Monday, March 16, 2020

ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်း-စေတီပြင်သွား ကားလမ်းပေါ်ရှိ သံကူကွန်ကရစ် တံတားအား AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က မိုင်းခွဲဖျက်ဆီး


No photo description available.
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အောင်ဘကျေးရွာအနီး ညောင်ချောင်း- စေတီပြင်သွား ကားလမ်းပေါ်ရှိ အရှည် ၂ဝ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၅ ပေရှိ သံကူကွန်ကရစ် တံတားအား AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက ယနေ့ မတ်လ၁၆ ရက် နံနက် ၁ နာရီခွဲခန့်တွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ တံတားကြမ်းခင်း ၂ ပေပတ်လည်ခန့် ပေါက်ပြဲပျက်စီးခဲ့ပြီး တံတားအောက် ကွန်ကရစ်လောင်းရာမှ ကျန်ရှိသော သုံးထပ်သားပြားနှင့် တံတားကြားတွင် မိုင်းခွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းနေရာမှ ဝိုင်ယာကြိုး အစအနများနှင့် ၁ ပေပတ်လည် သွပ်ပြားအဝိုင်းနှစ်ချပ်တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်အုပ်ချုပ်မှု ယာဉ်တန်းများ၊ ရိက္ခာပို့ရေယာဉ်များ၊ စီမံကိန်းပစ္စည်းပို့ ရေယာဉ်များအပြင် ရဲစခန်းများနှင့် ရဲတပ်ရင်းများအား မိုင်းထောင်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့် အပြင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အဖျက်အမှောင့် လုပ်ငန်းများ ကျူးလွန်လာသည်ကို တွေ့ရှိရသည်။

အဆိုပါနယ်မြေတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းမြား ဆောငျရှကျလကြျရှိကွောငျး သတငျးရရှိသညျ။
Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
>>Zawgyi<<
ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်း-စေတီပြင်သွား ကားလမ်းပေါ်ရှိ သံကူကွန်ကရစ် တံတားအား AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က မိုင်းခွဲဖျက်ဆီး
Monday, March 16, 2020

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အောင်ဘကျေးရွာအနီး ညောင်ချောင်း- စေတီပြင်သွား ကားလမ်းပေါ်ရှိ အရှည် ၂ဝ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၅ ပေရှိ သံကူကွန်ကရစ် တံတားအား AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက ယနေ့ မတ်လ၁၆ ရက် နံနက် ၁ နာရီခွဲခန့်တွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ တံတားကြမ်းခင်း ၂ ပေပတ်လည်ခန့် ပေါက်ပြဲပျက်စီးခဲ့ပြီး တံတားအောက် ကွန်ကရစ်လောင်းရာမှ ကျန်ရှိသော သုံးထပ်သားပြားနှင့် တံတားကြားတွင် မိုင်းခွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းနေရာမှ ဝိုင်ယာကြိုး အစအနများနှင့် ၁ ပေပတ်လည် သွပ်ပြားအဝိုင်းနှစ်ချပ်တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်အုပ်ချုပ်မှု ယာဉ်တန်းများ၊ ရိက္ခာပို့ရေယာဉ်များ၊ စီမံကိန်းပစ္စည်းပို့ ရေယာဉ်များအပြင် ရဲစခန်းများနှင့် ရဲတပ်ရင်းများအား မိုင်းထောင်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့် အပြင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အဖျက်အမှောင့် လုပ်ငန်းများ ကျူးလွန်လာသည်ကို တွေ့ရှိရသည်။

အဆိုပါနယ်မြေတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment