Monday, March 16, 2020

NLDပါတီမှ လူနေအိမ်ဝင်ထွက်ပေါက်ကို ပိတ်ဆို့၍ ပါတီရုံးဆောက်လုပ်နေမှုနှင့်ပတ်သက်၍ သတင်းစာရှင်း

Image may contain: 4 people, people standing

လူနေအိမ်ဝင်ထွက်ပေါက်ကို ပိတ်ဆို့၍ ပါတီရုံးမြေနေရာ ဆောက်လုပ်ရန် ဂရမ်ချထားမှုအား သက်ဆိုင်ရာမှ ပယ်ဖျက်ပေးရေးအတွက် ပိတ်ဆို့ခံနေရသူက မတ် ၁၅ ရက် နံနက် ၁၀ နာရီက ပြည်သူ့ပါတီ မန္တလေးတိုင်း ဒေသကြီးရုံး အစည်းအဝေးခန်းမတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည် ။

`` ကျွန်တော်အိမ်က ဒီဝင်ထွက်ပေါက်တစ်ပေါက်ထဲရှိတာ ဒီအပေါက်ကိုပိတ်ပြီး ချမ်းအေးသာစံမြို့နယ် NLD ရုံး ရုံးဆောက်ဖို့ ဂရံချထားပေးပြီးသားဆိုပြီး နေ့ရောညပါ အဆောက်အဦးတွေလာ ဆောက်နေတာ အခု အောက်ခံဖောင် ဒေးရှင်းတောင် ပြီးနေပြီ အရင်က ဒီမြေဟာ ခေတ်အဆက်ဆက်က ပလပ်မြေဖြစ်တဲ့အပြင် ချိုင့်ကြီးဖြစ်နေလို့ ကိုယ့်အိမ်ရှေ့လှပအောင်ဆိုပြီး သိန်း ၄၀၀ လောက်အကုန်ခံပြီး မြေဖို့ထားတာ အခု စည်ပင်ကပါ ပေ ၇၀ လောက်ရှိတဲ့ အမှိုက်ကန်ကိုလည်း နေ့ရောညရော လာလုပ်နေတာ ခုတော့ ကျွန်တော်တို့မိသားစုတွေ ကိုယ့်အိမ်ကို ဘယ်လိုမှ ဝင်ထွက်လို့မရတော့ဘူး ကျော်ခွဝင်မယ်ဆိုပြန်လည်း စီမံကိန်းမြေဖို့ မကျူးကျော်ရပြန်ဘူးတယ် အခုအချိန်မှာတော့ ကျွန်တော်တို့ ကိုယ့်အိမ်ကိုယ့်ယာထဲကို ဘယ်လိုမှ ဝင်ထွက်လို့ကိုမရအောင် အခက်အခဲဖြစ်နေတာ ဒါနဲ့ပတ်သက်လို့ နိုင်ငံတော်အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်တို့ သိစေချင်လို့ အခုလို သတင်းစာရှင်းလင်းပွဲလုပ်တာပါ ''နေအိမ်ပိုင်ရှင် ဦးကျော်ထင်က ပြောသည် ။
အဆိုပါမြေကွက် ဝင်ထွက်ပေါက်ရှေ့တွင် ချမ်းအေးသာစံမြို့နယ် NLD ရုံး တည်ဆောက်နေခြင်းနှင့် စည်ပင်သာယာမှ အမှိုက်ကန်တည်ဆောက်နေသည့် ကိစ္စများနှင့်ပတ်သက်၍ ဦးကျော်ထင်က မတ် ၁၀ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ တင်ပြတိုင်ကြားထားကြောင်း သိရသည် ။
`` ဒီပလပ်မြေကို ပွင့်လင်းမြင်သာမှုမရှိဘဲ ပါတီရုံးမြေနေရာ ပေးတာကိုတော့ ကျွန်တော်တို့က ကန့်ကွက်ပါတယ် မန္တလေးမှာက ပါတီတွေအများကြီးရှိတဲ့ တစ်ချို့ပါတီတွေက နေရာငှားအခမ်းငှားပြီးလုပ်နေကြတာ ဒီပါတွေတွေတိုင်ကိုရော ရုံးမြေနေရာပေးနိုင်မလား ဒါမှမဟုတ် ကျုးကျော်နေအိမ်တွေပါလို့ ဆိုပြီး ဖယ်ထုတ်ခံထားရတဲ့ မိသားစုတွေရှိတယ် ဒီအတွက်ရောပေးနိုင်မလားလို့မေးချင်တယ် ´´ ပြည်သူ့ပါတီ မန္တလေးတိုင်းဒေသကြီး ဥက္ကဌ ဦးကျော်ကျော်စိုးက ပြောသည် ။
Image may contain: outdoor
Image may contain: text
Image may contain: outdoor, text and nature
Source-ဇေယျာတိုင်းမ် #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment