇ ကီလိုဂရမ် ၊ ICE ၁၂ ကီလိုဂရမ် အပါအဝင် ကျပ် ၉၃ ဘီလီယံခန့်တန်ဖိုးရှိ သော မူးယစ်ဆေးဝါးများကို နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ရာ မူးယစ်ဆေးဝါး စက်ရုံ ၃ ရုံ၏ တည်နေရာကိုပါ ဖော်ထုတ်နိုင်ခဲ့ကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက ပြောကြားသည်။

“ပထမ စက်ရုံက ICE နဲ့ ဆေးပြား ထုတ်တဲ့ စက်ရုံပါ၊ ဒုတိယ စက်ရုံနေရာက ဘိန်းဖြူချက်နေရာဖြစ်ပြီး တတိယက စက်ရုံဟောင်းဖြစ်ပြီး မြေညှိဖျက်ဆီးထားတာ တွေ့ရပါတယ်” ဟု ဗိုလ်ချုပ် အောင်ဇော်အေးက ပြောဆိုသည်။

ယခု ဖမ်းဆီးရသည့် မူးယစ်ဆေးဝါးများမှာ NLD အစိုးရလက်ထက်၌ အများဆုံး ဖမ်းဆီးရမိခြင်းဖြစ်ရာ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အထောက်အကူပြုနိုင်သောကြောင့် DEA နှင့် AFP စသော နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များကို ကျေးဇူးတင်ကြောင်း ဒုတိယတပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ် တိုးရီက ပြောကြားသည်။
Ref ; The Voice

0 comments:

Post a Comment