Thursday, May 1, 2014

တန်ပြန်တိုက်စစ်ကစားဖို့ပဲ ကျွန်တော်တို့ ပြင်ဆင်ခဲ့တာပါ-----ဟာဇတ်


ချဲလ်ဆီး တောင်ပံကစားသမား ဟာဇတ်က အက်သလက်တီကိုကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် နည်းပြ မော်ရင်ဟို အသုံးပြုခဲ့သည့် နည်းဗျူ ဟာကို ဝေဖန်သွားခဲ့သည်။ ချဲလ်ဆီးသည် ပွဲချိန် (၃၈)မိနစ်တွင်
တောရက်စ်၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပထမပိုင်း မပြီးဆုံးမီ ချေပဂိုး ပြန်ပေးခဲ့ရပြီး ဒုတိယပိုင်းတွင် နှစ်ဂိုးထပ်ပေးခဲ့ရသည်။

ဟာဇတ်က “ဂိုးရပြီးတဲ့နောက်မှာ ကျွန်တော်တို့ ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်း ဘာလိုအပ်ချက်တွေ ရှိခဲ့လဲဆိုတာ မသိပါဘူး။ အက်သလက်တီကိုက နောက်တစ်ဆင့်တက်ဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့က ဘောလုံး ကစားဖို့ထက် တန်ပြန်တိုက်စစ်ကစားဖို့ပဲ ပြင်ဆင်ခဲ့တာပါ။ ပထမပိုင်း မပြီးခင် ချေပဂိုး ပြန်ပေးခဲ့ရတာက ကျွန်တော်တို့ကို အထိနာစေခဲ့ပါတယ်”ဟု ပြောခဲ့သည်။
အက်သလက်တီကိုကို ရှုံးခဲ့ရခြင်းကြောင့် ချဲလ်ဆီးမှာ ချန်ပီယံလိဂ်တွင် ဆီမီးဖိုင်နယ် (၅)ကြိမ် ရှုံးနိမ့်ခဲ့ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ပရီးမီးယားလိဂ် ဖလားမရပါက မော်ရင်ဟိုအနေဖြင့် ၎င်း၏နည်းပြဘ၀တွင် ပထမဆုံးအကြိမ် နှစ်ရာသီဆက် ဖလားလက်မဲ့အခြေအနေ ကြုံတွေ့ရမည်ဖြစ်သည်။
@z (ရိုးရာလေး)

0 comments:

Post a Comment