Friday, March 13, 2020

အမေရိကန်သမ္မတ ထရမ့် COVID-19ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာ

Image may contain: 3 people, suit

အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြန်ဆန်မြင့်မားလာတာကြောင့် သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၃ ရက်နေ့မှစ၍ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုကဲ့သို့ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာလိုက်တဲ့အပြင် ပြည်ထောင်စု ရန်ပုံငွေထဲက အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ကို ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ထုတ်သုံးသွားဖို့ ခွင့်ပြုပေးလိုက်ကြောင်းလည်း သိရသည်။
COVID -19 ဗိုင်းရပ်စ် တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေထဲမှာ အမေရိကန် လုပ်ငန်းကြီးတွေလည်း ပူးပေါင်းပါဝင်သွားမှာဖြစ်တယ်လို့လည်း ဆက်ပြောသွားခဲ့ပြီး ဝေါလ်မတ်က အမှုဆောင်ချုပ် ဒိုးမက်မီလန်က တစ်နိုင်ငံလုံးက ဝေါလ်မတ်ရဲ့ ကားရပ်နားတဲ့ နေရာတွေမှာ ရောဂါရှိမရှိ စမ်းသပ်မှုတွေ လုပ်သွားဖို့ သဘောတူထားသလို ဂူးဂဲလ်ကလည်း တစ်စုံတစ်ယောက်ကို ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ရှိမရှိ စမ်းသပ်ဖို့ လိုလား၊ မလိုဘူးလားဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ အထောက်အကူပေးမယ့် ဝက်ဘ် ဆိုက်တစ်ခုကို ဖန်တီးသွားမယ်လို့ သိရသည်။
ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက် ရရှိတဲ့ စာရင်းတွေအရ အမေရိကန် ပြည်ထောင်စုမှာ တစ်ရက်အတွင်း ကူးစက်သူ ၅၇၂ ယောက် ရှိခဲ့တာကြောင့် စုစုပေါင်း ကူးစက်သူ ၂၂၆၉ ယောက် ရှိလာပြီဖြစ်ကာ သေဆုံးသူကလည်း တစ်ရက်အတွင်း ခုနစ်ယောက်တိုးလာပြီး စုစုပေါင်း ၄၈ ယောက် ရှိသွားပြီဖြစ်ကြောင်း သိရပါသည်။
Image may contain: 2 people
Image may contain: 1 person
Source: Reuters
>>Zawgyi<<
အမေရိကန်သမ္မတ ထရမ့် COVID-19ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာ
Saturday , March 14 ,2020

အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြန်ဆန်မြင့်မားလာတာကြောင့် သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၃ ရက်နေ့မှစ၍ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခုကဲ့သို့ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာလိုက်တဲ့အပြင် ပြည်ထောင်စု ရန်ပုံငွေထဲက အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ကို ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ထုတ်သုံးသွားဖို့ ခွင့်ပြုပေးလိုက်ကြောင်းလည်း သိရသည်။
COVID -19 ဗိုင်းရပ်စ် တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေထဲမှာ အမေရိကန် လုပ်ငန်းကြီးတွေလည်း ပူးပေါင်းပါဝင်သွားမှာဖြစ်တယ်လို့လည်း ဆက်ပြောသွားခဲ့ပြီး ဝေါလ်မတ်က အမှုဆောင်ချုပ် ဒိုးမက်မီလန်က တစ်နိုင်ငံလုံးက ဝေါလ်မတ်ရဲ့ ကားရပ်နားတဲ့ နေရာတွေမှာ ရောဂါရှိမရှိ စမ်းသပ်မှုတွေ လုပ်သွားဖို့ သဘောတူထားသလို ဂူးဂဲလ်ကလည်း တစ်စုံတစ်ယောက်ကို ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ရှိမရှိ စမ်းသပ်ဖို့ လိုလား၊ မလိုဘူးလားဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ အထောက်အကူပေးမယ့် ဝက်ဘ် ဆိုက်တစ်ခုကို ဖန်တီးသွားမယ်လို့ သိရသည်။
ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက် ရရှိတဲ့ စာရင်းတွေအရ အမေရိကန် ပြည်ထောင်စုမှာ တစ်ရက်အတွင်း ကူးစက်သူ ၅၇၂ ယောက် ရှိခဲ့တာကြောင့် စုစုပေါင်း ကူးစက်သူ ၂၂၆၉ ယောက် ရှိလာပြီဖြစ်ကာ သေဆုံးသူကလည်း တစ်ရက်အတွင်း ခုနစ်ယောက်တိုးလာပြီး စုစုပေါင်း ၄၈ ယောက် ရှိသွားပြီဖြစ်ကြောင်း သိရပါသည်။
Source: Reuters

0 comments:

Post a Comment